Wednesday, 29 May 2013

ဓာတ်ပုံ နောက်မှာ ဖိုင်တွေကို ၀ှက်(ဖွက်) နည်း


hide files behind images
ကိုယ်ကြိုက်တဲ့ ဓာတ်ပုံနောက်မှာ ဖိုင်တွေကို ဖွက်ထားတဲ့နည်းပါ...ဒီနည်းက ပေါ်ထွက်ခဲ့တာကြာပီဖြစ်
ပေမယ့်လည်း လူတိုင်းသိပ်မသိကြပါဘူး..ကျနော်တို့ နည်းပညာစလေ့လာခါစ 2008 လောက်ကတည်းက
ဒီနည်းကို သိခဲ့တာပါ..အခုလဲ ဒီနည်းလေးကို ပြန်အမှတ်ရလို့ပြန်တင်ပေးလိုက်ပါတယ်..အားလုံးက အင်္ဂ
လိပ်လိုတွေချည်းပါဘဲ..ဒါပေမယ့် တကယ်စိတ်ဝင်စားတဲ့သူကတော့ သေချာဖတ်ရင် လုပ်တတ်သွား ပါလိမ့်
မယ်...မြန်မာလိုပြန်မရှင်းတဲ့အတွက် စိတ်တော့မဆိုးစေချင်ပါ..ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရ
ရင် ကျွန်တော်တို့ဘလော့ဂါလုပ်ခဲ့တဲ့သက်တမ်းတစ်လျောက်အတွေ့အကြုံတွေအရ အင်္ဂလိပ်လိုဆိုရင်
ဖတ်ရမှာ တော်တော်ပျင်းကြတယ်ဗျာ...အလွယ်လိုက်ချင်ကြတာဘဲများတယ်...ဒီလို အလွယ်လိုက်သူတွေ
များနေလို့ မြန်မာနည်းပညာလောက တိုးတက်သင့်သလောက်မတိုးတက်ဘူး မဖွံ့ဖြိုးဘူး..ကျနော် တို့
လည်း အကုန်သိတာမဟုတ်ပါဘူး..တစ်ခုခုလိုအပ်ရင် Everythings in google လုပ်တာပါဘဲ..ရှာတယ်
ဖတ်တယ်.ဘာသာပြန်တယ်..ကလိတယ်ပေါ့ဗျာ...တစ်ချို့တွေပြောကြတယ် အစ်ကိုတို့လိုတတ်ချင်တယ်
တဲ့.. ဟုတ်ပီ..တင်ချင်ရင် ဒါကိုအရင်ဖတ်ပါဆိုပြီး စကားစုတစ်စု ချပြလိုက်တယ်..... အင်္ဂလိပ်လိုကြီးဖတ်ရ
မှာပျင်းတယ်တဲ့..ကဲ......... အဲမယ်တင် ပြီးပြီဗျာ..ဘယ်ကလာတိုးတက်တော့မှာလဲ..ဒါက ကျနော်ဖြစ်စေ
ချင်လွန်းလို့ ပြောပြပေးတာပါ..လေကြောလည်းရှည်သွားပါပြီ..လေ့လာ မယ့်သူများ အောက်မယ်လေ့
လာနိုင်ကြပါပြီခင်မျာ..

ဒီနည်းက ဘယ်မှာအသုံးဝင်လဲဆိုရင် Hacking လေ့လာနေသူများအတွက် အထူးအသုံးဝင်ပါတယ်..
ကိုယ်ပစ်မှတ်ထားလိုတဲ့ Target ဆီသို့ ဓာတ်ပုံနောက်မှာ Keylogger ဖြစ်စေ .. Virus ဖြစ်စေ ထည့်ပီး
လွှတ်လိုက်မယ်ဆိုရင် တစ်ဖက်က Target ကျိန်းသေပေါက်ထိမှန်မှာဖြစ်ပါတယ်.ကျနော်တို့တုန်းက
Sexy Photo တွေနောက်မှာ keylogger ကပ်ပြီး ပစ်တာပါဘဲ..တော်တော်များများလဲထိကြပါတယ်..
ကဲ...ကလိကြည့်မယ်နော် :-)

There are some important  files or document you want to hide from others on your computer. To do that you might be creating folder inside folder to hide such files but in todays tutorial i will change this by teaching you a interesting trick to hide files behind images.To hide a file behind a image  means that if any one opens that image he will see the image, but to see the hidden file we need to open that image in a specific way. So lets get started.

How To Hide File Behind Image ?
In order to do this you should have basic understanding of command line, but if you don't know check out  tutorial given below.
Video Tutorial On Basic Terminal Commands
1. Select an image to be used for hiding file behind the image.
2. Now select a file to hide behind the image and make it in .RAR format. With the help of the WinRAR.
3. And most important is that paste both the files on desktop. You may do this anywhere instead of desktop if you have some basic understanding of command line.
4. Now open cmd by going to Start > Accessories > Command Prompt and type following commands in it.
cd desktop
hide files behind images
5. CD stands for change directory by typing above command you change your directory to desktop. After that type command given below.
 Copy /b imagename.jpg + filename.rar finalimage.jpg
hide files behind images

  • Replace imagename.jpg with the name of image you want your file to be hidden behind. Don't forget to add image format (Eg: .jpg,.png,.gif)
  • Replace filename with name of your file you want to hide. It must be in .rar format.
  • Finally Replace finalimage.jpg with whatever name you want your final image with hidden files should be. This is the image where your file will be hidden.


6. Now when you will try to open this newly created image it will open as normal image, but to open you hidden file you need follow steps given below.


How To Access Hidden File ?

To access your hidden file you need to open the newly created image in winrar. Just follow simple steps given below to do that.

    1. Open winrar
    2. Now locate your image and open it or simply drag your image in winrar.
    3. Extract the file and done.
For More Hacking Knowledge , Please Visit At www.mmithelper.com ( Myanmar IT Helper )

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်


အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..
ဒီပို့စ်မှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် Gmail အကောင့်သစ်ကိုလည်း Free ဖွင့်ပြထားပါတယ် ..

www.k7.net မှာ အကောင့်သစ်ဖွင့်ပြီး ဖုန်းနံပါတ်ယူတဲ့နည်းပါ .. အသေးစိပ်ကိုတော့ ဒီပို့စ် မှာ

( http://aungsanmks.blogspot.com/2013/05/gmail-free.html)
သွားဖတ်နိုင်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့  Facebook  အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

ကဲ ... ပိုပြီး ရှင်းအောင်လို့ ကျွန်တော် ဗွီဒီယိုဖိုင်လေး တင်ပေးထားပါတယ် ..
ကြည့်လိုက်ကြပါဦး


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Gmail အကောင့် free ဖွင့်ကြဦးစို့ နော်..



