Wednesday, 26 December 2012

JavaScript ဆိုတာဘာလဲ


JavaScript ကတော့ Scripting ဘာသာရပ်တစ်ခုပါ၊ Scripting ဘာသာရပ်ဆိုတာ အပေါ့စား အသေးစား Programming ဘာသာရပ်ကိုဆိုလိုပါတယ်၊ Scripting ဘာသာရပ်တွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် အင်တာနက်လောကမှာ အသုံးပြုတဲ့ Scripting ဘာသာရပ်တွေမှာ JavaScript ကတော့ ရေပန်းအစားဆုံး အကောင်းဆုံး Scripting ဘာသာရပ်တစ်ခုပါ၊ JavaScript ကို HTML Document တွေထဲမှာတိုက်ရိုက်ထည့်ပြီးအသုံးပြုနိုင်ပါတယ်၊ တခြား ဘာ Server အကူအညီမှ ဘာ Platform တူညီမူတွေမှမလိုပဲ အသုံးပြုနိုင်ပါတယ်၊ ဘာလိုင်စဉ်မှလဲဝယ်စရာမလိုပါဘူး၊ JavaScript ကို Java နဲ့ တော့မရောမိစေပါနဲ့ Java က Sun Microsystem က အဆင့်မြင့်အောင် Develop လုပ်ထားတဲ့ JavaScript ထက် အများကြီး ပိုမိုရှုပ်ထွေးတဲ့ Programming ဘာသာရပ်တစ်ခုပါ၊

JavaScript ကိုအသုံးပြုပြီးလာတွေလုပ်နိုင်သလဲ

HTML Document တစ်ခု (သို့) ၀က်ဆိုက်တစ်ခုမှာ JavaScript အသုံးပြုပြီး Program အသေးလေးတွေထည့်သွင်းနိုင်တယ်၊ Programmer မဟုတ်တဲ့ Web Designer နဲ့ Webdeveloper တွေကို သူတို့ Develop လုပ်နေတဲ့ ၀က်ဆိုက်မှာ ပြောင်မြောက်တဲ့လုပ်ဆောင်မူတွေထည့်သွင်းအသုံးပြုနိုင်အောင် JavaScript ကို အသုံးပြုရတယ်၊ အဖြစ်အပျက်တစ်ခုပေါ်မှာမူတည်ပြီး အလုပ်လုပ်စေမယ့် Program အသေးစားလေးတွေကို ၀က်ဆိုက်မှာထည့်နိုင်အောင် JavaScript က ကူညီပေးတယ်၊ HTML ရဲ့ Tags တွေနဲ့ Element တွေအပါ အ၀င် Content တွေကိုပါ JavaScript ကချိန်းပစ်နိုင်တယ်၊ Form တွေကို စစ်ဆေးနိုင်တယ် ဒါကတော့ PHP နဲ့ တွဲပြီး Database ချိတ်ဆက်အသုံးပြုရာမှာ မဖြစ်မနေ အရေးတကြီးလေ့လာရမယ့် Form Validation အပိုင်းပါ၊ Database ကို hack တာမခံရအောင် ကာကွယ်ဖို့အတွက်ပါ၊ နောက်ပိုင်းမှာ သင်ပြပေးထားပါတယ်၊ JavaScript ကိုအသုံးပြုပြီး အချိန်နဲ့ နေ့စွဲတွေကိုမှတ်သားနိုင်တယ်၊ အသုံးပြုသူရဲ့ ကွန်ပြူတာ Browser ကို ချိတ်ဆက်ပြီး လိုအပ်တဲ့ပြောင်းလဲမူတွေလုပ်နိုင်တယ်၊

