Thursday, 6 June 2013

M-JavaScript Lesson 9

 
သင်ရေးထားတဲ့ ကုတ်တွေကို အလုပ်လုပ်မလုပ် သို့မဟုတ် အဖြေက ဘာလဲ လို့ စမ်းချင်တယ် ဒီလိုအခါမျိုးမှာ return ကိုသုံးတယ်၊ သိပ်တော့ အသုံးမ၀င်လှဘူး၊ နို့ပေမယ့် JavaScript ထဲပါနေတော့ သင်ပေးရတာပေါ့၊  သူကလဲ အရှေ့သင်ခန်းစာမှာသင်ခဲ့တဲ့အတိုင်း ပါပဲ function နဲ့ တွဲသုံးတာပါ၊ အောက်က ဥပမာကိုကြည့်ပါ၊
အထက်က ကုတ်မှာ function bookie ( x , y ) ဆိုပြီး parameter နှစ်ခု သတ်မှတ်ထားတယ်၊ ပြီးတော့ curly bracket ထဲမှာ variable တစ်ခုထပ်ပြီးသပ်မှတ်တယ်၊ အဲ့ဒီ့ variable ရဲ့နာမည်က z ၊ သူ့ရဲ့တန်ဖိုးက x နဲ့ y ကိုပေါင်းရင်ရမယ့်တန်ဖိုး၊  ပြီးရင် return z; ဆိုပြီး အဖြေဖြစ်မယ့် variable z ကို အဖြေထုတ်ခိုင်းထားတယ်၊ လွယ်လွယ်လေးပါ၊
အောက်မှာတော့ bookie ( 3 , 6 ); လို့ရေးထားတယ်၊ 3 က parameter x ရဲ့တန်ဖိုးဖြစ်သွားပြီး 6 က parameter y ရဲ့တန်ဖိုးပါ၊  အထက်က ကုတ်ကို Run လိုက်ရင် အဖြေမထွက်ဘူး အကြောင်းက အဖြေမထုတ်သေးလို့ အောက်မှာအဖြေထုတ်ဖို့အတွက် function ကို ခေါ်မယ့် bookie ( 3 , 6 ); ကို document.write ရဲ့ ဂွင်းစ ဂွင်းပိတ်ထဲကိုထည့်မယ်၊
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် အဖြေ 9 ကိုရမယ်၊ အဲ့ဒါကတော့ return လုပ်တဲ့အဖြေပါ၊ ဒီနည်းကိုလဲ return လုပ်တယ်လို့ခေါ်တယ်၊  အသုံးမများလို့ ထပ်မရှင်းတော့ဘူး၊ အထက် က ကုတ်ကိုလေ့လာကြည့်ရင် သဘောသေချာပေါက်သွားမှာပါ၊

                                     ............မူရင်းလင့် ............
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

0 comments:

Post a Comment