
ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ
• Posts
• Setting
•Layouts
စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိန်းချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။
(၁) Posting (စတင်ခြင်း)
ိdashboard မှာမြင်နေဖြစ်ပါတဲ့ Post ဆိုတာလေးကို နှိပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ စာရိုက်တဲ့နေရာကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ Posting ခေါင်းစဉ်အောက်က creat, Edit Post, Moderate Commant စသည်ဖြင့် ရှိနေပါတယ်။
Creat က ပို့စ်အသစ်တွေကို ဖန်တီးရေးသားတာ
Edit Post က ပို့စ်တွေကို ပြန်ပြင်တာ
Moderate Commant က သူများ ပေးလာတဲ့ မှတ်ချက်တွေကို ထိန်းချုပ်ထားတာပါ။


ပထမ ကိုယ်တင်ချင်တဲ့ ပုံကို စက်ထဲကနေ ရွေးပေးပါ။ တစ်ပုံထက် ပိုတယ်ဆိုရင် Add Another Image ဆိုတာလေးကို နှိပ်ရပါမယ်။ ပုံကို ဘလော့ဂ်ပေါ်မှာ ဘယ်လို ပေါ်စေချင်သလဲ ဆိုတာကိုတော့ ဒုတိယ အဆင့် အနေနဲ့ ရွေးပေးရပါတယ်။ ဘယ်ဘက်မှာလား၊ ညာဘက်မှာလား စသည်ဖြင့်။ နောက်ဆုံးကတော့ Image Size ရွေးပေးရတာပါ။ စမ်းသပ်ချက်များအရ Medium ကအကောင်းဆုံးပါ။ အားလုံး ပြီးသွားရင် အောက်ဆုံးက Upload Image ဆိုတာကို နှိပ်ပေးလိုက်ပါ။

Edit Posts
ယခု အပိုင်းမှာ ယခင် ရေးသွင်းထားပြီးသား ပိုစ့်များတွင် တစ်ခုခု အမှားအယွင်း ရှိလျှင်သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း ပြင်ဆင် တည်းဖြတ်မှု ပြန်လည် ပြုလုပ်လိုလျှင် အသုံးပြုရသည်။

ညီနေမင်း (နည်းပညာ)
သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com
0 comments:
Post a Comment