Pages

Pages

Saturday, 29 June 2013

USB Memory Stick ကို Format ချမရရင်



format usb drive

တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ USB,Memory Card  လေးတွေက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်လ်တွေ ထပ်ထည့်လို့ မရတော့တာမျိုး၊ ထုတ်လို့ မရတော့တာမျိုး၊ Format ချမရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ပြဿနာမျိုး ကြုံလာခဲ့ရင် ဒီနည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်...။


USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
 
 Start > Search box ထဲမှာ   devmgmt.msc  ရေးပြီး  Enter ခေါက်ပါ...
 Disk Drives ဆိုတာလေးကို ကလစ်လိုက်ပါ  အဲဒီမှာ ကိုယ့်ရဲ့ USB Drive ကို တွေ့ပါလိမ့်မယ်။
 USB Device ကို Double Click (or) Right Click  ထောက် Propereties ကိုနှိပ်ပါ။ နောက်ထပ် Box လေးပွင့်လာရင် အပေါ်က MenuTab မှာ Policies ကိုနှိပ်ပြီး  "Optimize for performance" ကို ရွေးပေးလိုက်ပါ။ Window 7 မှာတော့ (“Better performance”) လို့ပေါ်ပါတယ်..။
 

အားလုံးပြီးရင် My Computer ကို ပြန်သွားပြီး USB Drive ပေါ်ကို Right click >  Format ချကြည့်ပါ။ Format ချတဲ့ နေရာမှာ File System ကိုကြည့်လိုက်ရင် NTFS Format Option ကို တွေ့ရပါလိမ့်မယ်။
 USB drive ကို NTFS နဲ့ Format ချလို့ရပါပြီ...။


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

No comments:

Post a Comment