Monday 17 June 2013

Html-2 ၇ဲ့... Heading ခေါင်းစဉ် သင်ခန်းစာ


html_2

HTML  heading

သတင်းစာတွေမှာ ခေါင်းစဉ်စားလုံးကိုအကြီးနဲ့ရေးကြပါတယ်၊ ဒီလိုပဲ သင့်ဝက်ဆိုကမှာလဲ ခေါင်းစဉ်စာလုံးတွေကို 

စာလုံးအကြီးနဲ့ ရေးလိုရပါတယ်၊ စာလုံး 

အကြီး တွေကို 1 က နေ 6 အထိ တဖြည်းဖြည်း သေးသွားတယ်၊ h1 က အကြီးဆုံးဖြစ်ပြီး h6 က အသေးဆုံး၊ 

HTML Tag တွေရဲ့သဘာဝအတိုင်း သူတို့အား

လုံး မှာ အဖွင့်အပိတ်ဆိုပြီးရှိကြတယ်၊ အောက်က ဥပမာ ကို ကြည့်၊

<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<h1> ခေါင်းစဉ်အရွယ်အစား 1 စာလုံး </h1>
<h2> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h2>
<h3> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h3>
<h4> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h4>
<h5> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h5>
<h6> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h6>
</body>
</html>

အထက်က ဥပမာ ကို Run လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ဝက်ဆိုက်စာမျက်နှာမှာ မတူညီတဲ့ အရွယ်အစားရှိတဲ့ စာလုံးတွေပေါ်လာမယ်၊ အဲ့ဒီ့ ကနေ ခေါင်းစဉ်
စာလုံး တွေကို ဘယ် အရွယ်အစား သုံးချင်လဲ သုံးသင့်လဲ ဆိုတာကို နမူနာယူပါ၊ နောက်ပိုင်းရေးတဲ့အခါ ကျရင်တော့ သင်ကြိုက်တဲ့ ခေါင်းစဉ်အရွယ်အစား
သုံးပြီးရေးနိုင်တယ်၊ သတိထားရမှာက အဖွင့်အပိတ် နှစ်ခုလုံးပါအောင်ရေးဖို့ပဲ၊
Headings Are Important
တချို့တွေက စာလုံးကြီးရင်ပြီးရောဆိုပြီး Strong Tag , Bold Tag နဲ့ Font size တွေ သုံးပြီး ခေါင်းကြီးစာလုံးတွေကို ပြုပြင်ကြပါတယ်၊   ခေါင်းကြီးစာလုံးရဲ့ 
heading Tags ကိုတော့ မသုံးကြတော့ဘူး၊ 72coder က အကြံပြုချင်တာကတော့ ခေါင်းစဉ်အတွက် heading tag တွေကိုပဲသုံးပါ၊ ဒါမှမဟုတ်ရင်ဖြင့်နောက်
ပိုင်း စာမျက်နှာတွေအများကြီးပါတဲ့ ဆိုက် ကြီးတွေကို CSS သုံးပြီး အလှဆင်ရင်ပြသနာဖြစ်တတ်ပါတယ်၊ ဒီ့အပြင် heading Tag တွေနဲ့ ၀ိုင်းထားတဲ့စာ
သားတွေ ကို browser ကတွေ့ရင် အဲ့ဒီ့ heading tag မှာပါတဲ့စာသားရဲ့ ရှေ့နဲ့ နောက်မှာ နေရာလွတ်ကိုအလိုလျှောက်ချန်ပေးထားတယ်၊ နေရာလွတ်ဆိုတာ
တခြား စာသားတွေမကြူးကျော်လာနိုင်အောင်မျဉ်တာပေးထားတာ၊ မျဉ်းကိုတော့မတွေ့ရပါဘူး၊ ဒါပေသည့်ရှိပါတယ်၊
နောက်အရမ်းအရေးကြီးတဲ့အချက်က Search enging ဖြစ်တဲ့ Google တို့ Yahoo တို့က သင့်ရဲ့ ဆိုက်ရှိ အကြောင်းအရာတွေကို ရှာဖွေတဲ့အခါမှာ သင့်ဝက်
