Sunday 30 June 2013

Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက်

Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက် Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်.. အရင်က Myanmar Unicode - Myanmar 1, Myanmar 2 နဲ့ Myanmar 3 တွေကို အစိုးရဌာနတွေမှာသာ အသုံးပြုခဲ့ပါတယ်.. Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာပြီးတဲ့နောက် Google က မြန်မာ Unicode ကို အသုံးပြုလာခဲ့ပါတယ်. အစိုးရဌာနတွေရဲ့ Web Page တွေအားလုံးမှာလည်း Myanmar 3 Unicode ကိုပဲသုံးပါတယ်.. နောက် အစိုးရဌာနတွေရဲ့ ရုံးသုံးစာတွေအားလုံးကို Myanmar 3 ပဲ အသုံးပြုနေတာဖြစ်တဲ့အတွက် DTP သမားတွေ၊ စာစီစာရိုက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေ ဟာ Myanmar 3 ကို မရိုက်တတ်လို့မရတော့လောက်အောင် အရေးပါလာပါတယ်.. ဒါကြောင့် Myanmar 3 Unicode ရဲ့ ကီးဘုတ်ကို လေ့ကျင့်လို့ရအောင် Whizzo က ထုတ်လုပ်တဲ့ Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ...

Download=> Link 1 / Link 2
 Myanmar ITHelper

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

မျိုးဆက်သစ် အွန်လိုင်းပရဟိတအဖွဲ့ အလှုရှင်စာရင်းနဲ့ အလှုငွေများ

 ဒါလေးကတော့ ကျွန်တော်နဲ့ မောင်စွယ်စုံကျမ်းတို့ စတင်ပြီး  ပထမ  ဘာသာရေးဆိုဒ်လေးတွေ ဒိုမိန်းလှူရာကနေ..နောက်တော့ မျိုးဆက်သစ် အွန်လိုင်းပရဟိတ ဆိုပြီး အဖွဲ့လေးဖွဲ့စည်းတဲ့ထိပေါ့....
သည်နေ့ ထိ ခုလို ပါဝင်လှူဒါန်းထားတဲ့... စာရင်းဇယားတွေကို  ညီလေး မောင်စွယ်စုံကျမ်းမှ...စနစ်တကျ
သေခြာ ရှင်းတမ်းထုတ်ထားတဲ့ အခြေနေလေးပါ.... အားလုံးကိုလည်း ပရဟိတလေးအတွက် ဖိတ်ခေါ်လိုက်ပါတယ်နော်....
ဘလော့ခရီးသည်

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Keymaker All Antivirus Daily Updated Key Maker 2013 v1.5 (2.88 MB)

နာမည်ကြီး Antivirus programတွေဖြစ်တဲ့AVAST ,AVG, Avira, 
Eset ,KASPERSKY,Dr.Web နဲ့ Malwarebytes Anti-Malware ,etc 
အစရှိသော Antivirus program တို့ရဲ့နေ့စဉ်ထွက်
လိုင်စင်ကီးများကိုရှာဖွေပေးနိုင်တဲ့ Keymaker All Antivirus Daily
 Updated Key Maker 2013 v1.5 လေးတွေ့လို့တင်ပေးလိုက်ပါတယ်ခင်ဗျာ

ကျွန်တော့်ကို တုံးတယ်လို့ဘဲပြောပြော အံ့တယ်လို့ဘဲပြောပြောဗျာ
ဒီလိုနာမည်ကြီး Antivirus program တွေအားလုံးရဲ့ကီးတွေကိုရှာဖွေပေးတဲ့
Keymaker မျိုးတခါမှမတွေ့ဘူးသေးတာအမှန်ပါ...ခုမှဘဲတွေ့ဘူးတော့တယ်
တွေ့တယ်ဆိုတာကလဲ သူငယ်ချင်းတယောက်ကို KASPERSKY လေးရှာပေးရင်းနဲ့မထင်
မှတ်ဘဲသူ့ကိုသွားတွေ့တာပါ....တွေ့တော့ အံ့သြသွားတယ် ဒီလိုမျိုးငါတခါမှမတွေ့ဘူးသေး
ဘူးပေါ့....ဒါနဲ့ဆွဲပြီးကလိကြည့်တာ ဟုတ်ဘဲ Daily Updated Key တွေအားလုံးကို
ရှာပေးနိုင်တာပါ..... Antivirus လိုင်စင်ကီးလိုက်ရှာနေရတဲ့သူတွေအတွက် တော်တော်
လေးကိုအဆင်ပြေသွားတာပေါ့ဗျာ......ဘာမှလဲလုပ်စရာမလိုပါဘူး Keymaker.exe
လေးကို ၂ချက်နှိပ်ဖွင့်ပြီး update key တွေကိုဒေါင်းလိုက်ယုံပါဘဲ.....ပြီးတော့လိုတဲ့ကီးတွေကို
ထည့်လိုက်ပေါ့ဗျာ...အားလုံးအဆင်ပြေကြပါစေဗျာ
ကဲလိုအပ်တဲ့သူတွေအောက်မှာယူသွားလိုက်ပါခင်ဗျာ
Download>>>>>datafilehost
ဒေါင်းလော့ယူနည်းအောက်ကပုံကိုကြည့်ပေးပါ
 All Antivirus Daily Updated Key ယူနည်းကိုအောက်မှာလေ့လာနိုင်ပါတယ်

အရင်ဆုံး ဒေါင်းလော့ဖိုင်ထဲမှာပါလာတဲ့ Keymaker.exe
 လေးကို ချက်နှိပ်ဖွင့်လိုက်ပါ......ပြီးရင်အောက်က ပုံစံအတိုင်းပွင့်လာပါမယ်..
.ပြီးရင်မျှားပြထားတဲ့နေရာကိုတချက်နှိပ်ပေးလိုက်ပါ
ပြီးရင်အောက်ကပုံစံအတိုင်း Download All Antivirus keys ကိုနှိပ်ပေးလိုက်ပါ
ခဏနေ ဒေါင်းလော့ကျလာပါလိမ့်မယ်
ကဲဒေါင်းလော့ကျလာပါပြီဆွဲပြီး လိုရာကီးတွေကိုရွေးထည့်နိုင်ပါပြီးခင်ဗျာ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

ဖိုင်တွေကို အမြန်ဆန်ဆုံးကူးချင်သူတွေအတွက် ExtremeCopy 2.3.3 (x86/x64)

 6လပိုင်း 30ရက်နေမှာ ထွက်ရှိလာတဲ့ ExtremeCopy အသစ်လေးပါ
ExtremeCopy အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်နောက်ဆုံးထွက်လေးပါ
ဒါကတော့ တော်တော်များများသိမှာပါ ကွန်ပျူတာမှာ ဖိုင်တွေ အလွဲအပြောင်း ကော်ပီလုပ်တဲ့အခါ
မြန်မြန်ဆန်ဆန် ကူးနိုင်အောင် ပြောင်းနိုင်အောင် အထောက်ပံပေးတဲ့ဆောစ့်ဝဲလ်လေးပါ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
 
Dwonload>>>>zippyshare (or)datafilehost(or)trunkize
လိုင်စင်ထည့်တဲ့အချိန် အင်တာနက်လေးခဏပိတ်ထားပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

MC Burner v1.7.0.0 Portable for Windows XP/7/8 (9.65 Mb)

ဒီဆောစ်ဝဲလ်လေးကတော့ Data တွေ သီချင်းတွေ ရုပ်ရှင်တွေကို 
အလွယ်တကူ CD/DVD ခွေပေါ်မှာ high-quality အနေနဲ့ Burner လုပ်နိုင်ပါတယ် 
အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့သူတွေအတွက် ရည်ရွှယ်ပါတယ် 
Portable ဆိုတော့ Install လုပ်စရာမလိုဘဲ  ဆော့ဝဲကို Memory Card တွေ Memory Stick တွေထဲမှာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ 
MC Burner v1.7.0.0 Portable for Windows XP/7/8 ကိုအသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
Download>>>>zippyshare (or)datafilehost
 မောင်တလုံးမှ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

