Showing posts with label Upload. Show all posts
Showing posts with label Upload. Show all posts

Tuesday, 27 August 2013

Download ဆိုတာဘာလဲ ? Upload ဆိုတာဘာလဲ ?

 

ကျွန်တော်အင်တာနက်ကို စသုံးဖြစ်တာက ၂၀၁၁ ခုနှစ်လောက်ပါ
ကျွန်တော်လည်း ကလိသူပီပီ လိုက်မွှေနောက်ရင်း ဟိုဘလော့ကြည့်
ဒီဆိုဒ်ကြည့် ဖိုရမ်လေးတွေ ၀င်ဆွေးနွေးလိုက်နဲ့ အင်တာနက်ပေါ်မှာ
ပညာတွေ ယူရင်း အင်တာနက်ကြီးကို ခင်တွယ်လာခဲ့တယ်။
ကျွန်တော့်ကွန်ပျူတာအတွက် လိုအပ်တဲ့ဆော့ဝဲတွေကို တွေ့ရင်
Download လုပ်ကာ အဆောင်ရောက်ရင် ပြန်ထည့်ပြီးတော့
စမ်းသပ် ကလိပေါ့... ။ ဒါပေမယ့်လည်း ကျွန်တော် တစ်နေ့ကျတော့
ပြန်စဉ်းစားမိတယ် လူတွေ ပြောပြောနေကြတဲ့ Download
ဆိုတာဘာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့
ဘယ်လိုပြောရမှန်းကိုမသိဘူး ။ ဒီထက်ဆိုးတာက upload ဆိုတာဘာလဲပေါ့။
သာမန် အင်တာနက်သုံးသူတစ်ယောက်အနေနဲ့ upload ဆိုတာပိုဝေးပြီပေါ့။
နောက်တော့ ကျွန်တော်စာအုပ်တွေဖတ် လိုက်ရှာလည်း 
မတွေ့ဘူး ။ အခုလည်း ကျွန်တော် တိုက်ဆိုင်မှုရှိလို့ ဒီပို့စ်လေးကို
ရေးလိုက်တာပါ ကျွန်တော့်အသိတစ်ယောက်ကို မေးလိုက်တယ်
Download /upload ဆိုတာဘာကိုဆိုလိုတာလဲလို့ ။
သူကလည်းကျွန်တော့်တုန်းကလိုပဲ မသိသလိုလေးနဲ့
မသိဘူးလို့ပဲ ရိုးရှင်းစွားဖြေပါတယ် ဒီတော့ ကျွန်တော်ဒီပို့စ်လေးကို
ကျွန်တော့်လို အင်တာနက် စသုံးချိန် က လို ဘာမှမသိသူတွေအတွက်
အဓိက ရည်ရွယ်ပြီး ရေးသားလိုက်တာပါ။

