Monday 17 June 2013

Hacker လက်စွဲ Backtrack OS မှာ ဇော်ဂျီဖောင့်သွင်းနည်း




Backtrack OS မှာ ဇော်ဂျီဖောင့်သွင်းနည်းလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်ကတော့ Backtrack ကိုမသုံးတော့ သုံးတဲ့လူတွေဆီကနေ မေးမြန်းကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။ Screenshot တွေနဲ့ဆိုတော့ နားလည်လွယ်မှာပါ။ ဘာမှတော့ ထွေထွေထူးထူး ခက်ခဲစရာမရှိပါဘူး။ ကဲစလိုက်ရအောင်။ အရင်ဆုံး အောက်က Link တစ်ခုခုကနေ အဆင်ပြေမယ့် zawgyi key board (.tar.gz) ဖိုင်တစ်ခုကိုဆွဲလိုက်ပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။
ဘယ်ဟာရွေးရမှန်းမသိရင် အောက်က link ကနေသာ ဆွဲစိလိုက်ပါ။
ဒေါင်းထားတဲ့ ဖိုင်ကို Desktop ပေါ်ကိုတင်ထားလိုက်ပါ။ အခြားနေရာမှာထားလည်းရပါတယ်။ အဲဒီဖိုင်ကို Terminal ကနေပြန်ခေါ်ရင် လွယ်ကူအောင်လို့ပါ။ ကဲ ရပြီဆိုရင် Ctrl+Alt+T ကိုနှိပ်ပြီး Terminal ကိုခေါ်လိုက်ပါ။ အရင်ဆုံး ကျွန်တော်တို့တင်ထားတဲ့ ဖိုင်ရှိရာ Desktop directory ကိုသွားဖို့ cd Desktop လို့  ရိုက်ထည့်ပေး လိုက်ပါ။ Desktop ပေါ်ရောက်ပြီဆိုရင် ls command ပေးပါ။ ပြီးရင် အောက်က Command နဲ့ဖြည်လိုက်ပါ။

tar xvf zawgyi_keyboard-0.3.3.tar.gz ဆိုတာပေါ်လာပါမယ်။ ပုံမှာပြထားတယ်နော်။
tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်ထည့်ပါ။ ဒါပြီးရင် ကျွန်တော်တို့ tar ဖိုင်ကို extract လုပ်ပါမယ်။ tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်လိုက်ပေါ့။ အဲဒါ ပြီးရင် ls နဲ့ကြည့်လိုက်ပါ။ zawgyi ဆိုတဲ့ဖိုင်လေး Desktop ပေါ်ရောက်နေတာတွေ့ရပါလိမ့်မယ်။


Special Credit to ငမိုး

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

Post a Comment