Thursday, 6 September 2012

G-Mail , Facebook တို့ကို Tab Bar ထဲကနေသုံးရအောင်



ကျွန်တော်တို့ကွန်ပျုတာရဲ့Tab Bar မှာပုံမှန်အတိုင်းဆိုရင် Firefox  ,  G-Talk  စတာတွေကို icon လေးတွေ
ထားပြီးလိုတဲ့အချိန်မှာအလွယ်တကူဖွင့်ပြီးသုံးဖူးကြပါလိမ့်မယ်..။အခုနည်းလေးကတော့  Pokki  ဆိုတဲ့ကောင်
လေးကိုသုံးပြီးမိမိတို့ရဲ့ Tab Bar ထဲမှာ  G-MailFacebookGoogle Search  စတာတွေကိုမိမိတို့ကွန်ပျုတာ
ရဲ့ Tab Bar  ထဲမှာ  Icon လေးတွေနဲ့ထားယုံသာမကပဲ ၊ အသုံးပြုလို့ရမှာဖြစ်ပါတယ်..။လန်းလန်းလေးတွေ
သုံးတက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မယ်လို့ထင်ပါတယ်..။ဒါပေမယ့်ဒီကောင်လေးမှာအားနည်း
ချက်တစ်ခုရှိတာကတော့  Myanmar  Font  ကို  Support  မလုပ်တဲ့အတွက်မြန်မာလိုတော့ပေါ်မှာမဟုတ်ပါ
ဘူး..။ဒါပေမယ့်ဒီကောင်လေးက  Firefox  တို့လို  Bowser  လေးတွေသုံးစရာမလိုတော့ပဲ Tab  Bar  ထဲက
Icon  လေးမှာတင်  G-Mail  တို့  Facebook တို့ကိုဖွင့်ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်..ကျွန်တော်အသုံးပြုနည်း
လေးကိုတော့နည်းနည်းပြောပြပေးပါမယ်..

 အရင်ဆုံး  ဒီလင့်လေး  မှာ  Pokki  ဆိုတဲ့ကောင်လေးကိုဒေါင်းလော့ချလိုက်ပါ ။ပြီးရင်မိမိတို့စက်မှာ  Install
လုပ်လိုက်ပါ..Install  လုပ်ပြီးပြီဆိုရင်တော့  Windows  Tab Bar မှာအောက်ကပုံလေးအတိုင်း Icon လေးပေါ်
လာပါလိမ့်မယ်..။



အပေါ်ကပုံအတိုင်း  Icon  လေးပေါ်လာပြီဆိုရင်အဲ့ဒီကောင်လေးကို  Click  လိုက်ပါ..။ပြီးရင်မိမိတို့
ထည့်ချင်တဲ့  G-MailFacebook တို့ကို  Tab Bar ထဲမှာထည့်ချင်တယ်ဆိုရင်  Add  to  pooki ဆို
တာလေးကို  Click  ပေးလိုက်ယုံပါပဲ..။အဲ့ဒီလိုပဲမိမိတို့ကြိုက်တဲ့  favourite web sites လေးတွေကို
Tab  Bar  ထဲမှာထည့်ပြီးသုံးလို့ရမှာဖြစ်ပါတယ်..။















အားလုံးပဲအဆင်ပြေကြပါစေ..
နေမင်းမောင်မှ ကူးယူဖော်ပြထားခြင်းပါဗျာ။


သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။

 အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.cc
www.aungkyaw.com

0 comments:

Post a Comment