 ကျွန်တော် ဒီနည်းလမ်းကိုConfirm ဖြစ်ဖို့
 တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
 ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
 သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့ ပုံတွေကိုက သက်သေခံနေပါလိမ့်မယ်
ဒါပေမယ့် .. ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..
သဘောတရားအရ သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..

ကဲ .. ဒီနည်းရဲ့ အကျဉ်းချုပ်ကို အရင်ပြောပါမယ် .. ဒီနည်းကလည်း ကျွန်တော်ရေးခဲ့တဲ့ ပထမနည်းတုန်းကလိုပဲ Website တစ်ခုကနေ နံပါတ်တစ်ခုသွားယူပြီး အကောင့်ဖွင့်မှာပါ .. ဒါပေမယ့် ဒီနည်းမှာတော့ အရင်နည်းလို Google ကို Fake လုပ်တာမဟုတ်ပဲ .. တစ်ကယ် နံပါတ်ကို အသုံးချပြီး အဲဒီနံပါတ်ကို google ကပို့ခဲ့တဲ့ Verification Code ကို ရိုက်ထည့်ပြီးမှ Gmail အကောင့်သစ်တစ်ခု ဖွင့်တဲ့နည်းပါ ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့
ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .

ဒီနေရာမှာ email address ကို ကြိုက်တာထည့်ပေးလို့ရပါတယ် .. ကျွန်တော်လုပ်ပြတဲ့ထဲမှာ masteraeiou@gmail.com လို့ ထည့်ပြထားပါတယ် .. (အမှန်အကန် gmail အကောင့်နဲ့ သုံးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ gmail address ထည့်ပေးလို့ရပါတယ် .. ဖုန်း အလကားပြောလို့ ရတာပေါ့)နောက်ပြီး gmail အကောင့်တစ်ခုတည်းနဲ့လည်း နံပါတ်တွေကြိုက်သလောက် ယူလို့ရတာကို တွေ့ရပါတယ် ..

security code နေရာမှာတော့ ကြိုက်တဲ့ဂဏန်း လေးလုံး ရိုက်ထည့်ပေးပါ .. (လေးလုံးပဲ ဖြစ်ရပါမယ်)

ကိုယ်ပိုင်နံပါတ်အဖြစ်သုံးချင်လို့ gmail address ကို အမှန်အကန်ဖြည့်မယ့်ဆိုရင် အပေါ်ဆုံးမှာ မှတ်ထားတဲ့ ဒုတိယစာကြောင်းက အမှတ်အစား ပထမစာကြောင်း  Send my messages to me email and .. ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးရမှာပါ (ကျွန်တော်က ကိုယ်ပိုင် gmail လိပ်စာထည့်ထားတာမဟုတ်လို့ ဒုတိယစာကြောင်း Do not send them to my email ... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်လိုက်တာပါ ..

ကျန်တဲ့နေရာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ တပ်ပေးလိုက်ပါ ..ဘာကြောင့်ဆိုတာကိုတော့ သက်ဆိုင်ရာစာကြောင်းတွေကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ ..

သူရေးခိုင်းတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင် အောက်ကအတိုင်း ပွင့်သွားပါမယ်

အဲဒီထဲကကျွန်တော် အနီရောင်နဲ့ မျဉ်းသားပြထားတဲ့နံပါတ်တွေကို Select ပေးပြီး ကော်ပီယူပါ (နောက်ကို ကိုယ့်ရဲ့ ဒီအကောင့်ထဲပြန်ဝင်ချင်ရင် အဲဒီနံပါတ်တွေထဲက Hyphen (မျဉ်းတို) လေးတွေကိုဖြုတ်ပြီး ဂဏန်းချည်းပဲရိုက်ထည့် .. ကိုယ့်ထည့်ထားတဲ့ Security code လေးလုံးကို ရိုက်ထည့်ပြီး Sign In ၀င်ရမှာပါ)
ကဲ .. ကော်ပီကူးလာတဲ့ နံပါတ်တွေကို Notepad လေးဖွင့်ပြီး Paste လုပ် .. ပြီးရင် အဲဒီနံပါတ်တွေကို အောက်မှာပြထားသလို အသွင်ပြောင်းလိုက်ပါ ..
အဲဒါ .. United States က ဖုန်းနံပါတ်တစ်ခု ဖြစ်သွားရော .. အဲဒီ အသွင်ပြောင်းလိုက်တဲ့ နံပါတ်ကို ကော်ပီကူးယူလိုက်ပါ ..

 .. အကောင့်ကို Sign In ၀င်ဖို့ အပေါ်ဆုံးမှာ ရှိတဲ့ My K7 ဆိုတာကိုနှိပ်လိုက်ပါ ..

 ပွင့်လာတဲ့ထဲက ဖြည့်ရမယ့်နေရာမှာ အောက်ကပုံအတိုင်း ကိုယ့်ရဲ့နံပါတ်တွေကို Hyphen တွေဖြုတ်ပြီး ဂဏန်းတွေချည်းပဲထည့် Security code နေရာမှာ ကိုယ်ထည့်ခဲ့တဲ့ ဂဏန်းလေးလုံးကို ဖြည့်ပေးပြီး submit ကိုနှိပ်လိုက်ပါ..
လောလောဆည် ကိုယ့်အကောင့်ထဲမှာ ဘာ Mail မှ မရှိသေးလို့ အခုလိုပဲ မြင်ရပါမယ်
Browser မှာ Tab အသစ်ခေါ်ပြီး www.gmail.com ကို အကောင့်ဖွင့်သလိုပဲ သွားပြီး Create a new account ကိုနှိပ်ပါမယ် ..
အကောင့်သစ်အတွက် ဖြည့်ရမယ်နေရာတွေကို အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ဖြည့်ပေးပါ ..
mobile phone ထည့်ရမယ့်နေရာမှာ နိုင်ငံကို United States ကိုရွေးပြီး +1 ရဲ့ နောက်မှာ ကော်ပီကူးလာတဲ့ နံပါတ်တွေကို Paste လုပ်လိုက်ပါ .. Location နေရာမှာလည်း United States ကိုရွေးပြီး သူရိုက်ခိုင်းတဲ့ စာလုံးနှစ်လုံးကိုမှန်အောင်ရိုက်ထည့်ပါ .. I agree ...ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပါ .. အားလုံးကို သေချာအောင် ပြန်စစ်ပြီးပြီဆိုရင် Next Step ကိုနှပ်လိုက်ပါ ..


