အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။
အရင်ဆုံး gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailက style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။
အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... ။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု ပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။
ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် .. ။ ခုန က အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် .. ။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
မှတ်စုစာအုပ် http://aungsan96.blogspot.com/
ဓမ္မဗိမာန် http://dhamabimarn.blogspot.com/
အကိုရေးကျေးဇူးအရမ်တင်ပါတယ်ဗျို့
ရသွားပြီး ထာဝရပျော်ရွင်ပါစေအကို