Friday 16 August 2013

Blue Screen Error မြင်တိုင်း Memory Dump Error ပါလို့ပြောနေတဲ့သူတွေအတွက် Blue Screen Error Code အညွှန်းများ



မင်္ဂလာပါ ကျနော် Myanmar IT Helper ပါ...အခုပြောပြပေးမယ့်အကြောင်းအရာကတော့ Blue Screen Error အကြောင်းဘဲဖြစ်ပါတယ်။
Blue Screen Error တက်ရင်တစ်ချို့က Memory ကြောင့်..တစ်ချို့က Virus ကြောင့်အမျိုးမျိုးပြောကြပါ
တယ်...ဘယ်လိုဖြေရှင်းရမှန်းမသိတော့ရင် Windows ပြန်တင်လိုက်တော့တာပါဘဲ..အဲဒီတော့အချိန်ကုန်
Software တွေပြန်သွင်းရနဲ့ ဒုက္ခများပါတယ်..ကဲအခု..Blue Screen မှာပြတဲ့ Error Code တွေရဲ့ အဖြေ အညွှန်းများကိုတင်ပေးလိုက်ပါတယ်...ပြတဲ့ ကုဒ်တွေကိုကြည့်ပြီး ဘယ်အပိုင်းက Error တက်နေသလဲ
ဆိုတာ အဖြေထုတ်ပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်..ဥပမာ

STOP Error 0×00000037 ဆိုပြီးပြတယ်ဆိုပါစို့ ဒါဆိုရင် Error Code ရဲ့အဖြေမှာ 

STOP Error 0×00000037: FLOPPY_INTERNAL_ERROR လို့ပြထားပါတယ်..ဒါဆိုရင် ပြသနာပေး
နေတာက Floppy Internal error ( Floppy Disk Error ) ဖြစ်ပါတယ်..ဒါဆိုရင် မိမိစက်မှာတပ်ဆင်
ထားတဲ့ Floppy Disk က Driver မမှန်တာလား..Jumper တွေမှားထိုးထားတာလား သေချာပြန်စစ်ပြီး ပြု
ပြင်လိုက်ရုံနဲ့ ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ..ကဲ အောက်မှာ Error Code ရဲ့အဖြေကို ဒေါင်းနိုင်ကြပါပြီ
အဆင်ပြေကြပါစေခင်ဗျာ။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည် www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်

0 comments:

Post a Comment