(ဒီနေရာမှာ အမှားအယွင်းမရှိအောင်လည်း ဖြည့်နိုင်ခဲ့မယ် .. ကံလေးလည်းကောင်းမယ်ဆိုရင် Verification code တောင်းတဲ့အဆင့်ကို ကျော်လွန်ပြီး အကောင့်သစ်တစ်ခု တစ်ခါတည်း ရသွားပါမယ် )
ရသွားရင်လည်း နောက်ထပ်တစ်ခုထပ်လုပ်ဖို့ ပြင်တာပေါ့ .. မရရင်လည်း အောက်ကအဆင့်ကို ရောက်လာပါမယ် ..
အဲဒီအဆင့်မှာ Voice mail ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Continue ကိုနှိပ်လိုက်ရင်ကုဒ်ထည့်ရမယ့် အဆင့်ကိုရောက်ပါမယ်
ဒီအဆင့်မှာ သူ့ကို ခဏထားခဲ့ပြီး K7 အကောင့်ဖက်ကို ပြန်သွားပါမယ် .. အဲဒီမှာ  5 မိနစ်လောက်   စောင့်ပေးလိုက်ပါ .. My K7 ကိုနှိပ် .. Sign In ၀င်တဲ့အဆင့်အတိုင်းဖြစ်သွားပြီး ကိုယ့်ရဲ့ နံပါတ်ချည်းပဲ ( Hyphen မပါပဲ ) ရိုက်ထည့် .. Security code လေးလုံးကို ရိုက်ထည့်ပြီး Submit ကိုနှိပ် .. ကိုယ့်မေးထဲမှာ ဘာမှမရောက်သေးရင် .. gmail ကိုပြန်သွားပြီး Try again ကိုပြန်နှိပ် Voice mail မှာ အမှတ်တပ် Continue ကိုနှိပ် K7 ကိုပြန်လာ အရင်အဆင့်တွေအတိုင်းပဲ My K7 ကနေ ကိုယ့်အကောင့်ကိုဝင် (စိတ်ရှည်ရှည်စောင့်ရင် ပထမတစ်ကြိမ်တည်းနဲ့ ကိုယ့် K7 အကောင့်ထဲကို Google ကိုပို့တဲ့ Voice Mail ရောက်ပါတယ် .. )
ကိုယ့်မေးလ်ထဲမှာ google က Voice Mail ရောက်နေပြီဆိုရင်တော့ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် ..

အဲဒီထဲက Voice Mail ရဲ့ Size ကိုကြည့်လိုက်ပါ .. ပျမ်းမျှအားဖြင့် 30KB နဲ့ 45KB အတွင်းမဟုတ်ပဲ အဲဒီထက်နည်းနေမယ်ဆိုရင် ဒေတာအပြည့်အ၀ မရောက်လို့ပါ ..
ဒီနည်းလမ်းရဲ့ အဓိက ပြဿနာက အဲဒါပါ .. ကွန်နက်ရှင်ကြောင့် ဒေတာတွေ အပြည့်မရောက်ပဲ google က ပို့လိုက်တဲ့ နံပါတ်ကို 6 လုံးလုံး အပြည့် မရလိုက်တဲ့အတွက် Verification code ဖြည့်တဲ့နေရာမှာတင် လက်လျှော့လိုက်ရတဲ့အကြိမ်တွေ မနည်းမနော ဖြစ်သွားတာပါ .. ကွန်နက်ရှင်ကောင်းနေရင်တော့ သေချာပေါက် အဆင်ပြေမှာပါ ..
ကဲ .. အဲဒီထဲက Save to Disk ကိုနှိပ်လိုက်ရင် အသံဖိုင်ကို ဒေါင်းယူပြီး သိမ်းဖို့ပါ .. Message ရဲ့အောက်က လင့်ကိုနှိပ်လိုက်ရင်လည်း အသံဖိုင်ကို ဒေါင်းသွားမှာပါ ..
ကဲ .. ရလာတဲ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်လိုက်ပါ .. google က ချစ်မမကြီးရဲ့ အသံချိုချိုလေးကို ကြားရပါမယ် .. သာယာမနေပါနဲ့ နံပါတ်တွေကို လိုက်မှတ်ပါ .. အားလုံးပေါင်း 6 လုံးဖြစ်ရပါမယ် .. ဒီနေရာမှာ 6 လုံးမပြည့်ပဲ .. ပြတ်တောက်သွားတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ကွန်နက်ရှင်ကိုသာ အော်ဆဲပေတော့ဗျို့ .. ( ကျွန်တော်တောင် အကြိမ် သုံးဆယ်ကျော်မှရတာလို့ ပြောပြီးပြီနော် .. )
ကဲ .. ရလာတဲ့ ကုဒ် 6 လုံးကို အောက်မှာပြထားသလို ဖြည့်ပေးလိုက်ပါ ..

ပြီးရင် Continue ကိုနှိပ်လိုက်ပါ ..


အောင်မြင်သွားပါပြီ ..
ကဲ .. အားလုံးပဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


အိုင်တီမုဆိုး


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

CD,VCD,DVD တွေကို သူများ ကော်ပီ မကူးနိုင်အောင် ကာကွယ်နည်း


GiliSoft Secure Disc Creator 6.0 | 4.8 MB With Patch

မိမိ ဘမ်းမယ့် CD,VCD,DVD တွေကို သူများ ကော်ပီ မကူးနိုင်အောင် 

password ပေးပြီးတော့ ကာကွယ်ချင်တယ်ဆိုရင် ဒီဆော့ဝဲ လေးက ကူညီပေးနိုင်ပါလိမ့်မယ် 

With GiliSoft Secure Disc Creator, your can burn password-protected and encrypted discs. It supports most of CD/DVD, if you have a recorder and you want to burn an portable encrypted disc, please use this software. It creates protected areas on the disc that is needed to enter password to see contents. Data on the protected areas are encypted by 256-bit AES on-the-fly encryption. Protected CD/DVD is fully autonomous and does not need any special software installed on computer.


