တခါတလေ Memory Stick သို့မဟုတ် အခြား USB hard drive တစ်ခုခုကိုကွန်ပျူတာထဲထိုးလိုက်တဲ့အခါ USB အသံ ကိုသာကြားရပြီး AutoPlay က မ Run တာ ၊ My Computer ထဲမှာသွားကြည့်တော့လည်း အဲ့ဒီ Drive က ပျောက်နေတာတွေကို ကြုံတွေ့ရတက်ပါတယ်။အဲ့ဒီ ပြဿနာဟာ များသောအားဖြင့် ဖြစ်နိုင်ချေအရှိဆုံးကတော့ သင့် USB drive ရဲ့ နာမည်ဟာ အသုံးပြုပြီးသားနာမည်ဖြစ်နေလို့ပါဘဲ ။အခု ကျနော် အဲ့ဒီလိုပြဿနာမျိုးနဲ့ကြုံလာတဲ့အခါ Drive letter ကို ဘယ်လိုပြောင်းပြီးသုံးနိုင်လဲဆိုတာလေး နည်းနည်းလောက် ပြောပြချင်ပါတယ်။မသိသေးတဲ့သူငယ်ချင်းတွေ အဲ့လိုပြဿနာနဲ့ကြုံလာတဲ့အခါ အလွယ်တကူဖြေရှင်းနိုင်အောင်ရည်ရွယ်ပြီးရေးလိုက်တာပါ။ကျနော်သိထားတဲ့ဟာလေးတွေကို ကျနော့်သူငယ်ချင်းတွေဆီ ပြန်ပြီးဖြန့်ဝေပေးတဲ့ သဘောသက်သက်ပါ ... ။
Start Menu မှ Computer ပေါ်တွင် Right click နှိပ်ပြီး Manage ကို သွားပါ။Desktop Icon ပေါ်မှာ Right click နှိပ်ပြီး သွားလည်းရပါတယ်။
Computer Management ဆိုတဲ့ window တစ်ခု ကျလာပါလိမ့်မယ်။ထို Computer Management window မှ Storage ထဲကိုဝင်ပါ။
ထိုနောက် Disk Management ကို ကလစ်၍ ယခု လက်ရှိ သင့်ရဲ့ကွန်ပျူတာနှင့် ဆက်သွယ်နေသော Drive များထဲမှ သင်ပျောက်ဆုံးနေသော သင့်ရဲ့ Drive ကိုရွေးချယ်ပြီး Right Click ထောက်ပါ။Change Drive Letter and Paths... ဆိုတဲ့ အကြောင်း ကိုကလစ်။
Change Drive letter and Paths for ... ဆိုတဲ့ window တစ်ခု ကျလာလိမ့်မယ် ... အဲ့မှာ Add / Change / Remove ဆိုပြီး Button သုံးခုပါရှိတယ်။ Change ကို နှိပ်လိုက်ပါ။
ထိုနောက် Drive letters list ထဲမှ သင်နှစ်သက်ရာနာမည်ကို ရွေးချယ်သုံးစွဲနိုင်ပါသည်။သို့သော် သင်ရွေးချယ်လိုက်သော Drive letter သည် အသုံးပြုသူမရှိသေးသော Drive letter တစ်ခုဖြစ်ရပါမည်။ “ I ” လို့ပေးလိုက်ရင် အကောင်းဆုံးပါဘဲ။
ထိုနောက် Disk Management ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။အဲံမှာ Yes ဆိုတာကို နှိပ်လိုက်ပါ။အဲ့ဒါပြီးသွားရင်တော့ သင့်ရဲ့ Drive letter အား ပြောင်းလဲပြီးသွားပါပြီ။
Disk Management ကို ပြန်သွားပြီး သင့်ရဲ့ USB drive အားပြန်ကြည့်လိုက်ပါ။ သင့်ရဲ့ USB Drive ၏နာမည်ပြောင်းသွားသည်ကို မြင်ရပါလိမ့်မည် ။အကယ်၍ သင့်ရဲ့ Memory Stick သည် AutoPlay ဖြစ်ပါက Stick ထိုးလိုက်တာနဲ့ File တက်လာလိမ့်မည်။
တကယ်လို့ AutoPlay မဟုတ်ဘူးဆိုရင်လည်း Ctrl + E ကို နှိပ်ပြီး My Computer ထဲမှာ သွားဖွင့်လို့ရပြီ ...။အဆင်ပြေပါစေခဗျာ :)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
No comments:
Post a Comment