Monday 17 June 2013

Html ကုဒ်အကြောင်း ( HTML Link )

HTML Link
HTML မှာ လင့်တွေထည့်လို့ရတယ်၊ ဥပမာ သင် ရဲ့ ၀က်ဆိုက်စာမျက်နှာကနေ အခြား ၀က်ဆိုက်စာမျက်နှာကို လှမ်းညွန်းလို့ရတယ်၊ လင့်ထည့်ဖို့အတွက်သုံးရတဲ့ HTML tag ကတော့
tag ပါ၊ အဖွင့်ကို  လို့ရေးပြီး အပိတ်ကိုတော့  လို့ရေးပါတယ်၊ ဥပမာ သင့်ဆိုက်မှာ 72coder.com ဆိုက်ကိုလင့်ချိတ်မယ်ဆိုရင် အဖွင့် HTML Link tag ရဲ့အတွင်းမှာ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးပေးရတယ်၊ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးတဲ့အခါ href လို့ခေါ်တဲ့ hyper reference ကိုပါထည့်ရတယ်၊ အောက်မှာကြည့်ပါ၊
ဒီဆိုက်ကိုသွားလည်ပါ
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် ဒီဆိုက်ကိုသွားလည်ပါဆိုတဲ့စာသားကို အပြာရောင်နဲ့ ရေးထားတာတွေ့မယ်၊ အပြာရောင်ရဲ့သဘောကတော့ အဲ့ဒီ့စာသားမှာ လင့်ပါတယ် ဆိုတဲ့သဘောပါ၊ အဲ့ဒီ့စာသားကို နှိပ်လိုက်ရင် (အင်တာနက်ချိတ်ထားရင်) 72coder.com site ကို သင့်ကိုခေါ်သွားလိမ့်မယ်၊ ဒါကတော့ သင့်ဆိုက်မှာ လင့်ချိတ်တဲ့ပုံပါ၊ သုံးတဲ့ HTML Tags က  နဲ့  တို့ပါ၊ အဖွင့်  ရဲ့အတွင်းမှာ href= “ ” လို့ထည့်ပေးပြီး နှစ်ထပ်ကော်မာရဲ့ ကြားမှာတော့ သင်လင့်ချိတ်လိုတဲ့ ဆိုက်ရဲ့နာမည်ကို ထည့်ရပါတယ်၊ “ဒိဆိုက်ကိုသွားလည်ပါ” ဆိုတဲ့စာသားကိုတော့ သင်စိတ်ကြိုက် လိုအပ်တဲ့စာသားရေးလို့ရတယ်၊ အဲ့ဒီ့စာသားက ၀က်ဆိုက်စာမျက်နှာမှာ ပေါ်မယ့်စာသား၊
အထက်မှာရှင်းပြခဲ့တဲ့အတိုင်း  HTML Link တွေကိုထည့်ဖို့အတွက်  ဆိုတဲ့ HTML Tag ကိုသုံးတယ်၊ ဒါပေမယ့် အဲ့ဒီ့  tag တစ်ခိုထဲနဲ့ တော့ အလုပ်မဖြစ်သေးဘူး၊ သူနဲ့ တွဲမယ့် attribute တစ်ခုကိုလထြည့်ရသေးတယ်၊ တွဲသုံးတဲ့ Attribute ကတော့ href = “” ပါ၊ အခုအောက်က ဥပမာကိုကြည့်ပါ၊
Visit Us
အထက်က ဥပမာမှာ   က HTML Link tag ဖြစ်တယ်၊ href = “” ကတော့ attribure ဖြစ်တယ်၊ သူ့မှာပါတဲ့ အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာတော့ သင်ချိတ်ဆက်လိုတဲ့ ဆိုက်ရဲ့ URL ကိုထည့်ရတယ်၊ ( ) ၊ အခု  နဲ့  ကြားမှာရှိတဲ့ Visit Us ကိုရှင်းပြမယ်၊ သူကတော့ သင့်လက်ရှိဝက်ဆိုက်မှာပေါ်နေမယ့်စာသားပါ၊ အဲ့ဒီ့ စာသားက href = “72coder.com” ကိုညွန်းမယ့် စာသား၊ Visit Us ဆိုတဲ့ ကုတ်တစ်ကြောင်းလုံးမှာ သင့်ဝက်ဆိုက်မှာ တကယ်ပေါ်နေမယ့် စာသားက Visit Us ဆိုတဲ့ စာသား၊ အဲ့ဒီ့စာသားသင့်ဝက်ဆိုက်မှာပေါ်နေမှာက အပြာရောင်စာလုံးပုံစံနဲ့ သူ့အောက်မှာ မျဉ်းကြောင်းတစ်ကြောင်းပါမယ်၊ အဲ့ဒီ့စာသားကို တစ်ချက်ခလစ်နှိပ်တာနဲ့ 72coder.com ဆိုတဲ့ ၀က်ဆိုက်ကိုရောက်သွားမယ်၊ ဒါကိုပဲ လင့်ချိတ်တာလို့ခေါ်တယ်၊
ဒီမှာသုံးတဲ့ Attribute ဖြစ်တဲ့ href ကတော့ hyper refrence ဆိုတဲ့စာသား ရဲ့ acronym ပါ၊
အထက်က နည်းကိုသုံးပြီး အခြား ဆိုက်တစ်ခုကိုဖြစ်စေ သင့်ဆိုက်မှာ ရှိတဲ့အခြားစာမျက်နှာကိုဖြစ်စေချိတ်ဆက်နိုင်တယ်၊ နို့ပေမယ့် ချိတ်ဆက်ထားတဲ့ လင့်ပါဝင်တဲ့ Visit Us ဆိုတဲ့ စာသားကိုနှိပ်လိုက်ရင် လက်ရှိစာမျက်နှာပျောက်သွားပြီး အဲ့ဒီ့နေရာမှာ လင့်ချိတ်ထားတဲ့စာမျက်နှာပေါ်လာမှာ၊ ဒီလိုမဖြစ်စေချင်ဘူး၊ လက်ရှိစာမျက်နှာကိုလဲ ပျောက်မသွားစေချင်ဘူး၊ လင့်ချိတ်တဲ့စာမျက်နှာကိုလဲ ပွင့်စေချင်တယ်၊ ဒါဆိုရင်တော့ target_blank ဆိုတဲ့နည်းကိုသုံးပါတယ်၊ ရေးတဲ့နည်းကိုတော့ အထက်ဟက ရေးထားတဲ့ ပုံစံအတိုင်းရှိတဲ့ လင့်ကိုပဲရေးရတယ်၊ ဒါပေမယ့် ချိတ်တဲ့လင့်ရဲ့ နောက်ဆုံးမှာ target= “_blank” ကိုထည့်ပေးရမယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
Visit Us
အထက်က အတိုင်းရေးလိုက်ရင် ပုံမှန်တော့ ဘာမှမခြားနားပါဘူး၊ Visit Us ဆိုတဲ့စာသားပဲပေါ်လာမှာပါ၊ အဲ့ဒီ့ Visit Us ဆိုတဲ့စာသားကို ခလစ်တစ်ချက်နှိပ်လိုက်ရင်ဖြင့် နောက်ထပ် Tab တစ်ခုအနေနဲ့ “72coder.com” ၀က်ဆိုက်ပေါ်လာမှာပါ၊ ဒါကတော့ သင့်ဝက်ဆိုက်မှာထည့်ထားတဲ့လင့်ကို လက်ရှိစာမျက်နှာမှာ မပေါ်စေပဲ နောက်ထပ် new tab အနေနဲ့ စာမျက်နှာ အသစ်မှာပေါ်စေတဲ့နည်းပါ၊
နောက်ထပ်လေ့လာရမယ့် link ချိတ်နည်းတစ်ခုကတော့ Anchor Link ပါ၊ သူ့ကိုတော့ ၀က်ဆိုက်စာမျက်နှာတစ်ခုထဲမှာပဲ တစ်နေရာကနေ အခြားနေရာကိုကူးဖို့အတွက်သုံးတာပါ၊ သူ့ကိုသုံးဖို့အတွက် ပုံမှန်အားဖြင့်မလိုအပ်ဘူး၊ ဒါပေမယ့် သင့်ဝက်ဆိုက်ရဲ့ စာမျက်နှာက သိပ်ပီး ရှည်နေခဲ့မယ်ဆိုရင်ဖြင့် အောက်ဆုံး