ဆော့ဝဲလ်တွေကို adf.ly ဖြင့်ခံပြီး ဒေါင်းလုပ်တင်ပေးနည်း

 မင်္ဂလာပါမိတ်ဆွေ... ကျွန်တော် သည်နေ့ ရေးသားမဲ့ နည်းပညားကတော့... ဆော့ဝဲလ်တွေကို ကြာရှည်ခံဖို့ဆိုပြီး  ဘလော့ကာတွေ တင်တင်နေတဲ့ adf.ly လေးနဲ့ကြားခံပေးနည်းလေးဖြစ်ပါတယ်..
ဒါကတော့ တတ်သိထားတဲ့ ဘလော့ကာတွေအတွက်တော့ မဟုတ်ပါဘူးး  ကျွန်တော် တောင်ခုဘဲ 
သိလို့ တတ်လို့  ပြန်မျှဝေနိုင်ခြင်းဖြစ်ပါတယ်... ပညာဆိုတာ သည်လိုပါဘဲ... တတ်သူတွေဆီကနေ တဆင့်ပြန်လည် သင်ယူလေ့လာရင်း  စိတ်စေတနာပါပါနဲ့ ပြန်လည် မျှဝေရတာပေါ့..ဒါမှလဲ
ကျွန်တော်တို့ အနာဂါတ် မျိုးဆက်သစ်လူငယ်တွေအတွက် တောက်ပြောင်လာမယ်လေ....
ကဲ... ကျွန်တော်... သိတာလေးကို ချက်ချင်းဘဲ ပြန်လည် မျှဝေလိုက်ပါတယ်...

ပထမဆုံး အနေနဲ့    သည်နေရာကို    ( https://adf.ly/ )  သွားလိုက်ပါ။

 အဲမှာ  အကောင့်ဖေါင့်ရမှာ ဖြစ်ပါတယ်...နော်... အဲအတွက် အပေါ်ပုံပြထားသလို...
Join Now ဆိုတာလေးကို ကလစ်လိုက်ပါ။
ခုလိုဇယားလေးကျလာမှာဖြစ်ပါတယ်.. ဒါဆို မိမိတို့ လိုအပ်သလို ဖြည့်ပေးလိုက်ပါနော်... ပြီးတာနဲ့
Join  ဆိုတာကိုကလစ်ပြီး  သွားလိုက်ပါ  သင်တို့အတွက်  adf.ly မှာ ကိုယ်ပိုင်အကောင့်တစ်ခု ရပါပြီ။
ဆက်လက်ပြီး   ဆော့ဝဲလ်တွေကို တင်ကြမယ်..ကြားခံကြမယ်ဆိုရင်တော့... အောက်မှာ ဆက်ကြည့်ပါ

မိမိတို့အနေနဲ့  သည်နေရာကိုဝင်တော့မယ်ဆို လုပ်ထားတဲ့ အကောင့်နဲ့ sing  in ၀င်လိုက်ပါ...၀င်တာနဲ့
အပေါ်ကပုံလို ကျလာမှာဖြစ်ပါတယ်... ဒါဆို မိမိတို့ ကြားခံအဖြစ်ပေးခြင်တဲ့ ဆော့ဝဲလ်တစ်ခုခုရဲ့ ဒေါင်းလင့်ကို ထည့်ပေးလိုက်ရုံပါဘဲနော်... အရမ်းကိုလွယ်ကူမြန်ဆန်စေတဲ့ နည်းပညာလေးတစ်ခုပါ... လုပ်ကြည့်လိုက်ပါနော်....
ဥပမာ တစ်ခုအနေနဲ့ firefox 12 ရဲံ့ဒေါင်းလင့်နဲ့ ဥပမာတင်ပြလိုက်ပါ့မယ်...
ဒါကတော့ Firefox 12 ရဲ့ဒေါင်းလင့်ပါ 
http://www.mediafire.com/?nu8naa6sdx474le
ဒါလေးကို အပေါ်ပုံပြထားသလို shrink ဆိုတဲ့အကွက်လေးထဲ ထည့်ပေးလိုက်ပါ...နောက်ပြီးတာနဲ့
shrink ဆိုတာလေးကို ကလစ်ပေးလိုက်ပေါ့.... အိုကေပါပြီ.... မိမိတို့ ဆိုဒ်တွေပေါ် ကြားခံအဖြစ်
တင်ပေးရမည့် လင့်ကိုရပါပြီဗျာ....

ကဲတွေ့ပြီနော်  ယူလို့ရတဲ့ လင့်လေးကျလာပါပြီ.. copy  ဆိုတာလေးကလစ်လည်း ရပါတယ်..
အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းးဗျာ.... ခုရလာတဲ့ လင့်လေးကို ကော်ပီယူပြီး
ဒေါင်းဖို့အတွက် တင်ပေးလိုက်ပါတော့နော်...ဒါဆို skip ဆိုပြီး ခဏစောင့် ကလစ်ဒေါင်းရတဲ့
ပုံစံလေးအတိုင်း ရနေပါပြီနော်.... စမ်းကြည့်လိုက်ပါနော်... ခုလိုနည်းလေးကို သင်ပေးတဲ့ 
ကျွန်တော့်ရဲ့ ညီလေး  ITHelper ကိုလည်းအထူးကျေးဇူးတင်ကြောင်း....
ညီလေးးရေ...မွမွမွ....
ဒါများးးးခက်လားလို့...အကိုပို့စ်ရေးတင်တာတောင် ပုံတွေ ထုတ်တာနဲ့ စာစီတာနဲ့  ၆ မိနစ်နဲ့  ၃၂ စက္ကန့်ဘဲကြာပါတယ်..နော်....ဟတ်ဟတ်ဟတ်...ေိေိ ..ဗျဲ...

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Wireless Network သို့မဟုတ် Bluetooth ဆိုသည်မှာ

bluetooth ဆိုသည်မှာ Personal Area Network (PANS)တွင်သုံးတဲ့power အသုံးပြုမှု နည်းသည့် Short Range အကွာဝေးWireless နည်းပညာတစ်ခုဖြစ်ပါတယ်။Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က
Swedish Telecom မှဖြစ်ပါတယ်။Bluetooth Technology မတူညီသောပစ္စည်းများကြား တွင် ပေါင်းစည်းအလုပ် လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။

Bluetooth Network

Bluetooth Network များသည် 2.45GHz ရှိသောRadio Frequencyကို အသုံးပြုထားသောကြောင့် Wifi Network, Cordless Phone,Microwave Ovenများတွင်အသုံးပြုသောFrequency နှင့်ဆ တူပင်ဖြစ်ပါ တယ်။ Bluetoothပစ္စည်းများကိုမီတာ (၃၂ပေ) အတွင်း တွင်သာအသုံးပြုနိုင် Data Rate မှာ 300kbps ရရှိမည်ဖြစ်သည်။နံရံများကို ပါ ကျော်ဖြတ် သွားနိုင်သောကြောင့် မိမိပို့ ချင်သောDevice ရှိရာ အလွယ်တကူပို့နိုင်။ Bluetooth ပစ္စည်း တစ်ခုနှင့်တစ်ခုချိတ်ဆက်မိဖို့ရန်အတွက် High Level Protocols ဟုခေါ်သော Profiles များလိုအပ်ပါတယ်။

ဥပမာ- Mobile Phoneနှင့်Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်Headsetကိုသုံးဖို့လိုအပ်ပါတယ်။ Digital Camera မှဓါတ်ပုံကိုBluetoothနှင့်ထုတ်ရန်Printer နှင့် လှမ်းချိတ်တဲ့အခါ Printer Headset ကိုသုံးရ။ ထိုနည်းတူSmart Phone ,PDA, Camera,Computer များတွင် ဖိုင်အချင်းချင်းဖလှယ်ကြသောအခါ တွင် File Transfer Profiles ကိုသုံးရပါတယ်။

Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကိုအလိုအလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ် တကူသယ်ယူသွားနိုင်သောWireless Network တစ်ခုပင်ဖြစ်သည်။ Bluetoothပစ္စည်းများသည် တစ်ခုနှင့် တစ်ခု Bridge လုပ်ကာချိတ်ဆက်တက်ကြပါတယ်။

Bluetooth Network သည် Static မဟုတ်ပဲ Dynamic ဖြစ်သည်။ Bluetoothသုံးရာတွင် privacy နှင့် security မှာ အရေးပါသည်။ Authentication ဆိုတာdata ဖလှယ်သည့်အခါ ခွင့်တောင်းသည့်သဘောဖြစ်ပါတယ်။ဥပမာ-Bluetoothဖြင့်ဓါတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံ မလား ဟူသောအပိုင်းသည်
(Authentication) ပင်ဖြစ်သည်။Data ပမာဏ များများ ဖလှယ်ရမည်ဆိုရင်တော့Authentication နှင့်မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သောpairing ပါလိုအပ်လာပါတယ်။

pair လုပ်ချင်သူဘက်မှ အခြားသူ ၏ PIN(Personal Identification Number)ကို ရိုက်ထည့်ပေးရသည်။ထိုအခါ တခြားဘက်မှလက်ခံ ရရှိပြီး PIN မှန်လျှင်၎င်းပစ္စည်း (2)ခု pairဖြစ်သွားမည်ဖြစ်သည်။

Bluetooth Network လုံခြုံရေး

Bluetooth များတွင် Blue Jacking နှင့် Blue snarling တို့ဖြင့်နှောက်ယှက်မှု များဖြစ် တက်ပါတယ်။ထိုအပြင့် mobile virus  အချို့သည် လည်း Bluetooth Networkမှတဆင့် ပျံ့နှံ့တက်ကြပါတယ်။ထိုသို့ဖြစ် ရခြင်း အကြောင်းကတော့ Bluetooth Network ထဲမှနီးရာပစ္စည်း များ ကု Detect လုပ်ကာ Virus များဝင်ရောက် ပျံ့နှံ့ခြင်းဖြစ်ပါတယ။် ၄င်း Virus များသည် Dataကိုသော်လည်းကောင်း၊ပစ္စည်း ကိုသော်လည်းကောင်း ဖျက်ဆီး တက်ကြပါတယ်။

ဒါကြောင့် Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန်လိုအပ်ပါတယ်။ထို့အပြင် Antivirus နှင့် Firewall တို့ကို အသုံးပြုခြင်းဖြင့် လည်း ကာကွယ်သင့်ပါတယ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Rar file တွေ နဲ့ Zip file တွေ password ပြန်ဖြုတ်ဖို့အတွက်

Rar file နဲ့ Zip ဖိုင်တွေ မှာ password တွေ ခံထားတာတွေ ရှိပါတယ်
အကယ်၍ password မသိဘူးဆိုရင်တော့ အခုကျွန်တော်တင်ပေးလိုက်တဲ့
ဆော့ဝဲလေးတွေ နဲ့သုံးကြည့်ပါ . အားလုံးရမယ်တော့
အာမမခံနိုင်ပါဘူး...ဒါပေမယ့် အများစုရပါတယ်.. အချိန်တော့ပေးရမယ်နော်...

http://shwekoyantaw.blogspot.com/2012/09/raa.html မှ ပြန်လည်မျှဝေသည်..

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

47 Keyboard Shortcuts That Work in All Web Browsers

browser keyboard shortcuts header

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Internet browsers တွေအားလုံးမှာ အသုံးပြုလို့ရမယ့် Keyboard shortcuts လေးတွေမျှဝေ ပေးလိုက်ပါတယ်။ Internet browsers တွေအားလုံးမှာ အသုံးပြုလို့ရတယ်ဆိုတော့ အဆင်ပြေပါတယ်ဗျာ။ အားလုံးအဆင်ပြေပါစေဗျာ။

Tabs

Ctrl+1-8 – Switch to the specified tab, counting from the left.
Ctrl+9 – Switch to the last tab.

Ctrl+Tab – Switch to the next tab – in other words, the tab on the right. (Ctrl+Page Up also works, but not in Internet Explorer.)
Ctrl+Shift+Tab – Switch to the previous tab – in other words, the tab on the left. (Ctrl+Page Down also works, but not in Internet Explorer.)
Ctrl+W, Ctrl+F4 – Close the current tab.
Ctrl+Shift+T – Reopen the last closed tab.

Ctrl+T – Open a new tab.
Ctrl+N – Open a new browser window.
Alt+F4 – Close the current window. (Works in all applications.)

Mouse Actions for Tabs

Middle Click a Tab – Close the tab.
Ctrl+Left Click, Middle Click – Open a link in a background tab.
Shift+Left Click – Open a link in a new browser window.
Ctrl+Shift+Left Click – Open a link in a foreground tab.

Navigation

Alt+Left Arrow, Backspace – Back.
Alt+Right Arrow, Shift+Backspace – Forward.
F5 – Reload.
Ctrl+F5 – Reload and skip the cache, re-downloading the entire website.
Escape – Stop.
Alt+Home – Open homepage.

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Window 7 Compatibility Feature အကြောင်းသိကောင်းစရာ (မြန်မာလို)

အားလုံးပဲမင်္ဂလာပါခင်ဗျ။ ဒီနေ့တော့ Window 7 Compatibily Feature အကြောင်းသိကောင်းစရာ စာအုပ်လေးတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Window XP ကနေ Window 7 ပြောင်းသုံးတဲ့အခါ တစ်ချို့
program တွေက  ကောင်းကောင်းအလုပ်မလုပ်နိုင်ဖြစ်နေပါလိမ့်မည်။ Window 7 မှာ Compatibily mode နဲ့ အဲဒီ့
program တွေကို ပြန်သုံးနိုင်မှာ ဖြစ်ပါတယ်။ Compatibily mode ပြောင်းတာသုံးမျိုးရှိပါတယ်။ အားလုံးပဲ လေ့လာကြည့်လိုက်ပါနော်။ 

Download =>> Link 1/ Link 2/
 
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Bad Piggies 1.3.0 Full

ဝက်ဆိုးဝက်ညစ် Bad Piggies ဂိမ်းတောင်းထားတဲ့မိတ်ဆွေအတွက်နဲ့ အခြားကစားချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်.. ကျွန်တော်မကစားဖူးတော့ ဘယ်လိုကစားရလဲ မစမ်းပေးလိုက်တော့ပါဘူး.. Full Version ဖြစ်၊ မဖြစ်ကိုသာ စမ်းပြီးတင်ပေးလိုက်ပါတယ်..
 Bad Piggies tells how sii "green pigs" is developing a vehicle to carry out the mission using crib material, wheels to pumps. The most interesting of the game Bad Piggies are when you execute the vehicle to be able to run the vehicle you already own plan using the material already available and direct them to their destination safely.

Full Version ဖြစ်အောင် Crack ဖိုင်ထဲက dll ဖိုင်ကို ကော်ပီကူးပြီး C: \ Program Files \ Rovio Entertainment Ltd. \ Bad Piggies \ BadPiggies_Data \ Managed  အောက်မှာ Paste လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ..

အဆင်ပြေပါစေ..

