Saturday 3 August 2013

Samsung Galaxy Note 3 စက်တင်ဘာ ၄ ထွက်ရှိမည်



Samsung Galaxy Note 3 စက်တင်ဘာ ၄ ထွက် မိတ်ဆက်မည်
Samsung က တရားဝင် အတည်ပြုလိုက်တဲ့ သတင်း ဖြစ်ပါတယ်။ Samsung Galaxy Note ရဲ့  တတိယ မျိုးဆက် ဖြစ်တဲ့ Note 3 ကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ မိတ်ဆက်ပြသမှာ ဖြစ်ပါတယ်။

ပြီးတော့မှ ဂျာမနီ ဘာလင်မှာ ကျင်းပတဲ့ IFA မှာ ဆက်လက်ပြသ မှာ ဖြစ် ကြောင်း သိရပါတယ်။ နောက်ထပ် ထူးခြားတဲ့ သတင်း ကတော့ Samsung Galaxy Note 3 အပြင် စမတ်နာရီပါ မိတ်ဆက် ခြင်း ဖြစ်ပါတယ်။ စမတ်နာရီက အဖြူအမည်းမျက်နှာပြင်နဲ့ ဖြစ်ပြီး e Reader တို့လိုဖြစ် ပါတယ်။ သို့ပေမယ့် စမတ်နာရီလို့ ခေါင်းစဉ် တပ်ထားတဲ့ အတိုင်း စမတ်ဖုန်း တစ်လုံး လုပ်ဆောင်ချက် နည်းပါး ပါဝင် စေမယ့် Feature များက ဘယ်လို ရှိမယ်ဆိုတာ ခန့်မှန်း နေကြဆဲ ဖြစ်ပါတယ်။

Samsung Galaxy Note 3 ကတော့ အရွယ်အစား ၅.၇ လက်မ၊ Super AMOLED မျက်နှာပြင် full HD 1920x1080 pixel အရည်အသွေး နဲ့ မျက်နှာ ပြင် ပါဝင်မယ်လို့ ဆိုကြ ပါတယ်။ ကင်မရာ ကလည်း 13 Megapixel ရှိပြီး Android ဗားရှင်းကတော့ 4.3 ဖြစ်ပါတယ်။ ဒါကတော့ Samsung က တရားဝင်ပြောတဲ့ သတင်း မဟုတ်ပါဘူး။

Samsung Galaxy Note 3 အား မြင်တွေ့ရရန် တစ်လ တိတိသာ လိုအပ်တော့ ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)




ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကိုမေးမြန်းချင်ရင်။saithu102@gmail.com/saithu777@fcebook.com/saithu102.blogspot.com သို့ ဆက်သွယ်မေးမြန်းလို့ ရပါတယ်။



စိုင်းသူနည်းပညာပြန်လည်မျှဝေခြင်း
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည် www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်

0 comments:

Post a Comment