Wednesday 27 March 2013

M-JavaScript Lesson 6


Function ကို အသေးစား Program လေး အဖြစ် အသုံး ပြုပါတယ်၊ JavaScript မှာ အသေးစာ Program လေးတည်ဆောက်ပြီး လိုအပ်တဲ့အခါတိုင်း ခေါ်သုံးနိုင်ပါတယ်၊ Youtube မှာ JavaScript ရဲ့ Function ကို သုံးထားတာကို လက်တွေ့တွေ့နိုင်ပါတယ်၊ Youtube Video တစ်ခုကို Play လုပ်ချင်ရင် Play ဆိုတဲ့ ခလုပ်ကို ခလစ်တစ်ချက်နှိပ်လိုက်ပါ၊ ဒါဆိုရင်တော့ Video စပြီး ပြလိမ့်မယ်၊ ဒီလို Play ဆိုတဲ့ ခလုပ်ကို နှိပ်ရင် အလုပ်လုပ်အောင် တည်ဆောက်ထားတာက JavaScript Function ပါပဲ၊ Function တွေအမျိုးမျိုးသုံးပြီး Play, Pause, Auto play စသဖြင့် လိုအပ်တဲ့ Program အသေးစားလေးတွေကိုတည်ဆောက်နိုင်ပါတယ်၊ ဒီအခန်းမှာတော့ JavaScript ရဲ့ Function ကို တည်ဆောက်ပုံကို အခြေခံ သင်ပြပေးသွားမယ်၊
Function တစ်ခုကို စတင်တည်ဆောက်ဖို့အတွက် အရင်ဆုံး Function  ကိုစတင်ရေးရပါတယ်၊ ပြီးရင် သင်တည်ဆောက်မယ့် function ကို သင်ကြိုက်တဲ့နာမည်ပေးရပါတယ်၊ အောက်မှ နာမည် kalay လို့ အမည်ပေးထားတဲ့ fucntion ကိုစရေးပြပါမယ်။
Function kalay
လွယ်ပါတယ်ခင်ဗျာ၊ သတ်မှတ်လိုတဲ့ နာမည်ဖြစ်တဲ့ kalay ဆိုတဲ့ နည်မည်ရဲ့ ရှေ့မှာ function ဆိုတဲ့ စာသားကိုထည့်လိုက် ဒါဆိုရင် အဲ့ဒီ့ သတ်မှတ်ထားတဲ့ kalay ဆိုတဲ့ နာမည်ကိ Function ဖြစ်သွားပီ၊ နောက်တစ်ဆင့်အနေနဲ့တော့ JavaScript ကုတ်တွေကိုထည့်မယ့်နေရာကို သင်ပြမယ်၊ အောက်မှာကြည့်ပါ၊
Function kalay ( )
{
}
အထက်က ကုတ်မှာ function kalay ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာ parameter ကိုထည့်ရမယ် ဒီအခန်းမှာတော့ ဘာမှမရှင်းသေးဘူး နောက်အခန်းမှ အဲ့ဒီ့အစိတ်အပိုင်းကို ရှင်းပြပေးမယ်၊ အခုတော့ Curly bracket ဖြစ်တဲ့ တွန့်ကွင်း ထဲမှာ သင်ရေးလိုတဲ့ အလုပ်လုပ်လိုတဲ့ JavaScript ကုတ်ကိုရေးရမယ်၊ အဲ့ဒီ့ကုတ်က နောက်ပိုင်း function ကိုအခေါ်ခံရတိုင်းလုပ်မယ့်အလုပ်၊ အခုဥပမာ တစ်ခု ရေးကြည့်မယ်၊
အထက်က ကုတ်ကို Run ကြည့်လိုက်ပါ၊ အဖြေက ဘာမှမထွက်လာဘူးဖြစ်နေမယ်၊ တကယ်တော့ အထက်က ကုတ်မှာ bookie ဆိုတဲ့ function ကိုတည်ဆောက်ထားတယ်၊ သူ့ရဲ့အလုပ်ကို လဲ I am function လို့ရေးဖို့ အမိန့်ပေးထားတယ်၊ ဒါဆိုဘာလို့အလုပ်မဖြစ်တာလဲ၊ အကြောင်းကတော့ function ကိုမခေါ်သေးလို့ပါ၊ သူက ခေါ်မှ အလုပ်လုပ်တာလေ၊ အခု function ကိုခေါ်ကြမယ်၊ function ကိုခေါ်ဖို့အတွက် function ရဲ့နာမည်ကို နောက်က ဂွင်းစ ဂွင်းပိတ်ထည့် ပြီးရင်simicolon ထည့်ပြီးရေးလိုက်ရုံပဲ၊ အောက်မှာကြည့်ပါ၊
