Sunday 16 September 2012

အကောင့်ဟောင်းထဲကသူငယ်ချင်းတွေကို အကောင့်သစ်ထဲထည့်မယ်


အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံး gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailက style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။

အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... ။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု ပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။

ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် .. ။ ခုန က အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် .. ။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။
လိုအပ်တဲ့ နည်းပညာလေးပါနော်  ဖူးစာရှင်လေးမှ  တွေ့လို့ ပြန်လည် မျှဝေ လိုက်တာပါ
စေတနာများစွာဖြင့်
ဒီပဲယင်းသားလေး
အောင်အောင်(မကစ) 



သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com

0 comments:

Post a Comment