Pages

Pages

Thursday, 30 May 2013

firefox တွင် Unicode & Zawgyi ပြောင်းစရာမလိုဘဲ မြန်မာစာပေါ်အောင်လုပ်နည်း


ကျွန်တော်တို့ နိုင်ငံမှာ Font တွေ က တော်တော်များတယ်ဗျာ
 Web ပေါ်မှာ ရေးတဲ့ဖောင့်တွေကလည်း တော်တော်များတယ်
 ဒါပေမယ့် အသုံးအများဆုံးက ဇော်ဂျီ နဲ့ Unicode ပါ
အချို့ဆိုဒ်တွေက Zawgyi နဲ့ရေးတယ် အချို့ဆိုဒ်တွေက Unicode နဲ့ရေးတယ်
အဲဒီလိုမျိုးလေးတွေ ကွဲနေတော့ သုံးတဲ့ User တွေမှာ ဖောင့်တွေ မမှန်တာတွေ
ဖြစ်ကုန်ရော သိသူများကတော့ Unicode ဆိုဒ်ကြည့်ရင် Browser ရဲ့ default Font
ကို Unicode ထားလိုက်တယ် Zawgyi ဆိုဒ်ကြည့်ရင် zawgyi ထားလိုက်တယ်ပေါ့
ဒါပေမယ့် မသိသူများကျတော့ ဟင် ဒီဆိုဒ်ကလည်း ဘာစာလုံးတွေနဲ့ရေးထားလဲ
ဖြစ်ကုန်ရော အခုပြောပြမယ့်နည်းလေးက ဘယ်မြန်မာဆိုဒ်ကိုကြည့်ကြည့်
မိမိ Browser မှာ ဘယ် Font ကို မှ ပြန်ပြောင်းစရာမလိုပဲမြန်မာစာ အမှန်မြင်ရနည်းလေးပါ
အသုံးများတဲ့ ဇော်ဂျီဖောင့်ကတော့ လူတိုင်းမှာရှိနေတော့ ပြောစရာမလိုလောက်တော့ပါဘူး
ဒါပေမယ့် Unicode အတွက်တော့ ပြောစရာရှိလာတယ် အထွေအထူးမဟုတ်ပါဘူး
မိမိ ကွန်ပျူတာမှာ Unicode ဖောင့်မရှိရင်တော့ Unicode နဲ့ရေးထားတဲ့ ဆိုဒ်တွေ ကြည့်ရမှာ
မဟုတ်ပါဘူး ဒါကြောင့် ရှိမှန်းလည်း မသိ မရှိမှန်းလဲမသိဘူးဆိုရင်တော့
32bit သမားများ ဒီဆော့ဝဲ လေးကို အရင်ဒေါင်းလိုက်ပါ(ဖိုင်ဆိုဒ်က 1MB မပြည့်ပါ)

64bit- သမားများ က ဒီမှာဒေါင်း
(ရှိသူများ ဒေါင်း၇န်မလို) အခုဆော့ဝဲလေးနာမည်က Key Magic 1.4 ပါ
 မြန်မာ ကီးဘုတ်လေးတစ်မျိုးလို့ပဲ မှတ်ထားလိုက်ပါ Unicode ဖောင့်တွေ
ဧရာဖောင့်တွေ ဇော်ဂျီဖောင့်တွေက ကီးဘုတ်တွေ မတူကြပါဘူး အဲဒါတွေကို ကီးဘုတ်
လိုက်ပြောင်းပေးမယ့် ဆော့ဝဲလေးပါ ဒီလောက်ပဲရှင်းပြပါရစေ ကျန်တာကတော့ မိမိကိုယ်တိုင်
 လိုက်စမ်းကြည့်ပေါ့နော်... အခုဆော့ဝဲလေးကို ဒေါင်းပြီးရင် install လုပ်ပါ လွယ်ကူတဲ့ install
လုပ်နည်းပါ မပြောတော့ဘူးနော်.. ဒါပြီးရင်တော့ အရေးကြီးတာလေးလာပါပြီ

အောက်ကပုံလေးကို နှိပ်လိုက်ပါ

 

 
ဒါဆိုရင် Firefox မှာ ဒီ MyanmarFontTagger addon လေးကို ခွင့်ပြုမလားလို့ လာမေးမယ်
Allow  လို့နှိပ်လိုက်ပါပြီး၇င် install လုပ်ခိုင်းမယ် Install ထပ်လုပ်ပေးလိုက်ပါ
firefox ကို restart တောင်းပါမယ် restart လုပ်ပေးလိုက်ပါ ဒါဆိုရင်မြန်မာလို
ရေးသားထားတဲ့ ဆိုဒ်တိုင်းကို မြန်မာလို ရှင်းလင်းစွာ မြင်ရပါလိမ့်မယ်
ဇော်ဂျီ ၊ Myanmar-Unicode ၊ ဧရာ ဘာလာလာ ဂရုစိုက်စရာမလိုတော့ပါဘူး
နမူနာအနေနဲ့ www.google.com.mm မြန်မာ Google လေးကိုကြည့်လိုက်ပါ
 
မှတ်ချက်- အခုနည်းအတိုင်းလုပ်သော်လည်း မြန်မာလိုမမြင်ရပါက မိမိစက်တွင်
Myanmar 3 font နှင့် Zawgyi-one Font ရှိမရှိကို Run box တွင် Fonts ဟုရိုက်ကာ
ရှာကြည့်ပါ မတွေ့ရင်တော့ ဖောင့်ပြန်သွင်းပါ ရှိနေပြီးမပေါ်ပါက 
မိမိစက်ကို restart လုပ်ကြည့်ပေးပါ...။
လေးစားစွာဖြင့်
အောင်ကျော်ခိုင်-ပုသိမ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

No comments:

Post a Comment