အထက်က ကုတ်မှာတော့ function ကိုခေါ်လိုက်ပါပီ၊ ဒီ့အတွက် function က သူ့ကိုခေါ်ခံရရင် လုပ်ရမယ့်အလုပ်ဖြစ်တဲ့ I am function ဆိုတဲ့စာသားကို browser ရဲ့ မျက်နှာပြင်ကိုထုတ်ပေးပါပီ၊ function ကိုခေါ်ဖို့ ကျွန်တော်တို့ လုပ်လိုက်တဲ့အလုပ်က function ရဲ့နာမည်ကို ရေးချလိုက်တာပါပဲ၊ ကျန်တ်ာတော့ အထွေအထူးမဟုတ်ပါဘူး၊
တစ်ချို့ ၀က်ဆိုကတော့မှာ အလုပ်လုပ်နေတုန်း POP-UP box လေးတွေပေါ်လာတာကိုတွေ့ဖူးမှာပါ၊ အဲ့ဒီ့ POP-UP box လေးတွေကိုလဲ JavaScript နဲ့ လုပ်ထားတာပါ၊ သူတို့ သုံးမျိုးရှိတယ်၊
Alert box
Comfirm box
Prompt box
JavaScript ရဲ့ alert box ကိုရေးတာကတေ့ လွယ်ပါတယ်၊ alert (  ); လို့ရေးပြီး ဂွင်းစ ဂွင်းပိတ်ထဲမှာ ရေးချင်တဲ့ massage ကိုရေးလိုက်ရုံပဲ၊ အောက်မှာကြည့်ပါ၊
အထက်က ကုတ်ကိုရေးပြီးရင် Run ကြည့်လိုက်ပါ၊ ဒါဆိုရင်ဖြင့် hey how are you ဆိုတဲ့ Alert box လေးကျလာမယ်၊ ဒါကတော့ alert box ရေးနည်းပါ၊ alert( ); လို့ရေးပြီး ဂွင်းစ ဂွင်း ပိတ်ထဲမှာထည့်ချင်တဲ့ စာသား massage ကိုထည့်ရေးလိုက်ပါ၊ ဒါဆိုရင်ဖြင့် သင်ရေးလိုက်တဲ့စာသားပါတဲ့ Alert box လေးကျလာမှာပါ၊
အခု alert box ရေးနည်းကို သိသွားရင်တော့ အထက်မှာသုံးခဲ့တဲ့ function ကို သုံးပြီး alert box ကိုခေါ်ကြည့်ပါမယ်၊ အောက်က ကုတ်ကို Run ကြည့်ပါ၊
အထက်က ကုတ်ကို Run ကြည့်လိုက်ပါ၊ ဘာမှအဖြေရမှာမဟုတ်သေးဘူး၊ ရေးထားတဲ့ function ရဲ့နာမည်က fonky ပါ၊ သူ့ရဲ့ အလုပ်ကတော့ alert box သုံးပြီး That look goofy, man! ဆိုတဲ့စာသားကို အဖြေထုတ်ပေးမှာပါ၊ ဒါပေမယ့် အထက်က ကုတ် ကို Run ကြည့်လိုက်ရင် အဖြေရအုံးမှာမဟုတ်သေးပါဘူး၊ အကြောင်းကတော့ function ကို မခေါ်ရသေးလို့ပါ၊ အောက် မှာ function ကိုခေါ်ထားတဲ့ကုတ်ကိုပါ Run ကြည့်လိုက်ပါ၊
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေကို That look goofy , man! ဆိုတဲ့စာသားကိုထုတ်ပေးမှာပါ၊ အထက်က alert box ထဲရေးထားတဲ့ စာသားက function ဖြစ်တဲ့ fonky ရဲ့အလုပ်ပါ၊ အောက်မှာ fonky( );  လို့ရေးပြီး function ကိုခေါ်ထားတယ်၊ ဒီတော့ အခေါ်ခံရတဲ့ function က အလုပ်စလုပ်တယ်၊ သူ့အလုပ်ဖြစ်တဲ့ Alert box ကိုထုတ်ပေးလိုက်တယ်၊


                                               .......မူရင်းလင့် ........
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

0 comments:

Post a Comment