မောင်ပေါက်

Setup Download
Link 1
Link 2
Link 3
Crack Download :
Link 1
Link 2
Link 3

ညီအစ်ကိုမောင်နှမများခင်ဗျာ..အဆင်ပြေတယ်..ကျေးဇူးတင်တယ်ဆိုရင် Comment မရေးချင်နေပါ
တင်ထားတဲ့ကြော်ငြာလေးတွေကိုတော့ ပြန်ခါနီး တစ်ခါလောက်တော့ Click လုပ်သွားပေးကြပါနော်
အားလုံးအတွက် Link မသေနိုင်မယ့် Hosting ၀ယ်ဖို့ ပိုက်ဆံစုနေလို့ပါခင်ဗျာ :-)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Saturday 29 June 2013

USB Memory Stick ကို Format ချမရရင်

format usb drive

တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ USB,Memory Card  လေးတွေက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်လ်တွေ ထပ်ထည့်လို့ မရတော့တာမျိုး၊ ထုတ်လို့ မရတော့တာမျိုး၊ Format ချမရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ပြဿနာမျိုး ကြုံလာခဲ့ရင် ဒီနည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်...။

USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
 
 Start > Search box ထဲမှာ   devmgmt.msc  ရေးပြီး  Enter ခေါက်ပါ...
 Disk Drives ဆိုတာလေးကို ကလစ်လိုက်ပါ  အဲဒီမှာ ကိုယ့်ရဲ့ USB Drive ကို တွေ့ပါလိမ့်မယ်။
 USB Device ကို Double Click (or) Right Click  ထောက် Propereties ကိုနှိပ်ပါ။ နောက်ထပ် Box လေးပွင့်လာရင် အပေါ်က MenuTab မှာ Policies ကိုနှိပ်ပြီး  "Optimize for performance" ကို ရွေးပေးလိုက်ပါ။ Window 7 မှာတော့ (“Better performance”) လို့ပေါ်ပါတယ်..။
 
အားလုံးပြီးရင် My Computer ကို ပြန်သွားပြီး USB Drive ပေါ်ကို Right click >  Format ချကြည့်ပါ။ Format ချတဲ့ နေရာမှာ File System ကိုကြည့်လိုက်ရင် NTFS Format Option ကို တွေ့ရပါလိမ့်မယ်။
 USB drive ကို NTFS နဲ့ Format ချလို့ရပါပြီ...။

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

စက် Hung နေတာ(သို့) အလုပ်မလုပ်တဲ့ Application တွေကို အမြန်ပိတ်နည်း

ဒီမှာပေးထားတဲ့ စာလေးကို   taskkill /f /fi "status eq not responding"   နုတ်ပတ်မှာ ရေးပြီး kill-task.bat 
လို့ဆေ့လိုက်ပါ  နောက် double click ပေးလိုက်ရင်  စက် Hung နေတာ(သို့) အလုပ်မလုပ်တဲ့ Application ဟာ ပိတ်သွားပါမယ် 
Windows XP Home မှာတော့ ဒီကောင်က အလုပ်မလုပ်ပါဘူးနော် .bat ကိုမြင်ပြီး ဟာ virus ဖိုင်ကြီးလို့ မထင်ပါနဲ့

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Firefox Tabs လေးကို ပုံလေးတွေ နဲ့ အလှဆင်ကြမယ်

မဂ်လာပါနော်.. သည်တခါ Firefox Tabs လေးပေါ်မှာ  အလှဆင်နိုင်တဲ့ နည်းပညာလေးတခုပါ..
ဒါလေးကို စမ်းသတ်ကြည့် ဖို့ ပထမဆုံးး   သည်နေရာကို  သွားလိုက်ပါနော်... လုပ်နည်းကတော့ အရမ်းကို  ရိုးရှင်းလွန်းပါတယ်... အောက်မှာ ပုံလေးနဲ့  တကွလည်း ရှင်းပြပေးလိုက်ပါတယ်နော်...
ကဲ စမ်းလိုက်ကြမယ်......

ထပ်မံ ရှင်းပြလိုက်ပါတယ်...ဗျာ...စေတနာတွေပေါ့..ခစ်ခစ်..
ပုံတွေအများကြီးး ရှိပါ့မယ်.  မိမိလိုခြင်တဲ့ ပုံလေးပေါ် မောက် တင်တာနဲ့ wrae it ဆိုတာလေးရှိပါမယ် အဲတာလေးသာ ကလစ်လိုက်ဗျာ..  တိုတို..မမ ..တို့ရဲ့ Firefox Tabs လေးမှာ အသင့်ပြောင်းလဲနေပါပြီ..
ကျေးဇူးအထူးတင်ပါတယ်.... နော်..

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Android အတွက် Wifi Recovery ဆော့ဝ်လ်

 ကဲ အားလုံးပဲခင်ဗျာ အခုဆို လူတိုင်းဖုန်းကိုင်နိုင်ပါတယ်။ အခုဆို wifi က နေရာတကာရနေပြီလေ။ အခုပြောမှာက wifi password ဘုံးတဲ့ဆော့ဝဲပါ သူက Andorid ဖုန်းမှာသုံးတဲ့ဟာ Huawei touch screen ဖုန်းတွေမှာ ကောင်းကောင်းသုံးလို့ရတယ် ဒီဆော့ဝဲကို သုံးမယ်ဆိုရင် ဖုန်းကို root လုပ်ထားရမယ် လုပ်ပြီးရင်ဆော့ဝ်လ်ကိုဖွင့်လိုက် ကိုယ်သုံးပြီး password ကိုပြန်ပြလိမ့်မယ်။ သူများကိုဝေမျှလို့အဆင်ပြေအောင်လိုလိုမယ်မယ် ပြန် share ပေးထားတာဖြစ်ပါတယ်။
Wifi recovery

Download=> Link 1 | Link 2
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

အင်တာနက်ပေါ်မှာ တစ်နေ့ကိုမိနစ် 30 အချိန်ပေးပြီး ငွေရှာနည်းစာအုပ် Beta Version ( မြန်မာလို ) ထွက်ပါပြီ

မင်္ဂလာပါခင်မျာ..ကနေ့ ဘဲငွေရှာနည်းစာအုပ်ထွက်မယ်ဆိုပြီးကျနော်မနက်ခင်းပိုင်းကတည်းက ကြော်ငြာ
ခဲ့ပါတယ်..အခုညနေ ပိုင်းမှာတော့ စာအုပ်လေးကို Beta Version အနေနဲ့ထုတ်ပေးလိုက်ပါပြီခင်မျာ..
Beta Version ဆိုတာ Error ပါနိုင်တဲ့ အနေအထားဖြစ်ပြီး Error များတွေ့ရှိပါက အချိန်နဲ့တပြေးညီ ပြုပြင်
ပေးပါ့မယ်လို့ ဆိုလိုထားခြင်းဖြစ်ပါတယ်. ဒီနည်းလမ်းကိုနော်ကိုယ်တိုင်လဲ လက်တွေ့လုပ်ဆောင်နေပါ
တယ်..လိုက်ပါလုပ်ဆောင်သူများအဖို့လည်း လုံးဝ (လုံးဝ) ဘေးမဖြစ်စေရဘူးလို့အာမခံပါတယ်ခင်ဗျာ။
ဒီနည်းလမ်းကိုလုပ်ဆောင်မယ်ဆိုရင်တော့ ဇွဲရှိဖို့ နဲ့စိတ်ရှည်သီးခံဖို့လိုအပ်တယ်ဆိုတာ အရင်ဆုံးအသိ
ပေးပါရစေနော်..ကဲ..စာအုပ်လေးတော့တင်ပေးလိုက်ပြီ ပြန်လည်တုံ့ပြန်မှုတွေကို ကြိုဆိုပါတယ်..အားလုံး
ကိုညီအစ်ကိုမောင်နှမရင်းသဖွယ်သဘောထားပြီးအကောင်းဆုံး အတတ်နိုင်ဆုံး ကူညီနေပါတယ်..ဒါကြောင့်
ဝေဖန်အကြံပြုရာမှာ ညစ်ညမ်းကွန်မန့်များ ရေးသားခြင်းကို ကျေးဇူးပြုပြီးမပြုလုပ်ကြပါနဲ့ခင်မျာ.ကျနော်သိ
တာတတ်တာလေးကို ဝေမျှပေးချင်တဲ့စိတ်လေးဘဲရှိပါတယ်..အဆင်မပြေမှုများ မေးမြန်းစရာများရှိပါက
ဒီဆိုဒ်လေးရဲ့ CBox မှာရေးသားနိုင်ခဲ့သလို..စာအုပ်ထဲမယ်ပါတဲ့ Email သို့လည်း ဆက်သွယ်မေးမြန်းနိုင်
ကြပါတယ်ခင်မျာ..ကဲ..အားလုံးဘဲ..စာအုပ်လေး ဒေါင်းနိုင်ကြပါပြီခင်မျာ။