ကိုလတ်(ကျွဲဆင်း)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Tuesday, 28 May 2013

တင်ထားသမျှအားလုံး တနေရာထဲကနေ ရှာဖွေနိုင်တဲ့နည်းလမ်းကောင်း ( ဘလော့ကာများအတွက်)

မင်္ဂလာပါ  သည်နေ့ တင်မဲ့ နည်းပညာလေးကတော့ မိမိတို့ ဘေလာ့ရဲ့  နေ့စဉ်တင်ထားးသမျှသော
ပို့စ်အားလုံးကို  ဘလော့ကာရဲ့ search box ကနေတကူးတကရှာနေဖို့မလိုဘဲ...အရမ်းကို လွယ်ကူ
မြန်ဆန်ပြီး အချိန်တိုတိုနဲ့ထိရောက်စေတဲ့ နည်းပညာလေးတစ်ရပ်ဖြစ်ပါတယ်... ဘောလ့ကာတွေအတွက်
အရမ်းကို  အသုံးးဝင်ပါတယ်... မဖြစ်မနေ လုပ်ထားကြဖို့လဲ  တိုက်တွန်းခြင်ပါတယ်.... သည်နည်းလေးဟာ  လွယ်ကူရိုးရှင်းတာကြောင့်  ခုလို ပြန်လည် မျှဝေ  ခံစားပေးလိုက်တာပါ...

နမူနာ ကြည့်လိုသူများ    သည်မှာ   ကလစ်ကြည့်လိုက်ပါ။

 ကဲစကြမယ်နော်...
ပထမဆုံး  မိမိတို့ ဘလော့ကာကို sing in ၀င်လိုက်ပါနော်... ပုံလေးတွေနဲ့တစ်ကွ ရှင်းပြပေးပါ့မယ်...
ဝင်ပြီးတာနဲ့  တွေ့ရမယ်နော်..အောက်ကပုံကိုကြည့်လိုက်ပါ

ပုံမှာမြင်ရတဲံအတိုင်း  အဆင့်ဆင့်  နံပါတ်လေးတွေနဲ့ ပြပေးထားပါတယ်...
ပထမဆုံး  ဘလော့မှာပေးနေတဲ့ ဘယ်ဘက်ဘေးတန်းက  pages ဆိုတာကိုကလစ်ရမှာပါ။
နောက်... အပေါ် နံပါတ်  ၂  တိုင်း New Pages ဆိုတာလေးကိုကလစ်တာနဲ့ ဘောက်လေးကျလာမယ်
အဲဘောက်လေးထဲက  Blank page ဆိုတာကို ရွေးကလစ်လိုက်ပါ။
 အောက်ကပုံတိုင်းးကျလာမယ်

 သည်အဆင့်မှာတော့  ဘောက်ကြီးးတစ်ခုကျလာတာပါ.. အဲဘောက်ရဲ့အပေါ်က အနီပြထားတဲ့
Html ဆိုတာကိုတချက်ကလစ်ပေးထားရပါ့မယ်... နောက် အောက်မှာ ကျွန်တော်ပေးထားတဲ့
ကုဒ်တွေကို အကုန်ကော်ပီယူပြီး  ထည့်ပေးလိုက်ပါ။ ကုဒ်တွေထဲမှာ အောက်ဆုံးက 
http://www.aungsanmks.blogspot.com/ 
ဆိုတဲ့နေရာကို  မိမိတို့ လိပ်စာနဲ့အစားထိုးလိုက်ပါ။
အဲခါမှာ မိမိတို့ လိပ်စာမှာ http:// ရဲ့နောက်က www. ဆိုတာလေးကို ထပ်မံဖြည့်စွပ်ပေးလိုက်ပါ။
တခါတရံ error ပြတတ်လို့ါအဲတာလေးမပါခဲ့ရင်... လင့်ကတော့ တူတူပါဘဲ..နော်...ဒါဆို ကုဒ်ထည့်တာ အိုကေပါပြီ... အဲအပေါ်က Title ဆိုတဲ့အကွက်လေးမှာ ရေးလိုတဲ့ခေါင်းစဉ် ရေးပေးဖို့ ပါဘဲ.... ဥပမာ...
တင်ထားသမျှစုစည်းခြင်း  (သို့)  တင်သမျှအားလုံးအလွယ်တကူရှာဖွေရန်   စသဖြင့်ပေါ့ဗျာ...
အဲလောက်ဆို   ရပါပြီ  Publish နဲ့ ဆေ့ပေးလိုက်လို့ရပါပြီ...    နောက်တစ်ခုက..အဲစုစည်းထားတာနဲ့
ပါတ်သက်လို့  ၀င်ရောက်သူတွေအနေနဲ့ ကွန်မန်း  မပေးစေလိုဘူးဆိုရင် ညာဘက်က  Options ကိုကလစ်ပါ   dont allow ဆိုတာ ထားလိုက်ယုံပါဘဲနော်.... အားလုံးပြီးပါပြီ...
ဘလော့ကာတွေအတွက်တော့  ဖလမ်းးးးဖလမ်းးးးဗျမ်းးးဗျမ်းးးးးဂွဲဘဲလို့ယူဆမိတယ်...  လာလည်သူတွေအတွက်  ဆိုပိုတောင်  မိုက်တယ်..အချိန်ကုန်သက်သာတယ်လေ.....

ကဲ....စလိုက်ကြတော့ဗျာ..အောက်မှာ  ကုဒ်တွေ....လက်ဆောင်မွန်လေးလို့ယူဆရင်း  တာ့တာ...မွမွမွ

<style type="text/css">
    #toc{

    width:99%;

    margin:5px auto;

    border:1px solid #2D96DF;
    -webkit-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    -moz-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);

    }
    .labl{

    color:#FF5F00;

    font-weight:bold;

    margin:0 -5px;

    padding:1px 0 2px 11px;
    background:-moz-linear-gradient(right,#C2EAFE 0%,#055A85 40%);
    background:-webkit-gradient(linear,left 10,right 80,color-stop(0.20,#055A85),color-stop(1,#C2EAFE));
    border:1px solid #2D96DF;

    border-radius:4px;-moz-border-radius:4px;
    -webkit-border-radius:4px;box-shadow:3px 3px 1px #bbb;
    -moz-box-shadow:3px 3px 1px #bbb;-webkit-box-shadow:3px 3px 1px #bbb;display:block;

    }
    .labl a{

    color:#fff;

    }
    .labl:first-letter{t

    ext-transform:uppercase;

    }
    .new{

    color:#FF5F00;

    font-weight:bold;

    font-style:italic;

    }
    .postname{

    font-weight:normal;

    background:-moz-linear-gradient(right,#C2EAFE 0%,#fff 40%);
    background:-webkit-gradient(linear,left 80,right 10,color-stop(0.60,#fff),color-stop(1,#C2EAFE));

