ဘလော့ကိုစတင်တဲ့ လူသစ်များအတွက် မိမိတို့ဘလော့မှာ သူငယ်ချင်းကို ၀င်ရေးးဖို့ ဖိတ်ခေါ်မယ်ဆိုရင် နည်းလမ်းလေးပါ..ဒါကလည်း အေတ်ာများများသိကြပါတယ်.. မသိသေးတဲ့
ညီလေးးတယောက် ဟိုတလောက Gtalk မှာ မေးထားတာရှိလို့ ခုဘဲသတိယတာနဲ့ ထရေးဖြစ်တာပါ.. သေခြာ ပုံလေးတွေ နဲ့ ရှင်းပြလိုက်ပါ့မယ်..နော်...
အဆင့် (၁)...အနေနဲ့ ဘလော့ကာ ၀င်လိုက်ပါ...
ပုံမှာ ပြထားသလို setting ဆိုတာကလစ်လိုက်ပါ...
အဆင့် (၂) ကတော့ အောက်ကပုံကို ကြည့်လိုက်ပါ...
Add Author ဆိုတာလေးကလစ်ပါ... ဘောက်လေးကျလာမယ် မိမိဖိတ်လိုတဲ့ သူငယ်ချင်းရဲ့
အီးမေးကို ရေးထည့်လိုက်ပါ.. ဥပမာ.. bloggertraveller@gmail.com ဆိုပြီးပေါ့..
အဲခါမှာ အဲသူငယ်ချင်းရဲ့ မေးမှာ စာဝင်လာပါပြီ.. ဖိတ်ထားတဲံအကြောင်းပေါ့.. မေိးကု ဖွင့်ပြီး
လက်ခံပေးရပါမယ်... ဒါဆို အဲသူငယ်ချင်း မိမိဘလော့မှာ ပို့စ်တွေ တင်ခွင့်ရပါပြီ..
တကယ်လို့ အဲလူကို လုပ်ပိုင်ခွင့်အပြည့် Admin ပေးမယ်ဆိုပါက ပုံမှာ ပြထားသလို
ပေါ့... Author ကနေ Admin ကိုပြောင်းပေးလိုက် ရုံပါဘဲ...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
မှတ်စုစာအုပ် http://aungsan96.blogspot.com/
ဒီပဲယင်းသားလေး www.depelyin.co.cc
ဆော့ဝဲလ်မြို့တော် www. aungkyaw.com
ဓမ္မဗိမာန် http://dhamabimarn.blogspot.com/

ဘလော့ခေါင်းစဉ်ရဲ့အနောက်မှာ ဓာတ်ပုံလေးနဲ့လုပ်ချင်ပါတယ်။ပြောပြပါအုံး၊ ဥပမာ - ဒကာတော်ရဲ့ဘလော့ခရီးသည်ရဲ့အနောက်မှာ မန္တလေးကျုံးပုံလေးပါသလိုမျိုးပေါ့
တင်ပါ့အရှင်ဘုရား ဘလော့လိပ်စာလေးချန်ခဲ့ပေးစေလိုပါတယ်.. ခေါင်းစဉ် background ထည့်တာ ရပါတယ်ဘုရား..ထည့်ပုံက မူရင်းတက်ပလက်ဆို ဘယ်ပုံ ချိန်းထားတဲ့ ဟာဆို ဘယ်လို ဆိုတဲ့ ကွာဟချက်လေးတော့ရှိပါတယ်
ဒါကြောင့် အရှင်ဘုရားရဲ့ ဆိုဒ်လေးကို ကြည့်ပါရစေဘုရား တပည့်တော် အဆင်ပြေအောင် ကူညီပါ့မယ် ဘုရား
ဦးဇင်းရဲ့ဘလော့က shweparami.blogspot.com ပါ။
Menu bar ကို မနေ့ကမှ လုပ်ကြည့်မိပါတယ်။ လင့်တော့မလုပ်ရသေးပါဘူး။ ဘလော့တစ်ခုကို ကောင်းကောင်းမလုပ်တတ်သေးပါဘူး။ လက်ရှိလုပ်ဆောင်နေတဲ့သာသနာပြုလုပ်ငန်းသဘောအရ ရှိသင့်ရှိထိုက်တယ်ထင်လို့ ကိုယ်တိုင်ဖန်တီးလိုက်တာပါ။
ဒကာတော်ဆီက အကူအညီအများကြီးလိုပါလိမ့်မယ်။
admin တစ်ယောက်အဖြစ် အကူအညီတောင်းချင်လို့ ဒကာတော်ရဲ့ အီးမေးလ် လိပ်စာနဲ့ ဖုန်းနံပါတ်လိုချင်ပါတယ်။
ဦးဇင်းရဲ့ ရွှေပါရမီ ပညာဒါန ဘလော့အတွက် အဓိက လိုအပ်တာက နည်းပညာဆိုင်ရာတွေပါ။
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း ဖွင့်ထားတာဆိုတော့
တပည့်ကျောင်းသားတွေအတွက် လိုအပ်မယ်ထင်လို့ပါ။ ကိုယ်ကိုယ်တိုင်ကလဲ အမ်အေ Thesis ရေးနေရတဲ့ ကျောင်းသားတစ်ယောက်ဆိုတော့ မအားလို့ ဘလော့နဲ့ပတ်သတ်တာတွေကို မလေ့လာမိခဲ့ဘူးလေ။ အခုမှ ဘလော့ဖန်တီးချင်စိတ်ပေါက်လာတာနဲ့ ထလုပ်ဖြစ်တာပါ။
ကျေးဇူးအထူးတင်ပါသည်ဗျာ
ူကျေးဇူးတင်ပါတယ်