Tuesday 10 September 2013

အခကြေးငွေဖြင့်အသုံးပြုရသော Frozen Keyboard Pro အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီ


အခကြေးငွေဖြင့်အသုံးပြုရသော Frozen Keyboard Pro အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီ


ယခင်က အခမဲ့အသုံးပြုရပြီး စက်တင်ဘာလမှစတင်ကာ အခကြေးငွေဖြင့်

 အသုံးပြုရမည်ဖြစ်သော Frozen Keyboard Pro (မြန်မာဘာသာအသုံးပြုနိုင်သောKeyboard)

 ကို စက်တင်ဘာ ၈ ရက်အထိ အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု

 အဆိုပါ Keyboard Pro ကို ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ Frozen keyboard ကို သြဂုတ် ၃၁ ရက်အထိသာ အခမဲ့အသုံးပြုနိုင်ပြီး

 စက်တင်ဘာမှစတင်ကာ ကျပ် ၁၀၀၀ ဖြင့် ရောင်းချခဲ့ရာ တစ်ပတ်ကျော်အတွင်း

 အခကြေးငွေဖြင့် ၀ယ်ယူအသုံးပြုသူ ၂၀၀၀ ကျော်ရှိခြင်းဖြစ်သည်။

အဆိုပါ Frozen keyboard မှာ မြန်မာစာသုံးနိုင်ရန် 

smart ဖုန်းသုံးသူအများစု အသုံးပြုခဲ့သည့် keyboard ဖြစ်ပြီး

ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က “Frozen Keyboard Pro ကို အသုံးပြုချင်သူတွေ 

Google Play စတိုးမှာ ၀ယ်ယူနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ 

ဒီနှစ် အမီတော့ Frozen Keyboard ကို Play စတိုးမှာ ၀ယ်ယူလို့ ရရှိနိုင်အောင် ပြုလုပ်သွားမှာပါ။ 

ဗားရှင်းအသစ်ကိုတော့ ရေးဆွဲမှာပါ။ အချိန် အတိအကျကိုတော့ ပြောလို့မရသေး ပါဘူး”ဟု ပြောသည်။

၁၀၀၀ ကျပ်ဖြင့်ရောင်းချသော Frozen Keyboard Pro တွင် မြန်မာစာနှင့် ရှမ်းစာအသုံးပြုနိုင်မည်ဖြစ်ပြီး 

အသုံးပြုနိုင်သည့် အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိပေ။


အဆိုပါ Frozen Keyboard Pro ကို ရန်ကုန်မြို့တွင်

Win Mobile, World Telefono Mobile House, Phone Corner၊

မန္တလေးမြို့တွင် Alpha, Power Mobile Centre, ရွှေနဂါး Mobile၊

 နေပြည်တော်တွင် Mobile Mania နှင့် အခြားမြို့များရှိဖုန်းဆိုင်များတွင်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ 


အိုင်တီခေတ်

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ



လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ



စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

1 comments:

  • thant zayar says:
    14 September 2013 at 10:45

    အ ကို ခင် ဗျား android phone မှာ root လုပ် ပီး ရင် system appတွေ uninstall လုပ် ရ တယ် ဆို လို့ လက် တည့် စမ်း လိုက် တာ လက် လွန် သွား ပြီး android system app ပါ ပါ သွား ပါ တယ်။ဖုန်း ပိတ် ပြီး ပြန် ဖွင့် တော့ တက် မ လာ တော့ ပါ ဘူး။ သူ များ တွေ ပြော နေ တဲ့ software ကျ တာ ထင် ပါ တယ် ။computer လည်း ကျွန် တော့် မှာ ရှိ ပါ တယ်။ဒါ့ ကြောင့် software ပြန် တင် နည်း လေး ပြောပြ စေလို ပါတယ်။ ebook ဆိုလည်း ရပါတယ် ဗျာ။

Post a Comment