    }
    .postname li{

    border-bottom: #ddd 1px dotted;

    margin-right:5px

    }
    </style>
    <div id="toc"><script type="text/javascript" src="http://bloggerprofessionals.googlecode.com/files/MyTOC.js"></script>
    <script src="http://www.aungsanmks.blogspot.com/feeds/posts/default?max-results=9999&amp;alt=json-in-script&amp;callback=loadtoc">
    </script></div>

အားလုံးအဆင်ပြေမယ်လို့  မျှော်လင့်ရင်း တကယ်လို့  မလုပ်တတ်ဖြစ်ခဲ့ပါက  စာချန်ပြီး အကူညီတောင်းနိုင်သလို  aungaungmks  ကိုအပ်ပြီးးလဲ ပြောနိုင်ပါတယ်....
လေးစားနေတဲ့
အောင်အောင်(မကစ)

Read more »

Blog တစ်ခုအတွင်း ဘောင်ခပ်ခြင်းအထွေထွေ


ဘလော့ Template တစ်ခုလုံးကိုပဲဖြစ်ဖြစ် ဘလော့ Template ထဲက Widget တစ်ခုချင်းစီကိုပဲဖြစ်ဖြစ်
ကိုယ်နှစ်သက်သလို ဘောင်ခပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
အရင်ဆုံး Template ကြီး တစ်ခုလုံးကို ဘောင်ခပ်တဲ့နည်းကို မျှဝေပေးပါ့မယ်
ဒီနည်းရဲ့ နမူနာ ( Demo ) ကို ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်အခုသုံးထားတဲ့ Template ကြီးတစ်ခုလုံးရဲ့ ဘေးပတ်ပတ်လည်မှာခပ်ထားတဲ့ ဘောင်ကိုသာ ကြည့်လိုက်ကြပါလို့ ..


ကဲ .. အရင်ဆုံး Blogger ကို Lon in ၀င်လိုက်ပါ ..
ပြီးရင် Template က နေ Edit HTML ကို ၀င်ပါ
HTML ကုဒ်တွေထဲက ]]></b:skin>  ကို လိုက်ရှာပါ ...
တွေ့ပြီဆိုရင် အဲဒီ ]]></b:skin> ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ


#mblwrap {
      background: #Ffffff;
      width: 960px;
      margin: 10px auto 5px auto;
      padding: 0;
      position: relative;
      border-right: 15px solid #333;
      border-left: 15px solid #333;
      border-top: 10px solid #333;
      border-bottom: 15px solid #333;
      -moz-border-radius:10px;
      -webkit-border-radius:10px;
      border-radius:10px;
      box-shadow: #333 0px 1px 3px;
    }



အဲဒီကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့နေရာမှာ ကိုယ်နှစ်သက်တဲ့ အရောင်ကုဒ်ကို ပြောင်းလဲပေးနိုင်သလို Border ရဲ့ အထူအပါးကိုလည်း 15px, 15px, 10px စတဲ့နေရာတွေမှာ လိုက်ပြီး ချိန်ညှိပေးနိုင်ပါသေးတယ်

ပြီးရင် <body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ <body> ရဲ့ အောက်မှာ


<div id='mblwrap'>  

အဲဒီကုဒ်ကို ကူးထည့်လိုက်ပါ

ပြီးရင် </body> ကို ထပ်ရှာပါ ..
တွေ့ပြီဆိုရင် အဲဒီ </body> ရဲ့ အပေါ်မှာ</div> ဆိုတဲ့ကုဒ်ကို ထည့်ပေးလိုက်ပါ
အပေါ်မှာထည့်တာ အောက်မှာထည့်တာတွေကို သေချာ ဂရုစိုက်ပေးစေချင်ပါတယ်
Preview Template ကနေ ဘလော့ကို ကြည့်လို့ အဆင်ပြေသွားပြီဆိုရင်တော့
Save Template ကို နှိပ်လိုက်ရုံပါပဲ ...
ဒါဆိုရင်တော့ Template ကြီးတစ်ခုလုံးကို ဘောင်ခပ်လို့ ပြီးသွားပါပြီ ..

နောက်တစ်နည်းကတော့ Template ထဲမှာ ရှိတဲ့ Widget တစ်ခုချင်းစီကို ဘောင်ခပ်မယ်ပေါ့
အရင်ဆုံး ကိုယ်ဘောင်ခပ်ချင်တဲ့ Widget ID ကို သိအောင်လုပ်ထားပါ ..
ဥပမာ .. Post ရဲ့ Widget ID ကို သိချင်တယ်ပေါ့ .. Layout ကနေ အဲဒီ Post ရဲ့ ညာဖက်အောက်ဒေါင့်က Edit ကိုနှိပ်လိုက်ရင် ပွင့်လာတဲ့ ၀င်းဒိုးအသေးလေးရဲက Address bar ထဲမှာ Widget ID ကို ရှာလို့ရပါတယ် .. Template ထဲမှာ ရှာတတ်ရင်လည်း ရပါတယ် ..
များသောအားဖြင့်တော့ Post ရဲ့ Widget ID က Blog1 ဖြစ်နေလေ့ရှိပါတယ် ..
ကဲ .. အဲဒီ Post တွေကို ဘောင်ခပ်တော့မယ်ပေါ့ဗျာ ..
Template က နေ Edit HTML ကို သွားလိုက်မယ်ပေါ့

HTML ကုဒ်တွေထဲက ]]></b:skin> ကို လိုက်ရှာပါ ..
တွေ့ပြီဆိုရင် သူ့ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ



#YourWidgetID {
padding: 5px;
border: 1px solid #ff0000;
}


ကုဒ်တွေထဲက #ff0000 ကတော့ ကိုယ် ဘောင်အဖြစ်ခပ်မယ့် အရောင်ပေါ့ .. 
ကုဒ်တွေထဲမှာ အနီရောင်နဲ့ပြထားတဲ့ YourWidgetID ဆိုတဲ့နေရာမှာ ကိုယ် ဘောင်ခပ်ချင်တဲ့ Widget ရဲ့ ID ကို ထည့်ပေးရမှာပါ
ဥပမာ .. ကျွန်တော်က Post တွေကို ဘောင်ခပ်ချင်တယ်ဆိုပါတော့ Post ရဲ့ ID က Blog1 ဆိုပါတော့
ကုဒ်က ဒီလိုဖြစ်သွားမယ်

#Blog1 {
padding: 5px;
border: 1px solid #ff0000;
}

ပြီးရင်တော့ Save Template ပေါ့ ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Gmail ဟက်မခံရအောင် Back Up လုပ်ခြင်း


ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။
ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။
1. Settings ကိုသွားပါ။
2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။
3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။
4. ပြီးရင် Save Changes button ကို click လိုက်ပါ။

အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။
တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။

ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။
တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ် ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။

ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာသူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့လိုက်လို့ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။
http://sofialay.blogspot.com
ဆိုဒ်တခုမှာ တွေ့ရလို့ ငယ်ချင်းတွေကို ပြန်လည်ဝေမျှလိုက်တာပါ............
အားလုံးပဲအဆင်ပြေကြပါစေနော..
ခလေး(သဲသဲ)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Monday, 27 May 2013

မိမိ Laptop ကနေ အလွယ်တကူ Wifi ပြန်လွှင့်မယ်


ဒီနေ့ နည်းလေးကတော့ အင်မတန်မိုက်တယ်လို့ပါ ဆိုရတော့မှာပေါ့
ဒါပေမယ့် စက်တိုင်းတော့ မရဘူးဗျ မရဘူးဆိုတာက ဒီလိုပါ hotspot ပြန်လွှင့်ဖို့
မရတဲ့ စက်တွေဆိုရင်တော့ လုပ်မရနိုင်ပါဘူး 
အဲဒါဘယ်လိုသိနိုင်မလဲဆိုတော့ Windows+R နဲ့ တွဲနှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ပါ
ဒါဆို Command Prompt လေးကျလာပါမယ်
အဲဒီမှာ netsh wlan show drivers ကို ရိုက်ထည့်လိုက်ပါ ပြိးရင် Enter နှိပ်
အောက်ကပုံလေးအတိုင်းဖြစ်လာလိမ့်မယ်
အဲဓိကက အဲမှာစတာ ကြည့်လိုက် 
Hosted network supported : နေရာမှာ Yes ပြရင် hotspot လုပ်ရပါတယ်
No ပြနေမယ်ဆိုရင်တော့ ဒီအဆင့်မှာတင်ရပ်လိုက်ပါတော့ မရပါဘူး
 
ပြီးသွားရင် ဒီဆော့ဝဲ  ကိုဒေါင်း ဖိုင်ဆိုဒ်က ပါးပါးလေး
ဒေါင်းပြီးရင် Zip မဖြည်ပါနဲ့ အဲဒီဖိုင်လေးကိုနှစ်ချက်နှိပ်ပြီး
virtual Router Plus လို့ အနီလေးနဲ့ ပြထားတဲ့ ဟာလေးကို ကလစ်လိုက်ပါ
အဲဒါဆိုရင် ဆော့ဝဲလေး တက်လာပါလိမ့်မယ် (ခဏကြာနေတတ်သည် ခဏစောင့်ပေးပါ)
 
ကျွန်တော် ပုံမှာပြထားတဲ့အတိုင်းပဲ နာမည်ပေး password ထည့်ပြီး Start လုပ်လိုက်ပါ
ဒီအဆင့်မှာ error ပြတတ်ပါသည် မပူနဲ့ နောက်တစ်ကြိမ် Start လုပ်ကြည့်ပါ အဆင်ပြေပါလိမ့်မည်
အဆင်ပြေရင် အောက်ကပုံလေးလို notification လေးပြလာပါလိမ့်မယ်
 
အားလုံး အဆင်ပြေကြပါစေ
အောင်ကျော်ခိုင်(ပုသိမ်)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Viber ဆော့ဝ်လ်ဖျက်သိမ်းမယ်တဲ့လိမ်ညာMessageတစ်စောင် (အားလုံးဖတ်ပေးပါ)





မင်္ဂလာပါ http://techinblogging.blogspot.com မှကြိုဆိုပါတယ်။ Viber ဆိုတဲ့ free call နဲ့ free sms ကိုလူတိုင်းလိုလိုသုံးနေကြပါပြီ။ မတူညီတဲ့ ဖုန်းအမျိုးအစားနဲ့လည်း လူတိုင်း Viber ကိုသုံးနေကြပါပြီ။ နိုင်ငံတကာမှာတင်မကပဲ မြန်မာနိုင်ငံမှာလည်း ယခုထက်ထိ သုံးစွဲနေဆဲပါပဲ။ ခုတော့ ကျွန်တော်ရလာတဲ့ သတင်းတစ်ခုကိုမဖြစ်မနေ ဖော်ပြထိုက်တယ်ထင်လို့ ဖော်ပြပါတော့မယ်။

ယနေ့ ၂၆ရက်နေ့ မေလ ၂၀၁၃ ခုနှစ်တွင် ကျွန်တော့်ကို တစ်ခါလေးတောင် Message မပို့ဖူးတဲ့သူက Group တစ်ခုဖွဲ့ပြီး Message လာပို့ပါတယ်။ ကျွန်တော်က ပါလေရာ Message ဖတ်သူဆိုတော့ အဲ့ Message လေးကိုဖတ်ကြည့်တာပေါ့။ သူ့ရဲ့ Group ထဲမှာ ၂၈ယောက်(ကျွန်တော်ပါ အပါအ၀င်) ။ ခေါင်းစဉ်လာကတည်းက CEO of Viber ဆိုပဲ။ ဖတ်ကြည့်ပါ။ အတိအကျရထားပါတယ်။


သတိ။ ။ 5 seconds စောင့်ပါ။ ပြီးရင် Skip AD ကိုကလစ်ပါ။ ဆက်ဖတ်ပါ။ Like လုပ်ခြင်းဖြင့် အားပေးနိုင်ပါတယ်။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Sunday, 26 May 2013