Download => Link 1 / Link 2 / Link 3 / Link 4

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Friday 28 June 2013

Window ပြဿများအတွက် အမေးအဖြေများ

ကွန်ပျူတာတွေမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ အခုငါးဆယ်အတွက် ဖြေရှင်းထားတဲ့ အမေးအဖြေတွေပါ။ Computer Active magazine ရဲ့ 18 FEB to 3 MAR 2010 ပါ 50 PC problems solved ဆောင်းပါးကို ဘာသာပြန်ရေးသားတာ ဖြစ်ပါတယ်။ သူ့မှာက မေးတဲ့ မေးခွန်းအတွက်ပဲ ကွက်ဖြေထားပါတယ်။

ကျနော်က အဲဒီပြဿနာရဲ့ သဘောတရားကိုပါ နားလည်အောင် ဖြည့်စွက်ရေးသားထားပါတယ်။ အခြို့မေးခွန်းများကိုလည်း ကျနော့်စိတ်ကူးနဲ့ ပိုကောင်းမယ်ထင်သလို ပြောင်းရေးထားပါတယ်။ မေးခွန်း အားလုံးလိုလိုက ခဏခဏ ဖြစ်တတ်တဲ့ ပြဿနာတွေပါ။ အခြို့သော မေးခွန်းတွေကတော့ ဒီလိုလည်းရှိ လားဆိုပြီး သတိမထားမိတဲ့ ကိစ္စတွေလည်းပါပါတယ်။ သို့သော် ကျွမ်းကျင်ပြီးသား လူတွေအတွက် child play တွေလည်း ဖြစ်နေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် စတင်လေ့လာသူတွေကတော့ ဖြစ်တတ်တာတွေ၊ ဖြေရှင်းနည်းတွေ များများဖတ်လေ ပိုမိုနားလည်လေပဲ။ အတတ်နိုင်ဆုံး နာလည်အောင် ရေးပေးထားပါတယ်။ အချိန်ဆင်းရဲမှုကြောင့် ခေါင်းစဉ် ခွဲတွေအလိုက် တင်ပေးပါ့မယ်။ အားလုံးပြီးရင်တော့ ပို့စ်တစ်ခုထဲ ပြန်ပေါင်းပြီး pdf လုပ်ပေးမယ်။ လောလောဆယ် ပြီးသလောက်ကို အောက်မှာ တင်ပေးထားပါတယ်။ ခေါင်းစဉ်တစ်ခုစာ မေးခွန်း ၁၁ ခုပေါ့။

WINDOWS PROBLEMS

1. File grouping fix – Windows 7, Vista

မေး … My Documents folder ကို ဖွင့်လိုက်တဲ့အခါမှာ Today, Yesterday, Last week နှင့် A long time ago စသော ခေါင်းစဉ်များအလိုက် file တွေကို စီစဉ်ထားတာတွေ့ရပါတယ်။ မူလ သုံးနေကျအတိုင်း ပြန်ပြောင်းလိုပါတယ်။

ဖြေ … Arrange by – Date modified ဆိုပြီး ဖိုင်တွေကို modified လုပ်ထားတဲ့ ရက်စွဲအလိုက် စီစဉ်စေတဲ့အတွက် အခုလို ပေါ်တာဖြစ်ပါတယ်။ အဲဒီ windows နေရာလွတ်တစ်ခုမှာ Right-click လုပ်ပြီး Group by – None လို့ ရွေးလိုက်ပါ။ အကယ်၍ Group by မပေါ်ခဲ့ဘူးဆိုရင်၊ Arrange by – Folder လို့ ပြန်ပြောင်းပေးပါ။

2. Scroll or browser ? – Windows XP

မေး … အရင်ကဆိုရင် Start menu မှာ ရှိတဲ့ All programs list မှာ columns တွေအများကြီးနဲ့ပြတယ်။ အခု ကော်လံတစ်ခုပဲပေါ်တော့တယ်။ အရင်လို ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ?

ဖြေ … all programs list ဟာ column တစ်ခုတည်းနဲ့ ပြလို့မလောက်အောင် များလာတဲ့အတွက် ကော်လံတစ်ခုပြီးတစ်ခု ထပ်ပြီးခွဲပြပါတယ်။ အဲဒါကို ကော်လံတစ်ခုအနေနဲ့ပဲ ထားပြီး scroll bar လေးထည့်လို့ရပါတယ်။ windows 7 နဲ့ Vista တို့လိုပေါ့။ programs တွေ ဘယ်လောက်များများ start menu box ထဲမှာပဲ scroll နဲ့ပြပါတယ်။ XP မှာတော့ all programs ဆိုပြီး column တစ်ခုမှာ scroll နဲ့ပြမှာပေါ့။ အဲလိုမကြိုက်ပဲ အရင်အတိုင်း ကော်လံအများကြီးနဲ့ မြင်ချင်ရင်တော့ Start လိုဂို နေရာမှာ Right-Click လုပ်ပြီး Properties ကိုနှိပ်။ ပေါ်လာတဲ့ box ရဲ့ Start Menu tab မှာ Customise ကိုနှိပ်ပါ။ Advanced tab မှာ Scroll Programs ကို uncheck လုပ်လိုက်ပါ။ (scroll နဲ့လိုချင်ရင် check ၊ မပါချင်ရင် uncheck ပေါ့)။ ပြီးတဲ့နောက် OK နှိပ်ပြီး ပြင်ခဲ့တာကို apply ဖြစ်စေပါတယ်။

3. Task Manager tabs - Windows 7, Vista, XP

မေး … Task manager မှာ သူ့ရဲ့ tabs တွေ menu တွေ တစ်ခုမှ မပေါ်တော့ပါဘူး။ အရင်လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ … Task Manager ရဲ့ usage ပြတဲ့ Grid တွေနေရာကို Double-Click နှိပ်မိလို့ ဖြစ်ပါတယ်။ အဲဒီ edge (grid ကွက်) ကို Double-Click ပြန်နှိပ်ပေးလိုက်ပါ။

4. Missing Quick Launch – Windows 7

မေး … Windows 7 ရဲ့ Taskbar မှာ Quick Launch ပါမလာတော့ဘူး။ အရင် windows တွေအတိုင်း Quick Launch menu ထည့်သုံးချင်ပါတယ်။

ဖြေ ...  မိမိသုံးချင်တဲ့ programs (သို့) windows explorer ကို ဖွင့်ပြီး taskbar မှာ right-click နှိပ်၊ pin this taskbar ဆိုရင်လည်း taskbar မှာ icon ထည့်ပြီးသားဖြစ်မှာပါ။

5. Taskbar gone awry ... Windows 7, Vista, XP

မေး … taskbar ဟာ ပုံမှန်အတိုင်း အောက်မှာမဟုတ်ပဲ ညာဘက်ကို ဒေါင်လိုက်ရောက်ပြီး sidebar ပုံစံဖြစ်နေပါတယ်။ အောက်ကို ပြန်ရောက်အောင် ဘယ်လို ရွှေ့ရမလဲ။

ဖြေ … taskbar ကို lock မချထားရင် ဘားပေါ်မှာ click ဖိထားပြီး ပြောင်းချင်တဲ့ ဘက် (အပေါ်၊ အောက်၊ ဘေးနှစ်ဖက်) ကို Drag ဆွဲယူကာ ပြောင်းနိုင်ပါတယ်။ ပုံမှန်အတိုင်း အောက်ကို ပြန်ရောက်ဖို့အတွက် taskbar မှာ right click နှိပ်ပြီး Lock the taskbar ကို check မပေးထားပါနဲ့ (uncheck)။ taskbar ရဲ့ နေရာလွတ်တစ်ခုမှာ click ဖိထားရင်း အောက်ဘက်ကို Drag ဆွဲယူပါ။ ပြီးရင် Lock the taskbar ကို check ပြန်ပေးလိုက်ပါ။