Download / Upload ဆိုတာ ဘယ်လိုလဲ?
=================

အမှန်တော့ download / upload ဆိုတာ အင်တာနက်သုံးသူတိုင်း
လုပ်နေကြတာပါ။ အချို့က အင်တာနက်ပေါ်က ဆော့ဝဲလေး
ယူတာကိုမှ Download လို့ထင်ကြတယ် ။ အမှန်တော့
ကိုကြိုက်တဲ့ ပုံလေးတစ်ပုံကို save လုပ်လိုက်တာလည်း Download
ပါပဲ ။ ဟိုအရင်တုန်းက social network ကြီးဖြစ်တဲ့ facebook
က လူသိနည်းလှတာကြောင့် သိပ်မသုံးဖြစ်သေးတော့
Gtalk ကိုအသုံးများပါတယ်။ အဲဒီတုန်းကဆိုရင်တော့ထားပါ
အခုတော့ facebook က လူတိုင်းသုံးနေကြပြီဆိုတော့
ပုံလေးတစ်ပုံကိုတော့ save ဖူးကြမှာပါ အဲဒီတော့
Download ဆိုတာချည်းနဲ့က ရင်းနှီးပြီးသား ပါ ။ 
လိုချင်တဲ့ ဓါတ်ပုံတွေ ဆော့ဝဲတွေ စာအုပ်တွေနဲ့ အခြားအကြောင်းအရာတွေကို
အင်တာနက်ပေါ်ကရယူခြင်းလို့ ရိုးရိုးလေးသတ်မှတ်လိုက်ပါရစေ။
Download ဆိုတာချည်းကို အင်တာနက်သုံးတဲ့ user အတော်များများက
ရင်းရင်းနှီးနှီး သိနေကြသော်လည်း upload ဆိုတာကို
တကယ်တမ်းသိသူက နည်းပါတယ်။ သဘောတရားကလည်း Download
နဲ့  ဆန့်ကျင့်ဘက်ပါ ။ အင်တာနက်ပေါ်ကို တင်ခြင်းလို့ သတ်မှတ်လိုက်ပါ။
ကိုယ့်ရဲ့ ဓါတ်ပုံကို အများကို ပြစေချင်လို့ တင်လိုက်တာကိုလည်း
Upload လို့ သတ်မှတ်နိုင်ပါတယ် ။ ကိုယ့်မှာရှိတဲ့ ဆော့ဝဲတစ်ခုကိုလည်း
အများကို ပြန်လည် ရယူနိုင်အောင်လို့ ကိုယ်က အင်တာနက်ပေါ်
တင်ထားတာကိုလည်း upload လို့သတ်မှတ်နိုင်ပါတယ်။
ဒီတော့ ရိုးစင်းလွန်းလှတဲ့ Download/upload တွေကို နားမလည်ဘူးဆိုတာက
လုပ်နေရင်း မစဉ်းစားမိလိုက်လို့ပါ ။ 

Download / Upload ဘယ်လိုလုပ်မလဲ
========================

ဒါဆို ကျွန်တော်တို့ အင်တာနက်ပေါ်က ဘယ်လိုတွေရယူကြမလဲ။
အထူးသဖြင့် ဓါတ်ပုံတွေကိုတော့ ကျွန်တော်တို့ အလွယ်တကူ
ယူတတ်ကြပါတယ် right click နှိပ်ပြီး save image as ဆိုပြီး
သိမ်းချင်တဲ့ location ရွေးပြီး save ရင် ဓါတ်ပုံတစ်ပုံ Download လုပ်နိုင်ပါတယ်။
ဒါဆို ဆော့ဝဲတွေ စာအုပ်တွေကျတော့ ဘယ်လိုလုပ်မလဲ။
အရင်ဆုံး upload ဆိုတာကို ရှင်းပြပြီးပြီဆိုတော့
မိမိ တို့  ဘယ်လို upload လုပ်ကြမလဲ ။ ပုံဆိုရင်တော့
ဥပမာ အားဖြင့် - Facebook ပေါ်မှာ အများစု တင်ကြပါတယ်။
အခြား တင်နိုင်တဲ့ Website တွေလည်း အများကြီးရှိတဲ့အထဲက
ဓါတ်ပုံတွေကို upload လုပ်နိုင်တဲ့ Website တွေလည်းရှိပါတယ်။
ဒါပေမယ့် အခြားသော Data file တွေကျတော့
upload လုပ်ချင်တဲ့အခါ file hosting Website လို့ခေါ်တဲ့
mediafire လို ဆိုက်တွေ လိုအပ်ပါတယ် ။
အခပေး ဆိုက်နဲ့  အခမဲ့ ဆိုက်တွေ ဆိုပြီး အများကြီးရှိကြပါတယ်။
ဒါပေမယ့် သူတို့မှာ ကန့်သတ်ချက်တွေရှိကြပါတယ်
တစ်ကြိမ်မှာ တင်နိုင်မယ့် Storage ပမဏနဲ့ 
အကောင့်တစ်ခုကို ပေးနိုင်မယ့် Storage ပမာဏနဲ့ ဆိုတာရှိပါတယ်။
ဥပမာ -> www.mediafire.com ပဲထားပါတော့
Free အကောင့်တစ်ခုကို 50GB ပေးတယ် (ဆိုလိုတာက ကိုယ့်မှာရှိတဲ့
data 50GB လောက်တင်နိုင်တယ်ပေါ့) ဒါပေမယ့်
တစ်ကြိမ်တင်တာကို 200MB ပဲ ပေးထားတယ်ဆိုရင်
500MB ရှိတဲ့ ဗီဒီယိုတစ်ခုကို တင်ခွင့်မရှိပါဘူး တင်ချင်ရင်
ပိုင်းရပါမယ် 200MB နှစ်ခါနဲ့ 100MB တစ်ခါ ပြန်ခွဲတင်ရပါတယ် ။
ဒါက ဥပမာ ပြောပြတာပါ နောက်ထပ်ရှိသေးတာက
Bandwidth Limit ရှိပါတယ် 200MB ဖိုင်တစ်ခုကို
၅ယောက်က Download လုပ်သွားရင် Bandwidth က
1000MB ဖြစ်ပြီဆိုတော့ 1GB နည်းပါးဖြစ်သွားတာပေါ့
သူက File တစ်ခုကို Bandwidth 2 GB ပေးထားမယ်ဆိုရင်
အဲဒီ ဖိုင်တစ်ခုကို 200MB x 10ကြိမ်ဒေါင်း = 2000MB ဆိုရင်
သူ့ရဲ့ Bandwidth Limit ဖြစ်တဲ့ 2GB ပြည့်သွားရင် အဲဒီဖိုင်ကို
နောက်တစ်ကြိမ် ထပ်ဒေါင်းလို့မရတော့ပါဘူး 
အဲဒီအခါ Bandwidth Error ဆိုပြီး ပြပါလိမ့်မယ်။ ဒါမှမဟုတ်
File ကို အလိုလို ဖျက်သွားလိမ့်မယ်။