Facebook Lock မကျအောင်ကာကွယ်နည်း


 ဟုတ်ပါတယ်ဗျာ။ ခုတလော facebook account ကအသစ်ဖွင့်လိုက်ရင် လောကျတာချည်းပါပဲ။ အရင်အကောင့်ဟောင်းတွေလည်း တစ်ခါတလေ လောကျတတ်ပါတယ်။ လောကျရတဲ့ အကြောင်းတွေတော့ အများကြီးပေါ့ဗျာ။ များသောအားဖြင့်တော့ Report များများအတင်ခံရရင်၊ Friends Request များများလုပ်ရင် Link တွေကို Wall ပေါ်မှာ Share များများလုပ်ရင် လော့ကျတတ်ပါတယ်။ ဒါမှမဟုတ် Login ကို Device မတူတဲ့နေရကနေ ခဏခဏဝင်ရင်၊ ဖုန်းပေါ်မှာ မိမိအကောင့်ကို Logout မလုပ်ဘဲ အခြားတစ်နေရာကနေ Login ဝင်တာတို့၊ ဒီတော့ လော့မကျစေချင်ရင် Report
 အတင်မခံရအောင်နေပေါ့။ :D ဒါကြောင့် မိမိအကောင့် လော့မကျအောင် 
ကာကွယ်တဲ့အနေနဲ့ စောစောကပြောထားတာလေးတွေကိုလည်း ရှောင်ထားပေါ့။ ပုံမှန်ဆိုရင် facebook က လောမကျနိုင်ပါဘူး။ ကဲ ဒီနည်းလမ်းကတော့ အိုင်တီမုဆိုး ဆီကနေ ကူးလာတဲ့ နည်းလမ်းလေးပါ။
အရင်ဆုံး ဒီနေရာ ကိုသွားလိုက်ပါ။ မိမိအကောင့် Login ဝင်ထားပြီးကြောင်းဖြစ်ပါစေ။
အဲဒီ Page ကိုရောက်ပြီဆိုရင် အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်။ 
 
 
အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ။ ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီးကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကိုနှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး) တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ။ ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင် အဲဒီအကောင့် ပြန်ရပါတယ်။ ကဲ . အဆင်ပြေကြပါစေဗျာ။


Credit To: www.itmotesoeway.blogspot.com

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

USB ကနေတဆင့် ကူးဆက်တတ်တဲ့ Virus တွေကိုကာကွယ်ကြမယ်



USB Disk Security 6.3.0.0 ထွက်လာပါပြီ.. USB ကတစ်ဆင့် ကူးစက်တဲ့ Virus တွေကို အကာအကွယ်ပေးတဲ့ Software ပါ. Windows သမားတိုင်းနီးပါး သုံးပါတယ်.. ဒီဗားရှင်းမှာ ခေတ်သစ် Virus အမျိုးအစားသစ်တွေကို ကာကွယ်ဖို့ Feature အသစ်တွေပါဝင်လာပါတယ်..
USB Disk Security provides 100% protection against any threats via USB drive, however, the majority of other products are unable even to guarantee 90% protection. USB Disk Security is the best antivirus software to permanently protect offline computer without the need for signature updates, but other antivirus software should update signature database regularly, and they cannot effectively protect offline computer. This light and easy to use solution is 100% compatible with all software and doesn't slow down your computer at all. You pay USB Disk Security once and get it all, however, other antivirus products should be paid for updates every year.


အဆင်ပြေပါစေ..

Setup Download : 4.24 MB

Keygen Download :


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

မြန်မာဆိုဒ်များကို အကြည့်များသူများသွင်းထားသင့်တဲ့ addons ပါ




မြန်မာဆိုဒ်များကို အကြည့်များသူများသွင်းထားသင့်တဲ့ addons ပါ

အခုနောက်ပိုင်း... မြန်မာဆိုဒ်တွေမှာ.. ကွဲပြားနေတဲ့ အယူအဆတစ်ခုရှိပါတယ်..
အဲ့ဒါကတော့ Display Font ပါ
တချို့တွေက လူသုံးများတဲ့.. zawgyi one သုံးကြတယ်..

တချို့တွေက formal ပိုကျတဲ့ unicode 3 သုံးကြတယ်...

ဒီလိုမျိုးတွေ ဖြစ်နေတော့ တကယ်အခက်ကြုံနေရတာတော့.... အသုံးပြုသူတွေပါပဲ...

ကျွန်တော်အခုပေးမယ်ဟာက mozilla fireofox မှာ.. ခုနကပြောခဲ့တဲ့ ဆိုဒ်ပုံစံနှစ်မျိုးလုံးကို ဘာ font 

setting ပြောင်းစရာမလိုပဲ... တန်းကြည့်လို့ရမယ် add-ons လေးပါ...

myanmarfonttager ပါ..

ပြုလုပ်ပုံအဆင့်ဆင့်ကတော့...
firefox browser ဖွင့်ပါ

Tools>add-ons 
ပေါ်လာတဲ့ add-ons tag မှာ search box ထဲမှာ myanmarfonttager လိုရိုက်ပြီးရှာပါ....

 နောက်ပေါ်လာရင် install လုပ်ပြီး ပြီးသွားရင်...
.
firefox browser ကို ပိတ်ပြီးပြန်ဖွင့်ရင် အဆင်ပြေသွားပါပြီ...
.
နောက်တစ်နည်းကတော့..
အပေါ်အဆင့်တွေ အဆင်မပြေသူများအတွက်ပါ

အောက်လင့်ခ်ကနေ
addons ကို ဒေါင်းလိုက်ပါ..


ဒေါင်ပြီးရင် firefox browser ကိုဖွင့်ပါ..

နောက် ဒေါင်းထားတဲ့ဖိုင်လ်ကို firefox browser ထဲကို drag ဆွဲပြီးထည့်လိုက်ပါ..

နောက် firefox browser ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ

 ကျနော်ကပုံလေးနဲ့ ပြန်လည်ဖြည့်ထားပေးလိုက်ပါတယ်






PS: အဆင်ပြေလားစမ်းကြည့်ချင်ရင် http://www.google.com.mm/

ကိုဖွင့်ကြည့်ပါ မြန်မာဖောင့်ကို အဆင်ပြေပြေတွေ့ရပါမယ်...။

Credit to 20s IT Partner!


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Recycler ဗိုင်းရစ်တွေကိုရှင်းမယ်

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားတဲ့ ဗိုင်းရစ် ရှင်းတဲ့ဆော့ဝ်လ်လေးကိုသုံးကြည့်ပါ။ 1.0 ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်ကောင်းမယ့် ဆော့ဝ်လ်များဖန်တီးပေးဦးမှာပါ။ Virus, PC Optimizer စသဖြင့် အသုံးဝင်ဝင်မ၀င်ဝင် ဖန်တီးပေးဦးမှာပါ။ သင်မယုံရင်မသုံးပါနဲ့။ Virus မဟုတ်ဘူးလို့ ကျွန်တော်အာမခံပါတယ်။




  • Recycle Virus Killer V1.0.exe ကိုဖွင့်ပါ။
  • ၁မိနစ် - ၂မိနစ်လောက်ပဲကြာမယ်။
  • ဘာမှမကြောက်ပါနဲ့။ virus ရှိရင်သတ်နေတာပါ။ မရှိရင် ဘာမှမဖြစ်ပါဘူး။ စာတန်းတွေရပ်သွားပြီးတာနဲ့ပိတ်လို့ရပါပြီ။