6. The wrong browser - Windows 7, Vista, XP

မေး … firefox ကို default browser အဖြစ်သုံးချင်ပါတယ်။ (browser နဲ့ ပွင့်ရမယ့် ဘယ်လင့်ကိုပဲ နှိပ်လိုက် နှိပ်လိုက် firefox နဲ့ပဲ ပွင့်ချင်တာပါ)။ အခု Internet Explorer နဲ့ ပွင့်နေပါတယ်။ ဘယ်လိုပြောင်းရမလဲ။

ဖြေ … ဒါက Default program ရွေးထားတာနဲ့ ဆိုင်ပါတယ်။ windows system ကနေ ပြောင်းမယ် ဆိုရင်တော့ restart ပေးပြီးမှ ပြောင်းပါတယ်။ မိမိပြောင်းချင်တဲ့ program ကနေပဲ ပြောင်းပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဥပမာ – firefox ကို Default သုံးချင်တာဆိုရင် firefox ရဲ့ menu မှာ Tools – Options ကိုနှိပ်။ ပေါ်လာတဲ့ Options box ရဲ့ Advanced tab မှာ Always check to see if Firefox is the default browser on startup ကို check ပေးပြီး Check Now ခလုပ်ကို နှိပ်။ OK ပေးလိုက်ရင် firefox က Default browser ဖြစ်သွားပါပြီ။ IE ကို Default ပေးချင်တာဆိုရင် IE ရဲ့ menu မှာ Tools – Internet Options ကိုနှိပ်ပြီး Programs tab မှာ Make default ခလုပ်ကို click ပါ။ Default browser ဟုတ်မဟုတ် သတိပေးစေလိုရင် Tell me if Internet Explorer is not the default web browser ဆိုတာကို check ပေးထားလိုက်ပါ။ အခြားသော browser များကိုလည်း Default ဖြစ်စေလိုရင် ဒီနည်းလမ်းအတိုင်းပဲ လုပ်ပါ။ (browser အများစုက IE နဲ့ မတူရင် Firefox နဲ့ တူလိမ့်မယ်)

7. Wrong Windows starts – Windows 7, Vista, XP

မေး … ကျနော်က windows နှစ်ခုတင်ထားပါတယ်။ Windows 7 နဲ့ Vista ပါ။ ပုံမှန်တိုင်း တက်လာမယ့် Windows ကို Windows 7 ဖြစ်စေချင်ပါတယ်။ Windows 7 ကို Default ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

ဖြေ … ဘယ် windows တွေပဲ တင်ထားတင်ထား windows တစ်ခုထက် ပိုတာနဲ့ boot မှာ OS menu ပေါ်ပါ တယ်။ မိမိသုံးချင်တဲ့ windows ကို arrow နဲ့ ရွေးချယ်ပြီး သုံးနိုင်ပါတယ်။ နောက်ဆုံးသုံးခဲ့တဲ့ windows က အပေါ်ဆုံးက (Default အဖြစ်) ရှိနေမှာပါ။ waiting time ကို 30 sec (Default time) စောင့်ပါတယ်။ အဲဒီ စက္ကန့်သုံးဆယ်အတွင်း မိမိက ဘာမှ ထပ်မရွေးခဲ့ရင် အပေါ်ဆုံးက Default windows ကိုပဲ boot ယူပြီး တက်သွားမှာပါ။ အခုမေးခွန်းအတွက်ပဲ ပြောရရင် windows 7 ကို ရွေးပေးလိုက်ပါ။ Computer ကို Right-Click လုပ်ပြီး Properties နှိပ်လို့ပဲ ဖြစ်ဖြစ်၊ Win+Break key ကို နှိပ်လို့ပဲဖြစ်ဖြစ် system properties ကို ဖွင့်ပါ။ ဘယ်ဘက်က Advanced system settings ကိုနှိပ်ပါ။ ပေါ်လာတဲ့ Advanced tab မှာ Start and Recovery ရဲ့ Settings ကိုနှိပ်ပါ။ Default Operating system မှာ Windows 7 ကို ရွေးပေးလိုက်ပါ။ Time to display list of OS ဆိုတဲ့ box မှာ boot waiting time ကို မိမိထားချင်သလောက် ပြောင်းထားလိုက်ပါ။ (Default time က 30 sec ဖြစ်ပြီး 0 sec ထိ လျှော့နိုင်ပါတယ်)

8. Disk space missing – Windows 7, Vista, XP

မေး … hard disk ရဲ့ C:\ က သိမ်းထားတာ သုံးထားတာ အဲလောက်မများပဲ ပြည့်လုနီးပါးဖြစ်နေပြီ။ သုံးထားတဲ့ disk space ဘာလို့ ပိုများသွားတာလဲ။

ဖြေ … windows က သိပ်ပြီး မလိုအပ်တဲ့ ဖိုင်တွေကိုလည်း copy သိမ်းထားလေ့ရှိတယ်။ ဥပမာ – temporary လိုမျိုးပေါ့။ အဲဒါတွေဖျတ်ဖို့အတွက် (my) Computer ရဲ့ C:\ ကို right-click လုပ်ပြီး properties ကိုနှိပ်၊ ပေါ်လာတဲ့ general tab မှာ Disk cleanup ဆိုတာကိုနှိပ်ပြီး သူ့ရဲ့ wizard အတိုင်းဆက်သွားပြီး delete လုပ်ပေးလိုက်ပါ။ ၀င်းဒိုးကို သုံးတာ ကြာရင် ကြာသလောက် Copy ယူထားတဲ့ space ပိုများမှာပါ။

9. Too many fonts – Windows 7, Vista, XP

မေး … ၀င်းဒိုးမှာ ဖောင့်တွေအရမ်းများနေပါတယ်။ လိုအပ်တဲ့ဖောင့်တွေ ရှိသလို မလိုအပ်တဲ့ဖောင့်တွေလည်း ပါပါတယ်။ မလိုတာတွေ သိနိုင်ဖို့ ဖောင့်တွေကို ဘယ်လိုကြည့်မလဲ။

ဖြေ … www.computeractive.co.uk/2142304 ကိုသွားပြီး Cfont Pro ကို Download လုပ်ပါ။ Cfont Pro ရဲ့ ဘယ်လောက်ခြမ်းမှာ တင်ထားသမျှဖောင့်နာမည်တွေ ပေါ်ပါတယ်။ နာမည်ပေါ်နှိပ်လိုက်ရင် ဖောင့်ရဲ့ properties, Sample အကုန်ပေါ်ပါတယ်။ uninstall လုပ်နှိင်သလို၊ လိုအပ်ရင်ပြန်သုံးနှိင်အောင် backup လည်း လုပ်ထားလို့ရပါတယ်။ (C:\windows\font ကို ဖွင့်ပြီး ဖောင့်တွေပေါ် Double-Click နှိပ်ရင်လည်း properties နဲ့ sample ကို မြင်ရမှာပါ။ windows 7 မှာ medium icon အနေနဲ့ view ထားထားပေးရင် icon မှာကို font sample ပြနိုင်ပါတယ်။ Cfont Pro နဲ့ဆိုတော့ ပိုပြီး ပြည့်စုံလွယ်ကူတာပေါ့)

10. Vitural Drives – Windows 7, Vista, XP

မေး … Game တွေ၊ Learning CD တွေကို သုံးတဲ့အခါမှာ CD drive ကို စက်ထဲ ထည့်ပေးထားမှ အဆင်ပြေပါတယ်။ ခွေမပါပဲ သုံးနှိင်အောင် ဘယ်လိုလုပ်ရမလဲ။