ယနေ့အသုံးပြုနေတဲ့ JavaScript အသုံးများတဲ့လုပ်ငန်းများ

ယနေ့ဝက်ဆိုက်လောကမှာ JavaScript ကိုအသုံးပြုပြီး အမျိုးမျိုးသော Interative Web Design တွေလုပ်ကိုင်နေကြပါတယ်၊ ဒီထဲမှာ အသုံးအများဆုံးသော JavaScript ရဲ့ Interative Design တွေကို ဥပမာ အနေနဲ့ ပြောပြပေးပါမယ်၊
OnMouseOver & OnMouseOut Effect : ဒီ JavaScript Effect ကိုတော့ Dropdown Menu များ List များမှာ တွေ့ရတာများပါတယ်၊ အသုံးပြုသူက Menu Link လေးတစ်ခုပေါ်မှာ Cusor ကိုထောက်လိုက်တဲ့အချိန်မှာ ရုတ်တရတ် Cusor ထောက်မိတဲ့နေရာမှာရှိတဲ့ Menu Link က အရောင်ပြောင်းသွားမယ်၊ ပုံစံပြောင်းသွားမယ်၊ ဒါမှမဟုတ် ဓာတ်ပုံ အသေးလေးတစ်ခုပေါ်ကို Cursor ထောက်မိတဲ့အခါမှာ ဓာတ်ပုံအကြီးကြီး အလိုလိုပေါ်လာမယ်၊ ဒီလို Effect တွေဖြစ်အောင်ဖန်တီးထားတာ က OnMouseOver နဲ့ OnMouseOut Effect တို့ပါ၊ ဒါကိုပိုပြီးကျွမ်းကျင်စွာ Develop လုပ်နိုင်ရင်ဖြင့် JavaScript Looping ကိုသုံးပြီး MouseOver Effect ပေါ်မှာ တစ်ထစ်စီရှောကျလာတဲ့ Dropdown Menu တွေကိုဖန်တီးနိုင်တယ်၊ ဒီထက်ပိုပြီး ဆန်းသစ်ချင်သေးရင် Menu Link တွေ တစ်ထစ်စီရှောကျလာတဲ့အချိန်မှာ ကြိုတင်ဖန်တီးထားတဲ့ Function တစ်ခုကိုခေါ်ပြီး သီချင်းသံတွေ (သို့) လင့်တွေပေါ်ကို Cursor ထောက်မိရင်ပေါ်စေမယ့် တုံ တုံ တုံ လို့မြည်စေတဲ့အသံတွေကိုပါ လွယ်ကူစွာထည့်သွင်းနိုင်ပါသေးတယ်၊ ဒီလို MouseOver/Out Effect တွေကို အခြားသော Looping , Fucntion တို့နဲ့ တွဲပြီး Dropdown Menu လုပ်ပုံတွေ Cursor ထောက်မိတာနဲ့ အသံမြည်စေပုံတွေ ဓာတ်ပုံပေါ်လာစေပုံတွေနဲ့ အခြားသော နည်းပညာတွေကိုလက်တွေ့ 72Coder ဗွီဒီယိုသင်ခန်းစာမှာလေ့လာနိုင်ပါတယ်၊
Javscript ကိုအသုံးပြုပြီး SlideShow တွေကိုပြုလုပ်နိုင်ပါတယ်၊ SetTimer ကိုအသုံးပြုပြီး အလိုလျှောက် တစ်ပုံပြီးတစ်ပုံပြောင်းလဲနေတဲ့ Auto SlideShow တွေကိုဖန်တီးနိုင်သလို ရိုးရိုး Function နဲ့ OnMouseClick Effect ကို အသုံးပြုပြီး အလုပ်တစ်ချက်နှိပ်တိုင်း ပုံတစ်ပုံပြောင်းသွား စေတဲ့ SlideShow အမျိုးအစားတွေကိုလဲဖန်တီးနိုင်ပါတယ်၊ ယနေ့အွန်လိုင်းမှာရှိတဲ့ ၀က်ဆိုက်တွေအတော်များများမှာသုံးနေတဲ့ Flash အသုံးပြုထားတဲ့ SlideShow တွေကို JavaScript အသုံးပြုပြီး ဆွဲနိုင်ပါတယ်၊ JavaScript SlideShow ရဲ့အားသာချက်ကတော့ တကမ္ဘာလုံးမှာရှိတဲ့ Flash အသုံးမပြုသေးတဲ့ ကွန်ပြူတာ အသုံးပြုသူတွေကို Flash မလိုအပ်တဲ့ SlideShow တွေဖော်ပြထားနိုင်ခြင်းပါပဲ၊ ဒီမှာသေချာပြောလိုတာတစ်ခုကတော့ Flash နဲ့ Action Script အသုံးပြုတဲ့ SlideShow တွေ့ Function ပိုမြင့်ပီး ပိုလှပနိုင်ပေမယ့် Flash Software မတပ်ဆင်ထားတဲ့ ကွန်ပြူတာတွေမှာတော့ ဘယ်လိုမှ ဖွင့်လို့မရတဲ့ SlideShow တွေဖြစ်သွားတတ်ပါတယ်၊ 72CODER သင်ခန်းစာတွေမှာ JavaScript အသုံးပြုပြီး SlideShow ပြုလုပ်ပုံအမျိုးမျိုးကို အသေးစိတ်ရှင်းပြသင်ပြထားပါတယ်၊ တကယ် Web Developer လုပ်တော့မယ်ဆိုရင်ဖြင့် JavaScript များများ အသုံးပြုထားတဲ့ Interative Web Design တွေ ဆွဲတတ်ဖို့ လိုအပ်ပါတယ်၊ ဘာမှလှုပ်ရှားမူမရှိတဲ့ ၀က်ဆိုက် အသေတွေခတ်က ကုန်သွားပါပီ၊
အခြားအခြားသော JavaScript အသုံးပြုပြီး ၀က်ဆိုက် ရဲ့အရွယ်အစားကို မည်သည့် ကွန်ပြူတာ Screen အရွယ်အစားနဲ့ မဆို အပြည့်ဖြစ်သွားအောင်ချိန်တဲ့ နည်း JavaScript Calander ပြုလုပ်နည်း JavaScript အသုံးပြုပြီး အသုံးပြုသူရဲ့ ကွန်ပြူတာမှာ ချိန်ထားတဲ့နာရီ အတိုင်း ၀က်ဆိုက်မှာ Time Detect လုပ်ခြင်းနဲ့ JavaScript လေ့လာသူတစ်ယောက် အခြေခံကျကျလေ့လာထားသင့် သိထားသင့်တဲ့ သင်ခန်းစာတွေအားလုံးကို 72CODER ဗွီဒီယိုသင်ခန်းစာမှာသင်ပြထားပါတယ်၊ အခြေခံ သင်ခန်းစာတွေကို တဆင့်စီသင်ပြထားသလို သင်ပြထားတဲ့ အခြေခံသင်ခန်းစာတွေကို စာတွေ့သာလျှင်မဟုတ်ပဲ လက်တွေ့သုံးတတ်လာအောင် အခန်းတစ်ခန်းစီမှာ အဆင့်တစ်ဆင့်တတ်တိုင်း အဲ့ဒီ့ အဆင့်ကိုလက်တွေ အသုံးပြုပြီး အလုပ်လုပ်တဲ့နည်းတွေကိုသင်ပြထားပါတယ်၊ နောက်ဆုံး အဆင့်မြင့် သင်ခန်းစာတွေမှာ သင့်ဝက်ဆိုက်မှာ နှင်းတွေကျနေအောင် မိုးတွေရွာနေအောင် သစ်ရွာက်တွေကြွေကျနေအောင် ဘယ်လို JavaScritp သုံးပြီး လုပ်ရမလဲ ကုတ်ရေးရမလဲဆိုတာတွေကိုပါ အသေးစိတ်သင်ပြပေးထားပါတယ်၊
                                                 ရေးသားသူ  http://www.72coder.com/javascript

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

0 comments:

Post a Comment