Sunday 2 June 2013

M-JavaScript Lesson 7


ရှေ့အခန်းမှာ function ကို တည်ဆောက်ပုံနဲ့ခေါ်ယူ အသုံးပြုပုံကို သင်ပေးခဲ့ပါတယ်၊ ဒီအခန်းမှာတော့ ရှေ့အခန်းက ကုတ်ကိုပဲ button လေးကိုတစ်ချက်နှိပ်ပြီး function ကိုခေါ်တဲ့ နည်းကို လေ့လာပါမယ်၊ HTML မှာ Form ကိုလေ့လာခဲ့ပြီးပါပီ၊ အခု Form ကိုအသုံးချပြီး button တစ်ခုတည်ဆောက်မယ်၊ အဲ့ဒီ့ button ပေါ်မှာ ခလစ်နှိပ်ရင် function ရဲ့ အလုပ်ဖြစ်တဲ့ alert box ပေါ်လာအောင် function ကိုခေါ်မယ့် နာမည်ကို button မှာထည့်မယ်၊ အောက်မှာ form ကိုထည့်ဆောက်မယ်၊ (HTML form သုံးမှာဖြစ်တဲ့အတွက် နားမည်သေးရင် html မတတ်သေးရင် HTML သင်ခန်းစာကိုသွား)
<form>
<input type= “button” value= “touch me” onclick =”fonky( );”>
</form>
အထက်က လို HTML form ကိုတည်ဆောက်ပြီရင် နောက်ဆုံးမှာ JavaScript ရဲ့ onclcik method ကို သုံးမယ်၊ onclick ရဲ့တန်ဖိုးက fonky( ); ပါ၊ Fonky( ); က function ကိုခေါ်တယ်ဆိုတာတော့ သိပြီးပီနော်၊ ဒါဆိုရင် အရှေ့ခန်းမှာတည်ဆောက်ခဲ့တဲ့ကုတ်က အောက်ပါအတိုင်းပြောင်းသွားမယ်၊
အထက်က ကုတ်ကို Run ကြည့်ရင်တော့ ခလုပ်လေးပေးလာမယ်၊ အဲ့ဒီ့ ခလုပ်လေးကို နှိပ်လိုက်ရင် function ကိုခေါ်တာဖြစ်လို့ That look goofy ဆိုတဲ့စာလုံးပေါ်လာမယ်၊
HTML Form ထဲမှာ Onclick သုံးပြီး Onclick ရဲ့ တန်ဖိုးကို function ကိုခေါ်မယ့် fonky( ); လို့ ပေးထားတာကိုသတိပြုပါ၊
နောက်ထပ် တစ်ဆင့်အနေနဲ့ Parameter လို့ခေါ်တဲ့ ဂွင်းစ ဂွင်းပိတ်ထဲမှာထည့်ရမယ့် ကုတ်အကြောင်းကိုရှင်းပြမယ်၊ သူကတော့ ပုံမှန်အဖြေထုတ်မယ့် Varaible တွေကို သတင်းအချက်အလက်ပြောင်းပြီးထုတ်လို့ရအောင်ကူညီပေးတယ်၊ ဥပမာ သင်က alert(“hello”) ဆိုတဲ့စာသားကို  function ရဲ့အလုပ်အဖြေစ်ထည့်ထားတယ်၊  ဒါဆိုရင် function ကိုခေါ်လတဲ့ အခါ အဲ့ဒီ့ function ရဲ့ အလုပ်ဖြစ်တဲ့ hello ကိုအဖြေမှာထုတ်ပေးမယ်၊ အောက်မှာကြည့်ပါ၊
အထက်က ဥပမာက တော့ သုံးပြီးသားပါ၊  ဒါပေမယ့် အထက်က ဥပမာမှာ I am a function နောက်မှာ နောက်ထပ် စာသားထပ်ထည့်ချင်တယ်၊ ထပ်ထည့်တဲ့အခါမှာလဲ ခေါ်တဲ့ function ပေါ်မူတည်ပြီးထည့်ချင်တယ်၊ ဒီလိုဆိုရင်တော့ ခေါ်တဲ့ Function ရဲ့နောက်က လေးထောင့်ကွက်ထဲမှာ သင်ထပ်ဖြည့်လိုတဲ့ အချက်အလက်ကို ထည့်လိုက်ပါ၊ ဆိုကြပါစို့ created by 72coder ဆိုတဲ့စာသားကိုထပ်ဖြည့်ချင်တယ်၊ ဒါဆိုရင် အဲ့ဒီ့ စာသားကို  ခေါ်မယ့် function ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲထည့်မယ်၊ အောက်မှာကြည့်ပါ၊