ဖြေ … Vitural CD software ကို သုံးလို့ရပါတယ်။ MagicDisc Software ကို သုံးဖို့ အကြံပေးပါရစေ။ ဒီ software ကို Install လုပ်လိုက်ရင် DVD Drive အတုတစ်ခုရလာပါတယ်။ (တစ်ခုမက ဖြစ်စေချင်ရင်လည်းရပါတယ်)။ drive ကလည်း အတုဖြစ်လို့ ခွေကလည်း အတုပဲ ထည့်ပေးရပါမယ်။ သုံးမည့် CD ကို iso software တစ်ခုသုံးပြီး iso image အဖြစ် ဖန်တီးလိုက်ပါ။ ပြီးနောက် MagicDisc ရဲ့ tray icon မှာ right-click နှိပ်ကာ၊ mount ဆိုပြီး လုပ်ထားတဲ့ iso ဖိုင်ကို ရွေးပေးလိုက်ရင် drive ထဲ CD ထည့်ထားသကဲ့သို့ ဖြစ်သွားပါပြီ။ (လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲကနေ အခုထိ ဒီနည်းကိုပဲ သုံးနေကြတုန်းပါ)

11. Moving My Documents - Windows 7, Vista, XP

မေး … ကျနော် hard disk အဟောင်းမှာ free space မရှိတော့တဲ့အတွက် HDD အသစ်တစ်လုံးထပ် တပ်လိုပါတယ်။ My Documents ဖိုဒါကို အသစ်ဆီ ရွှေ့လို့ရမလား သိချင်ပါတယ်။

ဖြေ … ရပါတယ်။ XP နဲ့ Vista မှာဆိုရင် Start ကို နှိပ်၊ (My) Documents မှာ right-click ထောက်ပြီး Properties နှိပ်။ Location ဆိုတဲ့ tab မှာ လက်ရှိသိမ်းထားတဲ့ နေရာပြနေပါလိမ့်မယ်။ Move ဆိုတဲ့ ခလုပ်ကိုနှိပ်ပြီး ပြောင်းလိုတဲ့ နေရာကို ရွေးချယ်ပေးလိုက်ပါ။ Windows 7 မှာ ဆိုရင် Start – Documents ကို ဖွင့်ပါ။ ဘယ်ဘက် sidebar ရဲ့ Libraries အောက်မှာ Documents ကို ပြနေပါလိမ့်မယ်။ Documents မှာ right-click လုပ်ပြီး၊ Expand ကိုနှိပ်လိုက်ရင် My Documents ဆိုပြီး ထွက်လာပါမယ်။ My Documents ရဲ့ properties ကိုနှိပ်ပြီး XP နဲ့ Vista တုန်းကအတိုင်း ဆက်လုပ်သွားရုံပါပဲ။

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

မန်ဘာဝင်ခြင်းဖြင့် ကျော်ခွခြင်းမှကင်းဝေးစေရန်

 အားလုံး မင်္ဂလာပါဗျာ... ခုတင်မဲ့ ပို့စ်လေးကတော့.. တမူထူးခြားတယ်လို့ ဆိုလို့ ရပါတယ်...
ဘာကြောင့်လည်းဆိုတော့ သည်နည်းလေးက မြန်မာပြည်က မိတ်ဆွေတို့အတွက် ပိုပြီးအဆင်ပြေ
ပါလိမ့်မယ်... မြန်မာပြည်မှာ ဆို blogspot.com တွေဝင်ရတာ တခါတခါမှာ ကျော်ရ ခွရနဲ့...
အာရုံနောက်စေပါတယ်...ဒါလေးကတော့.. ကျော်ခွဖို့ မလိုအပ်ဘူးလို့ စဉ်းစားမိလို့ပါ...
မြန်မာပြည်က မဟုတ်လေတော့ အတိကျပြောဖို့ ခက်ပါတယ်... ဒါပေမယ့် စမ်းသတ်ကြည့်လိုက်ကြစေခြင်ပါတယ်.. အရေးကြီးတာလေးတစ်ခုပြောရမယ်ဆိုရင်... မိတ်ဆွေတို့အနေနဲ့.. ဘလော့တွေ ဆိုဒ်တွေထဲမှာ မန်ဘာဝင်ဖို့ မပျင်းကျပါနဲ့ဆိုတာပါဘဲ...
ဘာကြောင့်လဲဆိုတော့ မိမိတို့ ဖတ်လိုတဲ့ ၀င်ါလိုတဲ့ ဆိုဒ်တွေကို မန်ဘာဝင်ထားလေမှ  ခုနည်းလမ်း
လေးနဲ့ကအဆင်ပြေမှာပါ.. ဘလော့ကာတွေအတွက်လည်း မန်ဘာဝင်တော့ မန်ဘာအားများလာတော့  ရေးသားရတာ မျှဝေရတာ  အားရှိတာပေါ့...ဗျာ... ကဲ.. စမယ်နော်..
နည်းလမ်းကတော့ ဘလော့ဆိုဒ်တွေ ၀င်စရာမလိုဘဲ Google Reader ကနေစောင့်ဖတ်တဲ့နည်းလေးပါဘဲ....

 အဲလိုဖတ်ဖို့ Google Reader ကိုသွားရမှာ ဖြစ်ပါတယ်.. မသိသူများအတွက်တော့   သည်ကနေ  သွားလိုက်ပါနော်....အောက်ကပုံလေးတိုင်းကြည့်ပါ............

 အပေါ်ပုံ ဘယ်ဘက်တန်းက ကြည့်လိုက်ပါ ကျွန်တော် မန်ဘာဝင်ထားတဲ့ ဘလော့တွေပါဘဲ..
မိမိတို့လည်း ကိုယ် မန်ဘာဝင်ထားတဲ့ ဘေလာတွေ့ကို အဲလို တွေ့မှာပါ ဒါဆို ဘယ်နေရာကနေမှ
ကျော်စရာ ခွစရာမလိုဘဲ သည်မှာ ၀င်ပြီး ကြိုက်တဲ့ ဆိုဒ်ကို စောင့် ဖတ်နိုင်ပါတယ်...ဗျာ....
အားလုံး အဆင်ပြေစေဖို့ တွေ့ရှိသမျှ နည်းလမ်းလေးတွေကို ရေးသား မျှဝေလိုက်ရတာပါ။

မန်ဘာဝင်ဖို့ မသိသေးတဲ့ မိတ်ဆွေများအတွက်တော့ အောက်မှာမန်ဘာဝင်နည်းရေးလိုက်ပါတယ်.

 အပေါ်ကပုံလေးတွေ ကြည့်တာနဲ့ ရှင်းပါတယ်နော် ထူးထူးထွေထွေ မရေးပြတော့ပါဘူးး
လုပ်တတ်သူများတာမို့ မလုပ်တတ်သေးသူများအတွက် ရည်ရွယ်ပြီး လမ်းပြလိုက်တာပါ...။
ကျွန်တော် ထပ်တလဲလဲ သတိပေးခြင်တာကတော့  မိမိနှစ်သက်သော ဆိုဒ်များကို မန်ဘာဝင်ခြင်း။
Facebbook Like လုပ်ပေးခြင်းကို မပျင်းကြစေလိုပါ....
အကြောင်းတစုံတရာဖြစ်လို့ ကွန်ပျူတာမှာ မှတ်ထားတာတွေ Bookmark တွေ ဆုံးရှုံးပါက
ခုနည်းလေးနဲ့ အလွယ်တကူ ၀င်နိုင်ပါတယ်.... အဆင်ပြေကြပါစေ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Right Click and Select ပိတ်ထားတဲ့Site တွေကိုဒီလိုဖွင့်မယ်

ဟုတ်ပါတယ် အချို့ တော့ဝက်ဆိုက်တွေ မှာ Right Click နှိပ်မရအောင် ဒါမှမဟုတ် Select
လုပ်မရအောင်ပိတ်ထားတာမျိုးတွေရှိတတ်ပါတယ်အဲဒါမျိုးတွေကြုံလာတဲအခါအလွယ်
တကူဖြေရှင်းနိုင်မဲံနည်းလေးဝေမျှချင်တာပါသိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပဲကျွန်တော်ကတော့
မသိသေးသောသူငယ်ချင်းများတွက်ဝေမျှခြင်းပါ။

