Saturday, 10 November 2012

Gtalk Virus ကို တိုက်ဖျက်နည်းတစ်မျိုး


Gtalk မှာ ဗိုင်းရပ်ဝင်လာရင် စိတ်အရမ်းညစ်ဖို့ကောင်းပါတယ်။
ချက်တင်လုပ်တဲ့အခါ သူက ၀င်ဝင်ရှုပ်တတ်သလို သူ့မှာ လင့်တစ်ခုအနေနဲ့လည်း ကြေညာတတ်ပါတယ်။
သူ့ကို ကလစ်လိုက်တာနဲ့ မိမိစက်ထဲမှာ သူက နေရာတော်တော်များများကို သွားပြီး အနှောင့်ယှက်ပေးတော့တာပါပဲ။ စက်က တစ်ဖြေးဖြေး လေးလံလာမယ်.. ကွန်ပျူတာကို သုံးရတာ စိတ်ညစ်သည်ထက် ညစ်လာမယ်။
အဲဒိ Gtalk ဗိုင်းရပ်အမျိုးစားကို ကွန်ပျူတာဘာသာစကားနဲ့ ဆို "explorer.scr" လို့ ခေါ်ပါတယ်။
သူ့ကို ရှင်းထုတ်လိုက်မယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။ အခြား ဆော့ဝဲနဲ့ သုံးလည်း အဆင်ပြေတာတွေရှိပေမယ့် ခုနည်းလေးက လွယ်လင့်တကူ ရှင်းလင်းဖို့ အတော်လေးကို အထောက်ကူပြုပါတယ်။
အဆင့် (၁) .
ကွန်ပျူတာ ကီးဘုတ်ကနေ ၀င်းဒိုးခလုပ်လေးကို နှိပ်လိုက်ပါ။


ပုံတွင်ပါသည့်အတိုင်း regedit ဆိုတာလေးကို search box မှာရိုက်ထည့်လိုက်ပါ။ ပြီးနောက် enter ကို နှိပ်ချင်နှိပ် သို့မဟုတ် အပေါ်က regedit ကို နှိပ်ချင်နှိပ်ပါ။
အဆင့် (၂)
registry editor တွင် Edit ကိုကလစ်ပါ။ ထို့နောက် Find ကို ကလစ်ပါ။

အဆင့် (၃) .
ပေါ်လာသော အကွက်ထဲတွင် explorer.scr ကို ရိုက်ထည့်ပြီး enter (or) find next ကို ကလစ်ပါ။
သူရှာနေပါပြီ
ထို့နောက် သင့်စက်ထဲမှာ စောစောက ပြောခဲ့တဲ့ explorer.scr ကိုသူတွေ့တဲ့အခါ အဲဒိ အပေါ်မှာ Mouse ညာဘက်ကလစ်လေးတင်ပြီး...  Delete ကိုသာ နှိပ်လိုက်ပါ။
ပြီးရင် ကွန်ပျူတာကို ဆော့ဝဲ အကုန်ပိတ်.. ပြီးတော့ ရီစတက် (Restart) ချ... လိုက်ပါ။
ပြန်တက်လာရင် Gtalk မှာ သူတို့ မရှိတော့သလို... စက်ထဲမှာလည်း သူတို့ မရှိတော့ပါဘူး။
သူတို့ဆိုသည်မှာ အောက်ပါအတိုင်း ပေါ်လာမည်။ မည်သူမျှ မကလစ်ပါနဲ့။ (ထိုလင့်အား လုံးဝ လုံးဝ မကလစ်ပါနဲ့ဟု ထပ်မံ အသိပေးပါရစေ)

http://h1.ripway.com/db0/privateCam.exe
  Hey Please help me to test my new cam application http://h1.ripway.com/db0/privateCam.exe
  ok
thats fine
ပြန်လည်မျှဝေလိုက်ပါသည်နော်......
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

 အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
မှတ်စုစာအုပ် http://aungsan96.blogspot.com/
ဒီပဲယင်းသားလေး www.depelyin.co.cc
 ဆော့ဝဲလ်မြို့တော် www.aungkyaw.com ဓ
မ္မဗိမာန် http://dhamabimarn.blogspot.com/

0 comments:

Post a Comment