မင်္ဂလာပါခင်ဗျာ အီးမေးထဲကနေ superman ကမေးထားလို့  samsung tab2 10.1 GT-P5100 ကို root လုပ်နည်းလေးကိုတင်ပြပေးသွားမှဖြစ်ပါတယ်ခင်ဗျာ။ကဲ အောက်မှာလိုက်ကြည့် ပေးကြပါဗျာ။
အရင်ဆုံးအနေနဲ့ မိမိတို့ ဖုန်းမှာ battery ဟာ 70 % or 80% နှုန်းလောက်တော့ ရှိရမယ်နော်။
ပြီးတော့ ဖုန်းက dataတွေကိုလည်းback-up လိုလိုမယ်မယ်ဆွဲထားပါ။
(အဆင့် -၁) usb debugging ကိုလုပ်ပါ။ (All application > setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။
(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။
(အဆင့် -၃) မိမိတို့  pc အတွက် c -auto root -file & Odin 3.07 ကိုဒေါင်းလုပ်ဒီနေရာမှာယူပါခင်ဗျာ။ပြီးရင် pc destop ပေါ်မှာသိမ်းထားပေးပါ။
(အဆင့် -၄) ရလာတဲ့ ဖိုင်နှစ်ခုလုံးကို ကွန်ပျူတာ မှာ extract လုပ်ပါ။
(အဆင့် -၅) ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်း power + volume down ။ (ဖုန်းပါဝါနှင့် အသံတိုးခလုပ်) ကို ပြိုင်တူနိပ်ထားပေးပါ။android screen logo ပေါ်လာရင်တော့ တွဲနိပ်ထားတာကိုလွတ်ပြီး volume up (အသံချဲ့ ) ခလုတ်နှင့်  download mode ထဲကိုဝင်ပါ။(ဒီအချိန်မှာသတိပေးတဲ့ စာပေါ်လာမှာဖြစ်ပါတယ်)
(အဆင့် -၆) odin 3.07 ကို ကွန်ပျူတာမှာ run လိုက်ပါ။ဒီအချိန်မှာ usb ကိုကွန်ပျူတာနှင့် တစ်ခါပြန်ချိတ်ဆက်ပေးရပါမယ်။ I D; COM ဘောက်လေးဟာ အစိမ်းရောင် (သို့ ) အဝါရောင်ပြပေးလာပါလိမ့် မယ် ဒါဆို အိုကေပြီပေါ့ ။
(အဆင့် -၆) PDA button လေးကို odin ထဲမှာနှိပ်ပြီး Cf-auto -root -espresso10rf-espresso rfxx-gtp 5100 zip ဖိုင်ကိုရွေးပေးလိုက်ပါ။
(အဆင့် -၇) ဒီအဆင့် ကတော်တော်လေးအရေးကြီးပါတယ်နော်။ F reset box ကို ကလစ်ပေးလိုက်ပြီးတစ်ခြား boxs တွေပေါ်လာတာကို ဘာမှမလုပ်ပဲကြည့် နေလိုက်ပါ။
(အဆင့် -၈) START button ကိုနှိပ်ပြိး ၁၀ မိနစ်လောက်စောင့် ပေးပါ။ဘာမှမလုပ်ပါနဲ့ ထိုင်စောင့် ပေးပါ။
(အဆင့် -၉)ဒီအဆင့် မှာတော့ ဖုန်းက auto reboot လုပ်ပါမယ်။ဒါဆို root လို့ အောင်မြင်သွားပါပြီခင်ဗျာ။
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်။မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu102@gmail.com သို့ ပေးပို့ မေးမြန်းနိုင်ပါတယ်။
No comments:
Post a Comment