ဒီအပြင် Parallel Bandwidth ဆိုတာလည်းရှိသေးတယ် 
အထူးသဖြင့် solidfile လို hosting မျိုးမှာ တွေ့ရတတ်တယ် ။
တစ်ကြိမ်တည်းမှာပြိုင်ဒေါင်းခွင့်ကိုလည်း သတ်မှတ်ထားပါတယ်
အချို့ဆိုဒ်တွေက Download အရေအတွက်နဲ့ သတ်မှတ်သလို
အချို့ hosting site တွေက Storage နဲ့ သတ်မှတ်ပါတယ်
ဥပမာ- 200MB ကို ၁၀ယောက်ပဲ တစ်ပြိုင်တည်း Download
ခွင့်ပေးမယ်ဆိုရင် 11 ယောက်မြောက် Download လုပ်သူက
404 error ဆိုပြီး ပြပါလိမ့်မယ် ။ အမှန်တော့ ဖိုင်က ရှိနေသေးပါတယ်။
ဒါပေမယ့် ခုနက ပြောသလို Parallel Download ကို သူက ၁၀ယောက်ပဲ
ခွင့်ပြုတာကို အချို့ကျတော့ အဲဒီလိုမဟုတ်ဘူး Parallel Download
bandwidth ကို 4000MB သတ်မှတ်ထားရင် အယောက် 20 တစ်ပြိုင်တည်း
ဒေါင်းခွင့်ပြုသလို သဘောသက်ရောက်တာပေါ့ ။  ဒါပေမယ့် နောက်
တစ်ချိန်ချိန်မှာ အဲဒီ ဖိုင်လေးကို ပြန်ဒေါင်းလို့ ရသွားပြန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ download လုပ်နေသူ သတ်မှတ်ထားတာထက်
မကျော်သေးတာဆိုတော့ အဆင်ပြေသွားတာပေါ့။ 
Download လုပ်သူတွေ အဓိကက ပြဿနာ က အဲဒါပါ ။
အချို့ file hosting site တွေက Unlimited ပေးထားပါတယ်။
အကြိုက်တင်ပေါ့ ဒါပေမယ့် စိတ်မချရပါဘူး။ သူတို့အတွက်
copyright ညိလာပြီဆိုရင် ဖျက်မှာပါပဲ။ 

