ကဲ...မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်..ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်..အားလုံးဘဲ ဗဟုသုတ တိုးပွားကြပါစေခင်မျာ... :-)
IT Helper မှ........
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
အမြဲလာလည်ခွင့်ပြုပါ။ အစ်ကို ဘလော့ခရီးသည် ကျမ်းမာပါစေ။ချမ်းသာပါစေ။ ဘေးရန်ခပ်သိမ်းကင်းပါစေ။ ကျွန်တော်တစ်ခု တောင်းဆိုချင်ပါတယ်။ virus ကို ထုတ်မယ့် ဆော့ဝဲလ် လိုချင်ပါတယ်။ ကျွန်တော်က အတွေ.အကြုံမရှိလို့ ဗိုင်းရပ်စ်ကိုက်တာ ခံလိုက်ရတယ်။အခု ဝင်းဒိုးအသစ်တင်ထားပါတယ်။ နည်းပညာတွေ၊ ဆော့ဝဲလ်ကောင်းတွေကို မျှဝေဖို့ အချိန်တွေ ပိုလျှံပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။