တခြား Applications များလည်းရှာဖွေနိုင်ပါတယ်။ အောက်ပါအတိုင်းသင်လိုရာယူလိုက်ပါ။
Viber 1.041 for Nokia
Blogger for Mobile
Tech in Blogging @ Android
ပိုပြီးလိုချင်ရင် ဒီကိုနှိပ်ပြီး ရယူနိုင်ပါတယ်။ အဆင်ပြေပါစေ။

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Window genuine ပြဿနာဖြေရှင်းနည်းအတွက် Window 7 loader 2.2.2



ဒီပြဿနာဟာ အခုတလော အရမ်းအဖြစ်များပါတယ် ။ဝင်းဒိုး Genuine ဖြစ်ပီဆိုရင်
ဖြစ်ပေါ်လာတဲ့  လက္ခဏာလေးတွေကိုတော့  ဖြစ်ဖူးသမျှလူတွေ  သိပီးဖြစ်လိမ့်မယ်
နောက်ခံပုံပြောင်းမရတော့တာ ရက်၃၀ ပဲခံတော့မယ် ။  စကရင် အောက်ခြေမှာလဲ
This copy window genuine ဆိုတာပေါ်တယ် ။ လုပ်တဲ့ဆော့ဝဲတွေအများကြီးမှာ
အခုတင်ပေးတာက Loader ပါ ။ Remover ဆိုတာက ပိုပီးကောင်းတယ် ။ ရှာမရပဲ
ဖြစ်နေလို့ အရင်တင်ထားတဲ့လင့်ကလည်း အကောင့်ပျက်သွားလို့ ရှာမရတော့ပါဘူး
တွေ့ ရင်ပြန်တင်ပေးပါမယ် ။  အခုတင်တဲ့ဆော့ဝဲက အဆင်ပြေတဲ့သူ ပြေနေပြီးပီမို့ 
တင်ပေးလိုက်တာပါ Loader က အနည်းငယ်အန္တရာယ်များပါတယ် အဆင်မပြေရင်
ဝင်းဒိုးပြန်မတက်လာတာ ဖြစ်တတ်တယ်။ ဆော့ဝဲနဲ့ အတူ ပြုလုပ်နည်းဖိုင်ပါပါတယ်
သေချာဖတ်ပါ သေချာလိုက်နာပါ ။ မျက်စိမှိတ်လုပ်ချင်ရင်တော့ ဆော့ဝဲကိုယူလိုက်
ပီးရင် Antivirus ကို ပိတ်ထားပေးပါ ။ ပီးရင် Run လိုက်ပါ Install နဲ့ Uninstallလို့ 
ရေးထားပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး ။ Install ကိုသာနှိပ်လိုက်ပါ ပီးရင်တော့
Restart ပြန်ချရပါလိမ့်မယ် ။ အဲ့လိုဆို အဆင်ပြေပါပြီ။ ဒီဆော့ဝဲကြောင့် အဆင်ပြေ
အောင်မြင်သွားတဲ့သူ တစ်ယောက်ရှိပါတယ်  ။ အဲ့ကြောင့်  ၇၅%  စိတ်ချလက်ချနဲ့ 
သုံးလိုက်ပါ ။ အထဲမှာလည်း  တစ်ခုခုဖြစ်ရင်  ဖြေရှင်းရန်  နည်းလမ်းပါနေတာမလို့ 
သေသေချာချာဖတ်ပီး  လုပ်စေချင်ပါတယ်။  Loader တွေက  Window ပြန်မတက်
မလာတော့တာ  ဖြစ်တတ်တယ်  ဖြစ်ဖူးတယ်မလို့ ပြောတာ ဘာမှမလုပ်ပဲထားမှာနဲ့ 
တစ်ခုခုလုပ်တော့ တစ်ခုခုဖြစ်လာမှာပဲ ။  အဲ့ကြောင့်  စဉ်းစဉ်းစားစားလေး  လုပ်ပါ
မဟုတ်လို့ တက်မလာရင်  ကျနော့ကြောင့်ဖြစ်လာမှာစိုးလို့  ဖြစ်တတ်တာလေးကို
ကြိုတင်အသိပေးထားတာပါ။ ပြဿနာတက်သူများ သုံးကြည့်လိုက်ပါ...............။
မူရင်းလင့် - http://www.kompiajaib.com/

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

WinRAR 5(Beta 4) ကို Full verison ဖြစ်အောင် Crack မယ်

 မင်္ဂလာပါ Tech in Blogging မှကြိုဆိုပါတယ်။ ခု WinRAR နောက်ဆုံးထွက်ပေါ်နေတဲ့ 5 (Beta 4) ကို share ပါဦးမယ်။ Windows 32 bit အတွက်ပါ။ 86 အတွက်မရသေးပါဘူး။ :) ခုလက်ရှိကျွန်တော့်ဆရာတွေကြောင့် ကျွန်တော် crack တစ်ခုကိုရေးသားနိုင်ခဲ့ပါတယ်။ အဲ့ဒီ WinRAR ကိုလိုချင်ရင် ဒီမှာ ယူပါ။ crack တာတော့နည်းပါပြောခဲ့မယ်ဗျာ။



အောက်ကပုံကိုအခြေခံမယ်ဆိုရင် ရက်၄၀ကျော်ရင် အဲ့လိုပေါ်လာပါတယ်။ အရမ်းအနှောင့်အယှက်ပေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ် Crack တစ်ခုရေးသားလိုက်ပါတယ်။


ကဲ.. ထည့်နည်းလေးပြောပြမယ်ဗျာ။ Crack ကိုလောလောဆယ် အရင်ယူလိုက်ဦး။ ဖိုင်ဆိုက် ကနည်းနည်းလေးပါ။


  • WinRAR.exe ကို C:\Program Files\WinRAR မှာထည့်လိုက်ပါ။ WinRAR ကိုခဏပိတ်ထားပါ။
  • ပြီးရင် box တစ်ခုကျလာလိမ့်မယ်။ Windows 7 မှာ Copy and Replace လုပ်ပါ။ Windows XP မှာ Yes to all ပေါ့ဗျာ။
  • ဒါပြီးရင် သင် rar ဖိုင်တွေကိုဖွင့်ကြည့်ပါ။ အဲ့ဒီ ရှုပ်ရှပ်ကြီးမတက်လာတော့ပါဘူး။

Greet to >> Ben Yaung , G0dK!nG_92
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com www.ledimyethar.com www.ninilayy.com

Read more »