ပထမဦးဆုံး ကျွန်တော်ပြောသလိုများကြုံတွေ့ လာခဲ့ရင်မော်ဇီလာရဲ့ tag ဘားမှာ tools ဆိုတာလေးအရင်
နှိပ်လိုက်ပါ။ပြီးရင်Option နှိပ် Content ဆိုတာလေးကို၇ှာပြီးထပ်နှိပ်ပေးပါ။ပီးရင် အဲဒီအောက်က
Enable JavaScript ဆိုတာလေးကိုအမှန်ခြစ်ထားတာလေးဖြုတ်လိုက်ပါ။ပီးရင်တော့အိုကေပေါ့

ကဲရပါပြီခင်ဗျာ သူငယ်ချင်းတို့ Right ကော Select လုပ်ချင်ရင်ကော copy ကူးခြင်ရင်ကောအကုန်
ရပါပြီခင်ဗျာ။ပီးရင်တော့ အဲဒီနေရာလေးမှာအမှန်ပြန်ထည်ပေးနော်။မဟုတ်ရင် Enable JavaScript
ရေးထားတာမှန်သမျှ ပြန်ဖွင့်မရပဲနေပါလိမ်မယ်။ပိတ်ထားတာကလည်းEnable JavaScriptနဲ့ 
ပိတ်ထားတာမို့ အမှန်ခြစ်လေးဖြုတ်လိုက်တာနဲံ့ ပိတ်ထားတာပွင်သွားပါလိမ်မယ်။
 အောက်မှာ ပုံလေးနဲ့ ရှင်းပြလိုက်ပါတယ်...

 မိမိတို့ ရဲ့ Tools ကိုကလ်စလိုက်ပါ Options ကိုဆက်ကလစ်ပါ...

ကဲ အဆင်ပြေကြပါစေနော် ညာကလစ် ပိတ်ထားတဲ့ ဆိုဒ်တွေတွေ့တဲ့အခါ သည်နည်းလေးအတိုင်းစမ်းသတ်ကြည့်လိုက်ကြပါနော်...

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.blogspot.com 
www.ninilayy.com

Read more »

June 27 ရက်နေ့ကမှ ထွက်တဲ့ လတ်တလော IDM လေးပါ

 jun လ 27 ရက်နေ့ ကမှထွက်လာတဲ့  IDM ver 6.17 lastupdate လေးပါ
မရှိသေးရင်ဆွဲထားလိုက်ပါ Full ver ဖြစ်အောင် patch ဖိုင်လေးပါပေးထားပါတယ်
အရင်ဆုံး IDM ကိုကွန်ပျူတာမှာ install လုပ်ပါ key တောင်းရင်ဘာမှာမထည့်ပဲ ပိတ်ပြီးထွက်ထားလိုက်ပါ
ဒေါင်းထားတဲ့ patch ဖိုင်လေးကို Run ပြီး patch ကိုနိပ်ပါ name နေရာမှာ နာမည်တခုခု ထည့် ok ပေးပြီးပိတ်လိုက်ပါ
IDM ကိုပြန်ဖွင့်ပြီးHelp>> About IDM ကိုဖွင်းပြီးကြည့်လိုက်ပါ Full ver ဖြစ်နေပါပြီ
အားလုံးပဲအဆင်ပြေပါစေဗျာ
 (သို့)

patch ဖိုင်အတွက် http://v.gd/K2hCH

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Window 7 Ultimate SP1 ISO x86 and x64 bit Download (Official Direct Download Links)

Window 7 အခွေကို လိုချင်နေတဲ့ သူငယ်ချင်းများအတွက် အဆင်ပြေအောင် direct links လေးတွေမျှဝေ
 ပေးလိုက်ပါတယ်။ မူရင်းလင့်ကနေ ဒေါင်းယူရမှာဖြစ်တဲ့အတွက် အောက်က လင့်လေးတွေကို တစ်ချက်
နှိပ်ပြီးဒေါင်းယူနိုင်ပါတယ်။ ရလာတဲ့ ISO ဖိုင်ကို အခွေကူးဖို့အတွက် စက်ထဲကို DVD အခွေလွတ် တစ်ချပ်
ထည့်လိုက်ပါ။ ISO  ဖိုင်ကို double click နှိပ်လိုက်တာနဲ့ Nero ထည့်ထားပြီးသား စက်များကတော့ Nero တန်းတက်လာပါလိမ့်မယ်။ Nero ကိုတော့ လူတိုင်းထည့်ထားပါတယ်နော်။   Boot တက်ဖို့အတွက် Verify Disc Data ဆိုတဲ့နေရာမှာ အမှန်ခြစ်ကလေးပေးပြီး ကူးပေးပါ။ အောက်မှာ လိုအပ်တာကိုဒေါင်းနိုင်ပါပြီခင်ဗျာ။ Full version ဖြစ်ဖို့အတွက် window loader လေးပါတင်ပေးထားပါ
တယ်။ကွန်နက်ရှင်ကောင်းသူများကတော့ဒေါင်းယူထားသင့်ပါတယ်။Resume download လည်းပါတယ်။ ကျွန်တော်ကိုယ်တိုင် စမ်းပြီးပါပြီ ။ တစ်နေ့ နည်းနည်း ဒေါင်းပေါ့ဗျာ။ အားလုံးအဆင်ပြေကြပါစေဗျာ။

Download  Window 7 Ultimate SP1 - U ISO x86 (32bit) 2.38G

Download Window 7 Ultimate SP1  - U ISO x64 (64bit) 3.09G

Download Window Loader v-2.00 =>> Link 1/ Link 2
 
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

 ယူကျု ကနေကြည့်လိုပါက   သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်....

Credit=> အိုင်တီမုဆိုး

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Facebook ကချက်ထားတဲ့ Chat History တွေကို ကြည့်ကြမယ်

 ဟလို....မင်္ဂလာပါနော်... သည်နည်းလေးကတော့  Facebook ကချက်ထားတဲ့  Chat History တွေကို
ဘယ်လို ပြန်ကြည့်နိုင်မလဲဆိုတဲ့နည်းလမ်းလေးပါ..ဒါလေးကို  လိုခြင်သူများရှိ ရစေဖို့ မျှဝေလိုက်ပါတယ်..
ပထမဆုံး  မိမိတို့ facebook ဖွင့်တဲ့ ဘောက်ဆာ မှာတော့ Add On လေးတစ်ခုတော့လိုပါမယ်...
အဲအတွက်    သည်နေရာလေးကို     သွားလိုက်ပါနော်...

ခုလိုလေး တွေ့ရမယ်.. Add to Firefox ကိုကလစ်လိုက်ပါ... ဒေါင်းနေပါပြီ..
ခဏကြာတာနဲ့ ဘောက်လေးနဲ့ Install လုပ်ဖို့ခိုင်းးလာမယ်  လုပ်ပေးလိုက်ပါ..
ပြီးတာနဲ့  ဘောက်ဆာကို  Restart ချပေးလိုက်ပါနော်..

 ကဲ ဘောက်ဆာ ပြန်ပွင့်လာတာနဲ့  အပေါ်ဘားက Tools ကနေသွားရမှာဖြစ်ပါတယ်...
ဘရောက်ဇာပြန်ပွင့်လာရင် Menubar မှာရှိတဲ့ tool ကိုကလှစ်နှိပ်ပါ၊
Facebook chat history Manager ကိုတွေ့ရပါလိမ့်မယ်၊ Facebook chat history Manager
 ထဲကမှ Get Facebook ID ကိုကလှစ်နှိပ်ပါ၊ ပြီးရင် Close Login Window ကိုနှိပ်လိုက်ရင်
ကိုယ့်အတွက် ID ကိုဖော်ပြပေးပါလိမ့်မယ်၊ မှတ်ထားဖို့လိုပါတယ်၊ Facebook chat history
Manager ထဲက Create Account ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ Username နဲ့ Password ကိုပေး
လိုက်ရင် ကိုယ့်ဖေ့စ်ဘုတ်ခ်မှာ ချက်ခဲ့တာတွေကို ပြန်ကြည့်လို့ရမှာပါ။
 အဆင်ပြေပါစေနော်...