အခပေးသုံးသူတွေအတွက်
================
ဒါဆို ၀ယ်သုံးရင်ရော ပိုက်ဆံပေးသုံးသူတွေကျတော့
ပိုပြီး Security ရှိတာပေါ့ အဓိကက အချက်ကတော့
One Click Download လို့ဆိုတဲ့ ကလစ်တစ်ချက်
နှိပ်ရုံနဲ့ Download ဖြစ်အောင် လုပ်စေချင်တာကြောင့်ပါ။
File တစ်ခုကို Download လုပ်တဲ့ လူတွေထဲမှာ
အင်တာနက်ဂုရုကြီးတွေ ပါသလို  အခုမှ အင်တာနက်စသုံးသူတွေလည်း
ရှိကောင်းရှိမယ်လေ ကြော်ငြာတွေ ရှုပ်ယှက်ခတ်ပြီး
မဒေါင်းတတ်မှာဆိုးတာကြောင့် one click တွေ တင်ပေးရတာပါ။

Resume အကြောင်း
==============

နောက်တစ်ခုက Resume ပါ အချို့ Host တွေကျတော့
Resume ပေးမထားပါဘူး ။ မြန်မာပြည်လိုအင်တာနက်လိုင်းကလည်း
မကောင်း လိုင်းကလည်း ခဏခဏကျနေရင်တော့ Resume 
မရတဲ့ host တွေက ဒေါင်းမယ်ဆို အစကကြီး ပြန်ဒေါင်းနေရမှာပါ။
Resume ဆိုတာက လက်ရှိ ကျွန်တော် ဖိုင်တစ်ခုကို ဒေါင်းနေရင်း
လိုင်းကျသွားလို့ 30% မှာ ရပ်သွားခဲ့တယ် အင်တာနက်လိုင်းပြန်တက်လာချိန်မှာ
30% က ပြန်စဒေါင်းပါတယ် ။ Resume မရရင်တော့
Download Link က refresh ဖြစ်ပြီး အစက ပြန်ဒေါင်းရတဲ့
အခြေအနေပြန်ရောက်သွားပါလိမ့်မယ် ။ Upload လုပ်ပေးသူအနေနဲ့
ဒီအချက်တွေကို အဓိက ကြည့်ပြီး Host တွေကို ရွေးချယ်တင်ပေးနေရပါတယ်။
ဒီလောက်ဆို upload လုပ်လိုသူများနှင့် download လုပ်သူများ
ဘာက ဘယ်လိုဆိုတာတော့ အကြမ်းဖျင်းသိလောက်ပါပြီ။
ဒေါင်းမရဘူး error တက်နေတယ်ပြောသူတွေကလည်း 
နားလည်သွားလောက်ပါပြီ upload လုပ်သူများကလည်း
မိမိ upload လုပ်မယ့် File hosting site ကို သေချာစစ်ဆေးနိုင်ပြီပေါ့။

အပေါ်မှာတော့ကျွန်တော် အလွယ်လေးဖြစ်အောင် MB တွေကို ကိန်းပြည့်နဲ့
 ပြောခဲ့ပါတယ်။ အမှန်တော့ 1024Mb= 1GB ပါ ။
------------------
ခွင့်တောင်းစရာမလိုပါ ကြိုက်သလို ပြန်ရှယ်နိုင်သည်
--------------------
အောင်ကျော်ခိုင်(ပုသိမ်)
27.8.2013

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ 

www.ledimye.blogspot.com 
www.aungsanmks.com 
www.ninilayy.com

Read more »

Saturday, 20 July 2013

Upload Speed မြှင့်တင်နည်း



အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...
ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ..ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ်။
ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်။
အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်။

အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်။
အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်။
အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ  ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ
ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ။ အောက်ကပုံအတိုင်း ပွင့်လာပါမယ်။  အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ကျလာပါမယ်။
 အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ်။
ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ ၀င်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ။

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
ဘလော့ခရီးသည် 
www.aungsanmks.blogspot.com 
www.ledimyethar.blogspot.com 
www.ninilayy.com

Read more »

Saturday, 5 January 2013

ပုံတွေကို Imgur နဲ့ Upload လုပ်နည်း

အခုနောက်တစ်ခုတင်ပေးမှာကတော့ ပုံဖိုင်လေးတွေကို Upload လုပ်နည်းလေးပါ
အရမ်းလန်းတယ်နော် ...... သူကို upload သွားလုပ်ချင်ရင်တော့ Imgur.com
ကိုသွားလိုက်ပါ ကဲ့ထုံးစံအတိုင်းပဲ upload လုပ်နည်းစတင်တော့မယ် ......