ဆိုက်ရဲ့ heading ခေါင်းစဉ်ကို မူတည်ပြီးရှာပါတယ်၊ ဒါကြောင့် heading tag မသုံးရင် Search engine က သင့်ဆိုက်ကိုရှာရတာ ခက်ခဲပါတယ်၊
သင့်ဆိုက်ကို ၀င်ရောက်လေ့လာသူတွေအနေနဲ့လဲ ခေါင်းစဉ်ကို ရှာပြီး သူလိုအပ်တဲ့ အကြောင်းအရာ ဟုတ်လားမဟုတ်လားကိုအလွယ်တစ်ကူဆုံးဖြတ်နိုင်မှာပါ၊
အရေးကြီးရင် ကြီးသလို heading tags တွေကို ချိန်ပြီးသုံးနိုင်ပါတယ်၊ သိပ်အရေးကြီးတယ်ဆိုရင်ဖြင့် အရေးကြီးတဲ့စာသားကို h1 နဲ့ ရေး၊ ခေါင်းစဉ်မှန်
သမျှကိုတော့ heading tags ထည့်ဖြစ်အောင်ထည့် ဒါမှ အသုံပြုသူတွေက အကြောင်းအရာတစ်ခုကိုရှာမယ်၊ အဲ့ဒီ့ အကြောင်းအရာက သင့်ဝက်ဆိုက်မှာ
ပါတယ်ဆိုရင် Search Engine က သင့်ဝက်ဆိုက်ကို အလွယ်လေးရှာတွေ့မှာ၊
HTML Link
HTML မှာ လင့်တွေထည့်လို့ရတယ်၊ ဥပမာ သင် ရဲ့ ၀က်ဆိုက်စာမျက်နှာကနေ အခြား ၀က်ဆိုက်စာမျက်နှာကို လှမ်းညွန်းလို့ရတယ်၊ လင့်ထည့်ဖို့အတွက်
သုံးရတဲ့ HTML tag ကတော့ <a> tag ပါ၊ အဖွင့်ကို <a> လို့ရေးပြီး အပိတ်ကိုတော့ </a> လို့ရေးပါတယ်၊ ဥပမာ သင့်ဆိုက်မှာ 72coder.com ဆိုက်ကို
လင့်ချိတ်မယ်ဆိုရင် အဖွင့် HTML Link tag ရဲ့အတွင်းမှာ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးပေးရတယ်၊ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးတဲ့အခါ href လို့ခေါ်တဲ့
hyper reference ကိုပါထည့်ရတယ်၊ အောက်မှာကြည့်ပါ၊
<a href= “72coder.com”>ဒီဆိုက်ကိုသွားလည်ပါ</a>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် ဒီဆိုက်ကိုသွားလည်ပါဆိုတဲ့စာသားကို အပြာရောင်နဲ့ ရေးထားတာတွေ့မယ်၊ အပြာရောင်ရဲ့သဘောကတော့
အဲ့ဒီ့စာသားမှာ လင့်ပါတယ် ဆိုတဲ့သဘောပါ၊ အဲ့ဒီ့စာသားကို နှိပ်လိုက်ရင် (အင်တာနက်ချိတ်ထားရင်) 72coder.com site ကို သင့်ကိုခေါ်သွားလိမ့်မယ်၊
ဒါကတော့ သင့်ဆိုက်မှာ လင့်ချိတ်တဲ့ပုံပါ၊ သုံးတဲ့ HTML Tags က <a> နဲ့ </a> တို့ပါ၊ အဖွင့် <a> ရဲ့အတွင်းမှာ href= “ ” လို့ထည့်ပေးပြီး နှစ်ထပ်ကော်မာ
ရဲ့ ကြားမှာတော့ သင်လင့်ချိတ်လိုတဲ့ ဆိုက်ရဲ့နာမည်ကို ထည့်ရပါတယ်၊ “ဒိဆိုက်ကိုသွားလည်ပါ” ဆိုတဲ့စာသားကိုတော့ သင်စိတ်ကြိုက် လိုအပ်တဲ့စာသားရေး
လို့ရတယ်၊ အဲ့ဒီ့စာသားက ၀က်ဆိုက်စာမျက်နှာမှာ ပေါ်မယ့်စာသား၊
အထက်မှသုံးခဲ့ href = “ ” ကတော့ target link ဖြစ်ပါတယ်၊ သူ့အကြောင်းကိုတော့ နောက်ပိုင်း  HTML Link တွေကို အသေးစိတ်ရှင်းပြရင် ထည့်သွင်းရှင်းပြ
ပေးပါမယ်၊

                                          72 coder ရဲ့နည်းပညာများ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

Post a Comment