Monday 29 July 2013

ဘလော့ကာများအတွက် အထူးးးးသတင်းးး( ဖတ်ဖြစ်အောင်ဖတ်ကြပါ)



ဘလော့ခရီးသည် ပရိတ်သတ်များကို သတိပေး အပ်ပါတယ်ဗျာ.... သည်နေ့ဘဲ ကျွန်တော့်ရဲ့
လယ်တီမြေသား  ဆိုဒ်ကို  Blogger Team မှာ... ပယ်ဖျက်ခြင်းကို ခံလိုက်ရပါတယ်... အကြောင်းကတော့
ကျွန်တော် တို့တင်တဲ့ပို့စ်တွေကို  Malware တွေပါ မပါ....မစစ်ဆေးနိုင်ခြင်းးး  နှင့်...တခြားဘလော့တွေပေါ်က  ကော်ပီယူ တင်သည်ဖြစ်စေ  ကိုယ်ပိုင် ရေးသည်ဖြစ်စေ  ဘလော့တွေ များများ မျှဝေတင်မယ်ဆို  ခေါင်းစဉ်ကို တစ်ထပ်တည်းကျကျ တင်တာ များလာတာတွေလည်းဖြစ်စေနိုင်ပါတယ်... ဒ်ါကလည်း ဖြစ်တောင့်ဖြစ်ခဲကိစ္စပါ  ခုကတော့ လက်တွေ့ ကျကျ ဖြစ်လိုက်တော့ တခြား ဘော်ဒါ  ဘလော့ကာအပေါင်းးသိစေလိုသဖြင့်  အချိန်မှီ  ပြန်လည် သတိပေးခြင်းဖြစ်ပါတယ်... အချိန်ပေးနိုင်မယ်ဆို   တင်မဲ့ဖိုင်တွေ ဆော့ဝဲလ်တွေကို သေခြာ စီစစ်စေလိုပါတယ်...
အဲအတွက်   ဖိုင်တွေကို         သည်နေရာလေးမှာ       သွားပြီး စစ်ဆေးနိုင်ပါတယ်..... 
နောက်ထပ်  ဆောင်သင့်တဲ့နည်းလမ်းကတော့ မိမိတို့ ဘလော့ကို  Backup မှန်မှန် ယူထားဖို့ပါဘဲ
အဲံအတွက် ကျွန်တော် ပို့စ်ရေးရှင်းပြထားပါတယ်.. ဘလော့တစ်ခုလုံးကို  ဘက်အပ်လုပ်ယူထားနည်းပါ
သည်နေရာမှာ     ၀င်ရောက်လေ့လာနိုင်ပါတယ်...
ဘာဘဲဖြစ်ဖြစ်   backup  လုပ်ထားတာကတော့မလွန်ပါဘူးးးနော်  ကျွန်တော်လည်း  လုပ်ထားတာ ရှိပါတယ်.... အဲတော့ မူရင်း ဆိုဒ်အတိုင်ူးမပျက် ပြန်လည်  ထူထောင်နိုင်မှာ ဖြစ်ပါတယ်...

ယခု ဖျက်ခံလိုက်ရတဲ့  ဘလော့တွေကတော့
-လယ်တီမြေသား
-ကိုလတ် ( ကျွဲဆင်း-နည်းပညာ )
-Programmingclass  (ဆရာမဒေါ်ထားထားလွင်)
           တို့ဖြစ်ပါတယ်.....


အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
ဘလော့ခရီးသည် 
www.aungsanmks.blogspot.com 
www.ninilayy.com

1 comments:

  • လွမ်းမပြေ says:
    30 July 2013 at 04:09

    ဘလော့ခ်တွေ အဖျက်ခံထိတာ copyright ကိစ္စနဲ့လည်း သက်ဆိုင်ပါတယ်... အထူသဖြင့် windows နဲ့ပတ်သက်တဲ့ post တွေတင်ရင် google ကနေ မကြာခန သတိပေးစာတွေပို့လာတာတွေ့ရပါတယ်... အဲလိုပို့လာတဲ့စာထဲမှာ copyright နဲ့ငြိစွန်းနေတဲ့ post တွေကို ပြန်ဖျက်ခိုင်းတာတွေ့ရတယ်... ကိုယ်တိုင်က အဲဒီစာကို အရေးမထားလို့ပဲဖြစ်ဖြစ်.. မတွေ့လို့ပဲဖြစ်ဖြစ် အကြိမ်ရေများလာရင်တော့ blog ကို ဖျက်လိုက်ပါတယ်... ကိုယ်တွေ့ပါ...

Post a Comment