Monday 16 September 2013

Computer တွေအတွက် Smart Defrag v2


Orbit ကထုတ်လိုက်တဲ့ Smart Defrag v2 လေးပါ။ ကွန်ပျူတာတွေကို Defragment လုပ်ဖို့အတွက် သင့်တော်တဲ့ software လေးပါဗျာ။ Defragment လုပ်တယ်ဆိုတာဘာလုပ်တာလဲဆိုတာ Computer အသုံးပြုတဲ့သူတိုင်းသိကြမှာပါ။ မသိသေးတဲ့ သူတွေအတွက် ကျွန်တော်နည်းနည်းပြောပြပေးလိုက်ပါ့မယ်။ ကျွန်တော်တို့က computer ကို program တော်တော်များများကို အသုံးပြုပြီး ခိုင်းတယ်။ ကိုယ် run လိုက်တဲ့ program တွေကို hard disk ထဲမှာ နေရာလွတ်တော်တော်များများကို နေရာယူထားကြတယ်ဗျ။ နေရာယူလာ တာတွေများလာတဲ့ အခါမှာ computer ကိုအသုံးပြုရတာနှေးကွေးလာတာပါပဲ။ ရိုးရိုးပြောရရင် ခိုင်းလို့မကောင်းတော့ဘူးပေါ့ဗျာ။ ဥပမာအနေနဲ့ပြောရရင် ကိုယ့်အခန်းလေးလိုပေါ့ဗျာ။ အခန်းထဲမှာ ခြေချစရာတောင် နေရာမရှိတော့ဘူးဆိုရင် ဘာလုပ်ရမှန်းသိတော့မှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ အခန်းရှင်းပြီး ပစ္စည်းတွေကို နေရာတကျပြန်ထားရတာပေါ့ဗျာ။ အဲလိုပါပဲ။ Computer ရဲ့ hard disk ထဲမှာလဲ ကိုယ်ခိုင်းထားတဲ့ program တွေ နေရာယူထားတဲ့ memory space တော်တော်များများ ကို ဒီ software လေးက နေရာပြန်စီပေးပါလိမ့်မယ်ဗျာ။ အဲဒါဆိုရင် ကိုယ်သုံးနေတဲ့ computer လေးကို သွက်လက်ပေါ့ပါးသွားပြီပေါ့ဗျာ။ ကြေငြာနေတာနဲ့တင် တော်တော်လေး လေကြော
ရှည်မိသွားတယ်ဗျာ။ ကျွန်တော့်လို ဘုမသိ ဘမသိဖြစ်မှာဆိုးလို့ပါဗျာ။





အောက်က link ကနေ download လုပ်နိုင်ပါပြီဗျာ။



Aung Ko Htet (IT studier)

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ

စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment