Friday 28 June 2013

Facebook ကချက်ထားတဲ့ Chat History တွေကို ကြည့်ကြမယ်


 ဟလို....မင်္ဂလာပါနော်... သည်နည်းလေးကတော့  Facebook ကချက်ထားတဲ့  Chat History တွေကို
ဘယ်လို ပြန်ကြည့်နိုင်မလဲဆိုတဲ့နည်းလမ်းလေးပါ..ဒါလေးကို  လိုခြင်သူများရှိ ရစေဖို့ မျှဝေလိုက်ပါတယ်..
ပထမဆုံး  မိမိတို့ facebook ဖွင့်တဲ့ ဘောက်ဆာ မှာတော့ Add On လေးတစ်ခုတော့လိုပါမယ်...
အဲအတွက်    သည်နေရာလေးကို     သွားလိုက်ပါနော်...

ခုလိုလေး တွေ့ရမယ်.. Add to Firefox ကိုကလစ်လိုက်ပါ... ဒေါင်းနေပါပြီ..
ခဏကြာတာနဲ့ ဘောက်လေးနဲ့ Install လုပ်ဖို့ခိုင်းးလာမယ်  လုပ်ပေးလိုက်ပါ..
ပြီးတာနဲ့  ဘောက်ဆာကို  Restart ချပေးလိုက်ပါနော်..

 ကဲ ဘောက်ဆာ ပြန်ပွင့်လာတာနဲ့  အပေါ်ဘားက Tools ကနေသွားရမှာဖြစ်ပါတယ်...
ဘရောက်ဇာပြန်ပွင့်လာရင် Menubar မှာရှိတဲ့ tool ကိုကလှစ်နှိပ်ပါ၊
Facebook chat history Manager ကိုတွေ့ရပါလိမ့်မယ်၊ Facebook chat history Manager
 ထဲကမှ Get Facebook ID ကိုကလှစ်နှိပ်ပါ၊ ပြီးရင် Close Login Window ကိုနှိပ်လိုက်ရင်
ကိုယ့်အတွက် ID ကိုဖော်ပြပေးပါလိမ့်မယ်၊ မှတ်ထားဖို့လိုပါတယ်၊ Facebook chat history
Manager ထဲက Create Account ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ Username နဲ့ Password ကိုပေး
လိုက်ရင် ကိုယ့်ဖေ့စ်ဘုတ်ခ်မှာ ချက်ခဲ့တာတွေကို ပြန်ကြည့်လို့ရမှာပါ။
 အဆင်ပြေပါစေနော်...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

1 comments:

  • Alex zaw says:
    16 July 2013 at 11:55

    ကျေးဇူးတင်ပါတယ် အကို
    မသိတာတစ်ခုလောက်မေးချင်လို့ပါ ..
    fb မှာဟိုအရင်ကချက်ထားတဲ့ history တွေကိုပြန်ကြည့်ချင်လို့ပါ .......နည်းနည်းပဲကြည့်လို့ရပါတယ် အဲဒါကြောင့်မို့လို့ပါ အစ်ကို..........ကျေးဇူးတင်ပါတယ်

Post a Comment