Thursday 11 April 2013

သင်ယခုရေးနေတဲ့ Blogger site တစ်ခုကနေအပြီးအပိုင်ထွက်ချင်ရင် (Author only)

မင်္ဂလာပါ။ Tech in Blogging မှ ပိုစ့်တစ်ခုတင်မယ်ဗျာ။ ခု ဘလော့ပိုစ့် က လူတိုင်းနီးနီးသိမယ်ထင်တယ်။ တချို့ရွာလည်နေတဲ့သူတွေရှိတယ်။ ကိုယ်ကဘလော့ရေးတယ် မကြိုက်လို့ ထွက်ချင်တဲ့သူတွေအများကြီး အဲ့ဒီအထဲမှာ Admin ကမအားတော့ မထုတ်ပေးနိုင်ဘူးဖြစ်နေရတယ်။ အကြောင်းအမျိုးကြောင့်ထွက်မယ့် ကိုကိုမမကြီးတွေအတွက်ပေါ့။ Admin ကိုယ်တိုင်ပယ်ပေးစရာမလိုဘဲ ကိုယ့်ဘာသာ ကိုယ်ထွက်မယ့်နည်းလမ်းရှိပါတယ်။


Author ဖြစ်နေတဲ့သူတွေအတွက်ပါ။ Admin ကတော့ကိုယ့်ကိုယ်ထွက်လို့မရဘူးလို့ထင်တယ်။
သင့်ရဲ့ Blogger ကိုသွားပါ။ ပြီးတော့ သင်ထွက်ချင်တဲ့ blog ရဲ့အမည်ကိုရှာပြီး အောက်ပါကျွန်တော်ပြတဲ့ပုံအတိုင်း Settings ကိုကလစ်ပါ။

 ရောက်ပြီဆိုတာနဲ့ Permission ရဲ့ညာဘက်က Remove yourself from this blog ကိုကလစ်လိုက်ပါ။
သတိ ။      ။ သင်ထွက်မထွက် မသေချာရင် သေချာစဉ်းစားပါ။ နှစ်ခါစဉ်းစားကြည့်ပါ။ ပြီးတော့ ထွက်ပြီးရင် ပြန်ဝင်ဖို့လုံးဝမလွယ်ပါဘူး။ ပြန်ဝင်မယ်ဆိုရင်တောင် Admin ဘက်က invite လုပ်မလုပ် မသေချာတော့ပါဘူး။

အားလုံးအဆင်ပြေပါစေ။

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com www.ledimyethar.com www.ninilayy.com

0 comments:

Post a Comment