ပုံ(၁)

ပုံ(၁)မှာပြထားသည့်အတိုင်း computer ဆိုတဲ့နေရာလေးမှာ click လိုက်ပါ
ပြီးတာနဲ့နောက်တစ်ဆင့်ကိုပြန်ရောက်သွားပါလိမ့်မယ် .....
ပုံ(၂)
select files(s) to upload by s.imgur.com ဆိုပြီ box လေးပေါ်လာပါလိမ့်မယ်
ထုံစံအတိုင်ပဲ မိမိ တင်လိုသောပုံလေးကို ရွေးချယ်လိုက်ပါ ပြီးတာနဲ့ Save ကို click
လိုက်ပါ ပုံ (၂) အတိုင်းတွေ့ရှိ ရပါလိမ့်မယ် .....
 
ပုံ(၃)
ဒီလိုပါပဲ ပုံ(၃) မှာပြထားသည့်အတိုင်း Start Upload ဆိုတဲ့ နေရာလေးကို click
လိုက်ပါ .... upload ကိုစတင် ပြုလုပ်နေပါတော့မယ် ပုံ (၄) ကိုကြည့်လိုက်ပါ
upload ပြုလုပ်နေတာကိုတွေ့ ရပါလိမ့်မယ် ...... ပုံဆိုတဲ့အတိုင်းပဲ ဖိုင်ဆိုဒ်က
ပုံ(၄)
ဘယ်လောက်မှမရှိတော့ခဏလေးအတွင်းတင်ပြီးသွားမှာပါ ....ဒါနဲ့တင်ပြီးသွားတဲ့ ပုံဖိုင်ရဲ့
ဘေးနားလေးမှာကြည့်ကြည့်လိုက်ပါ တင်ထားတဲ့ပုံနဲ့အတူ ပုံရဲ့လင့်လေးတွေကိုတော့ရှိရပါ
လိမ့်မယ် Html ကုဒ်ကိုလိုချင်ရင်လဲ ဘေးမှာရှိတယ်နော် ဘာမှပူစရာမလိုပါဘူး
Post တင်နေတဲ့သူတွေများအတွက်လဲအဆင်ပြေပါတယ်ဗျား Html ကုဒ်လေးရရှိယုံနဲ့
Post မှာစာကော် ပုံကော်မြင်တွေ့ရပါလိမ့်မယ် ....... ပုံ (၅) မှာကြည့်လိုက်ပါ ....
ု(၅)
ကျွန်တော်ဒီလောက်ရှင်းပြရင်တော့နားလည်မယ်လို့ထင်ပါတယ် လုပ်နည်းလေးကတော့
လွယ်ကူပါတယ် မရှင်းသာရှိခဲ့ရင် saimyomyataung@gmail.com ကိုအပ်၍မေးမြန်းနိုင်ပါတယ်။

အားလုံအဆင်ပြေပါစေ
www.intware-smma.com

          သည်နည်းပညာလေးတွေကို အများသူငါ  အသစ်သော ဘလော့ကာလေးများသိစေရန်
အလို့ငှါ  ကျွန်တော့ ရဲ့ ညီလေး စိုင်းမျိုးမြတ်  ကိုအကူညီတောင်းပြီး ဖန်တီးခိုင်းးထားတာလေးတွေပါ... လိုအပ်သလို သုံးစွဲနိုင်ကြပါတယ်...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/

Read more »

Zippyshare နဲ့ Upload လုပ်နည်းလေး

www.zippyshare.com

အားလုံးပဲမင်္ဂလာပါခင်ဗျား အခုကျွန်တော်တင်ပေးမှာကတော့ Upload လုပ်နည်းလေးပါ နော်
မသိသေးတဲ့သူတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့တင်ပေးတာပါ
မသိသူဖော်စားသိသူကျော်လွှားဆိုတဲ့အတိုင်း လုပ်နည်းလေးကိုတင်ပေးမှာပါ .....

စစချင်းသွားရမဲ့နေရာကတော့ http://www.zippyshare.com/ ဆိုတဲ့နေရာလေးကို ကလစ်လိုက်ပါ
ပြီးတော့ပုံမှာပြထားတဲ့အတိုင်းမြင်တွေ့ရမှာပါ .......  

