Monday 22 July 2013

Graphic မန်မိုရီကို ဘယ်လိုကြည့်မလဲ



ဒီနည်းလေးကတော့ ဘာမှပြောင်းလဲပေးဖို့ မလိုပါဘူး..။ ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ ကွန်ပျူတာတွေမှာ ဂရပ်ဖစ်မန်မိုရီကလည်း တခန်းပါဝင်ပါတယ်..။ ဘာလို့လဲဆိုတော့ ဂရပ်ဖစ်မရှိရင် Games တွေကစားလို့မရပါဘူး..။ နောက်ပြီး Screen Saver လည်းအလုပ်မလုပ်ပါဘူး..။

စက်အဟောင်းတွေ ဝင်းဒိုးအသစ်တင်တဲ့အခါ ဂရပ်ဖစ်တွေ ပျောက်တတ်ပါတယ်..။ အဲခါမျိုးတွေမှာ Driver အခွေရှိတဲ့စက်တွေကတော့ လွယ်ပေမယ့် Driver ခွေမရှိတော့တဲ့စက်တွေမှာတော့ အင်တာနက်မှာ လိုက်ရှာရတာ အတော်လေး ရွာလည်ပါတယ်..။  နောက်တစ်ခုက မိမိတို့စက်ရဲ့ ဂရပ်ဖစ်က တအားနည်းနေတဲ့အခါ ၊ တချို့ဂိမ်းတွေ ဆော့လို့မရတဲ့အခါ ဂရပ်ဖစ်ကတ်ကို ထပ်မြင့်လို့ရပါတယ်..။ အပိုထပ်တိုးလို့ ရပါတယ်..။ အဲဒါကတော့ ဆိုင်မှာ သွားလုပ်ရမှာပါ..။ ဂရပ်ဖစ်ကတ်တော့ပါပြီး ဂရပ်ဖစ်မန်မိုရီ အလုပ်မလုပ်တဲ့အခါ ပုံမှာပြထားတဲ့ B နေရာမှ ဂရပ်ဖစ် တန်ဖိုး မပေါ်ပဲနဲ့ n/a ဆိုတဲ့ စာသားလေးပဲ မြင်ရမှာပါ..။ အဲလိုမျိုးပေါ်နေရင်တော့ မိမိစက်ရဲ့ မော်ဒယ်နဲ့ အမျိုးအစား တူမယ့် ဂရပ်ဖစ်ဆော့ဝဲလ်ကို ရှာပြီးသာ ထည့်ပေတော့...။
ဂရပ်ဖစ်ကို ကြည့်နည်းလေးကတော့ ကီးဘုတ်မှ ရှော့ကပ်ကီး windows+R နဲ့ Run Box ကိုဖွင့်ပြီး.. dxdiag စာသားကိုရိုက်ထည့်ပါ..။ Enter သို့မဟုတ် OK နှိပ်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



ဂရပ်ဖစ်မန်မိုရီ 256 MB လောက်ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ..။ ဂိမ်းတော်တော်များများကိုလည်း ဆော့လို့ရပါပြီ..။

                
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

Post a Comment