တစ်နေရာရာကနေ ပေါ်ဆုံးက နေရာတစ်ခုခု ကိုချိတ်ဖို့အတွက် သုံးပါတယ်၊ ဒီ့အတွက် ချိတ်ဆက်လိုတဲ့ နေရာကို အရင်ဆုံး သတ်မှတ်ရမယ်၊ ဆိုကြပါစို့ အပေါ်ဆုံး စာပိုက်ကိုချိတ်ဆက်လိုတယ်ဆိုရင်ဖြင့်  အဲ့ဒီ့ စာပိုဒ်ကို နာမည်တစ်ခုသတ်မှတ်ရမယ်၊ နာမည်ကိုကြိုက်တဲ့နာမည်သတ်မှတ်နိုင်ပါတယ်၊ ဒါပေမယ့် သတ်မှတ်တဲ့နည်းတော့ရှိတယ်၊ ဥပမာ အထက်ဆုံးစာပိုဒ်ရဲ့ ခေါင်းစဉ်က This is heading ဆိုတဲ့စာသားဆိုပါစို့ ဒါဆိုရင် အဲ့ဒီ့စာသားကိုအောက်ပါအတိုင်း HTML Link tag သုံးပြီး အရင်မှတ်သားရမယ်၊
This is heading
အထက်က အတိုင်း This is heading ဆိုတဲ့ စာပိုဒ်ရဲ့ခေါင်းစဉ်ကို HTML Link Tags ဖြစ်တဲ့   နဲ့ ၀ိုင်းလိုက်တယ်၊ ပြီးတော့ အဖွင့် link tag ရဲ့ <a အဆုံးမှာ name ဆိုတဲ့ attribute ကိုထည့်မယ်၊ ရေးပုံက name= “” လို့ရေးရတယ်၊ သူ့နောက်မှာပါတဲ့ နှစ်ထပ်ကော်မာထဲမှာတော့ သင်သတ်မှတ်ချင်တဲ့ နာမည်ကိုသတ်မှတ်နိုင်တယ်၊ အထက်က ဥပမာ မှာတော့ hippo လို့သတ်မှတ်ထားတယ်၊
အခု အထက်မှာသင့်ဝက်ဆိုက်ရဲ့အပေါ်ဆုံးစာပိုဒ်ကို anchor လင့်သုံးဖို့အတွက် နာမည်သတ်မှတ်လိုက်ပြီး၊ နောက်တစ်ဆင့်မှာတော့ သင့်ဝက်ဆိုက်ရဲ့အောင်ဆုံး စာကိုပိုဒ် (အောက်ဆုံး စာပိုဒ်မှ မဟုတ်ပါဘူး ဘယ်စာပိုဒ်ကို သုံးသုံးရတယ်) က နေ အပေါ်ဆုံး စာပိုဒ်ကိုလှမ်းချိတ်မယ်၊ ဒီ့အတွက် Anchor Link ချိတ်ဆက်နည်းကိုသုံးမယ်၊ ချိတ်မယ့်စာသားကိုအပေါ်ဆုံးစာပိုဒ်နဲ့ သက်ဆိုင်တဲ့ နာမည်တော့ ပေးပေါ့၊ အောက်မှာ ဥပမာ ကြည့်ပါ၊
don’t know what is heading! Read this
အထက်က အတိုင်း ရေးလိုက်ရင်ဖြင့် don’t know what is heading! Read this ဆိုတဲ့ စာသားကို အပြာအရောင် လင့် စာသားအနေနဲ့ တွေ့ရမယ်၊ အဲ့ဒီ့ လင့်ကိုနှိပ်လိုက်ရင်တော့ hippo လို့ အထက်မှာ နာမည်ပေးခဲ့တဲ့ အပေါ်ဆုံးစာပိုဒ်ကိုပြန်ရောက်သွားမယ်၊
Anchor link ကိုတော့ သင့်ရဲ့ ၀က်ဆိုက်စာမျက်နှာ သိပ်ရှည်နေရင် သုံးနိုင်ပါတယ်၊

ref:  http://www.72coder.com/

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>

အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

0 comments:

Post a Comment