bookie (“created by 72coder”); ထည့်ရတာ၊ အောက်က ဥပမာကိုကြည့်ပါ၊
အထက်က လို ထပ်ဖြည့်ချင်တဲ့ function ခေါ်တဲ့ ကုတ်ထဲကိုထည့်ပြီးရင်ဖြင့် နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီ့ စာသားကို အပေါ်က function bookie ( ) ရှိ ဂွင်းစ ဂွင်းပိတ်ထဲကို လှမ်းပို့မယ်၊ (passing လုပ်တယ်လို့ခေါ်တယ်)၊ ဘယ်လို passing လုပ်မလဲ ဘယ်လိုမှ အထွေအထူးလုပ်စရာမလိုဘူး၊ function bookie ( ) နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာ သင်သတ်မှတ်လိုတဲ့ အက္ခရာကိုထည့်လိုက်ရုံပဲ၊  အခု ဥပမာ အနေနဲ့ x လို့ထည့်လိုက်၊  ဒါဆိုရင် x ရဲ့တန်ဖိုးက အောက်က function ကိုခေါ်ဖို့ အတွက်သုံးတဲ့ bookie နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာရှိတဲ့ တန်ဖိုး ဖြစ်သွားမယ်၊ Variable အသစ်သတ်မှတ်သလိုပါပဲ၊ အပေါ်က x ရဲ့တန်ဖိုးက အောက်က bookie နောက်ရှိ ဂွင်းစ ဂွင်းပိတ်ထဲက တန်ဖိုးဖြစ်သွားတာပါ၊
အထက်က အတိုင်း  function bookie (x) ဆိုပြီး အောက်က function ထဲက တန်ဖိုးကို x က လက်လွဲယူပြီးနောက်မှာတော့ အဲ့ဒီ့ x ကိုသုံးပြီး အဖြေထုတ်မယ်၊ အဖြေထုတ်နည်းကတော့ အရှေ့က သင်ခန်းစာတွေမှာ သင်ခဲ့တဲ့ အတိုင်း adding sign ကိုသုံးမယ်၊ အောက်မှာကြည့်ပါ၊
အထက်က ဥပမာကိုသေချာလေ့လာပါ၊ bookie နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာရှိတဲ့ created by 72coder ဆိုတဲ့ စာသားကို အပေါ်က function bookie ရဲ့နောက်က x  ကို လှမ်းပြီး လွဲပေးတာကိုတော့ passing လုပ်တာလို့ခေါ်ပါတယ်၊ နောက်ပိုင်းလက်တွေ့သုံးလာရင် တကယ့်ကိုအသုံးဝင်တာကိုသလောပေါက်လာပါမယ်၊ အောက်မှာဥပမာ ကြည့်ပါ၊

အထက်က ကုတ်မှာ function ကိုခေါ်တဲ့ bookie ရဲ့နောက်မှာ တန်ဖိုး အမျိုးမျိုး ထားတယ်၊ အဲ့ဒီ့ တန်ဖိုးတွေကို အထက်က function bookie ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲကိုပို့ပေးတယ်၊ (passing လုပ်တယ်) အဲ့ဒီ့အဖြေကို alert( ) နောက်ရှိ ဂွင်းစ ဂွင်းပိတ်ထဲမှာ ရှိတဲ့ တန်ဖိုးနဲ့ တွဲပြီး အဖြေထုတ်ပေးတယ်၊ အထက်မှာတော့ တန်ဖိုး လေးခုကိုလွဲပေးတာဖြစ်တဲ့အတွက် အဖြေလေးခုကိုထုတ်ပေးပါတယ်၊့

                                             .............မူရင်းလင့်.........
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

0 comments:

Post a Comment