Monday 6 May 2013

Facebook က Video တွေကို IDM နဲ့ ဒေါင်းမရရင်.... ဒီ Add On လေးနဲ့ ဒေါင်းယူနိုင်ပါတယ်...


Facebook က Video တွေကို IDM နဲ့ဒေါင်းမရဘူးပြောလာလို့  ကျနော်လေ့လာမိသလောက် ဘာဆော့ဖ်ဝဲလ် မှ မသုံးပဲ ဒေါင်းယူလို့ရတဲ့ နည်းလမ်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်...
လူသုံးများတဲ့ Firefox Browser မှာ Add On လေးတစ်ခု Add ပေးလိုက်ရုံပါပဲ....အရမ်းလွယ်တဲ့ နည်းလေးပါ... Facebook က Video တွေတင် မဟုတ်ပါဘူး.... အင်တာနက် Web Page တွေပေါ်က Video မှန်သမျှကို ဒီ Add On လေးနဲ့ အလွယ်တကူ ဒေါင်းယူနိုင်မှာပါ...
ပထမဆုံး Add On လေးကို     ဒီနေရာကို    နှိပ်ပြီး Install Now ကတဆင့် ညွှန်ကြားတဲ့ အတိုင်း Add ပေးလိုက်ပါ... ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ (သို့) Firefox ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ....။
ဒါဆိုရင် မိမိ ဒေါင်းယူချင်တဲ့ Facebook က Video တစ်ခုကို ဖွင့်လိုက်ပါ...။ အောက်ကပုံထဲကအတိုင်း Download Flash & Video ဆိုတဲ့ Down Arrow လေးကို နှိပ်ပါ ...
(Youtube မှာဆိုရင်တော့ မိမိ ကြိုက်နှစ်သက်တဲ့ Format ကိုရွေးပြီး ဒေါင်းယူနိုင်ပါတယ်)
ပြီးရင် မိမိ သိမ်းထားမဲ့ နေရာကို ရွေးပေးလိုက်ပါ ...
 ကျန်တာ သူဘာသာသူ ဆက်လုပ်သွားမှာပါ.... အဆင်ပြေကြပါစေ....
အားလုံးကို ခင်မင်လျှက် ..
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

0 comments:

Post a Comment