ပုံ (၁)
နောက်ပြီးတော့ ပုံမှာတွေ့ရပါလိမ့်မယ် Browse ဆိုတဲ့ဖိုင်လေးကို တွေ့တာနဲ့ clickလိုက်ပါ
click လိုက်တာနဲ့ မိမိတင်လိုသောဖိုင်ကိုရွေးချယ်ရမဲ့နေရကိုရောက်ရှီသွားပါလိမ့်မယ် ....
select file(s) to upload by www.zippyshare.com ဆိုတဲ့ box လေးတက်လာပါလိမ့်မယ်
ပုံ(၂)
ဒါဆို မိမိ တင်ရှိလိုသော File ကိုရွေးချယ်လိုက်ပါ ....... ပြီးတာနဲ့ Save ကို click လိုက်ပါ နောက်ပြီးတော့ save လိုက်တာနဲ့ Upload လုပ်မဲ့ဖိုင်ရဲ့ အရွယ်အစားကိုလာပြပါလိမ့်မယ် .... ပုံ (၃) မှာကြည့်လိုက်ပါ ....
Upload ကိုစတင်ပြုလုပ်ပါတော့မယ်.....

ပုံ(၃)
ဒါနဲ့ start upload ဆိုတဲ့ buttom လေးကိုမြင်တွေ့ရလိမ့်မယ် ..... ဒါဆိုတွေ့ပြီဆိုတာနဲ့ click လိုက်ပါနော်
click လိုက်တာနဲ့ upload ကိုစတင်ပြုလုပ်နေပါပြီ ..... ပုံ(၄) မှာကြည့်လိုက်ပါ .......

ပုံ(၄)

ဒါဆိုစောင့်လိုက်တော့ပေါ့ upload လုပ်နေပါပြီ အင်တာနက် connection ကောင်ရင်တော့ မြန်ဆန်စွာ
တင်ရှိလို့ရလာပါလိမ့်မယ် ...... upload လုပ်ပြီးသွားတာနဲ့ သူမှာရရှိလာပါလိမ့်မယ် Download ဖိုင်လေးကို တွေ့ရှိလာပါလိမ့်မယ် ...... ပုံ(၅) မှာပြထားတာကတော့ Old Html Uploader လေးပါ
ဒါကတော့အရင် version လေးရဲ့ မြင်ကွင်းလေးတစ်ခုပါ ......

ပုံ(၅)
နောက် upload လုပ်လို့ရလာတဲ့ Download ဖိုင်ရဲ့ link လေးကိုရရှိလာပါလိမ့်မယ်
ပုံ(၆) မှာပြထားတဲ့အတိုင်း Download လင့်လေးကို Notpad မှာကူးယူပြီးတော့သိမ်းဆည်းထားလိုက်ပါ ဒါဆို upload လုပ်နည်းလေး ပြီးဆုံးပါပြီ မိမိ တို့ဒေါင်းဖို့အတွက်ပဲ လုပ်ရတော့မှာပါ .......
လုပ်နည်းလေးကတော့လွယ်ကူပါတယ် ..... ရိုးလဲရိုးရှင်းပါတယ် ......

ပုံ(၆)
စာဖက်သူအနေနဲ့စာဖက်ရတာလဲမောလောက်ပြီထင်ပါတယ် .....
ကဲ ကဲ ပြီးပြီဆိုတာလဲမဟုတ်သေးဘူးနော် .... မိမိ တင်ထားတဲ့ upload ဖိုင်လေးမှရရှိလာသော
ဖိုင်လေးကို မိမိ post ပေါ်မှာ Download Link ဆိုပြီးတော့မှ လင့်လေးကို ထည့်ပေးလိုက်ပါ ....
နောက်ထပ် upload လုပ်နည်းစာလေးတွေကို အချိန်ရှိသလို လုပ်နည်းလေးတွေကို
ကျွန်တော်ပြုစုသွားပေးပါမယ် upload လုပ်လို့ရတဲ့ဆိုဒ်လေးတွေကတော့ အောက်မှာပါ ......

Mediafire ၊ Sharebeast4sharedgo4up ဒါလေးတွေကတော့ Upload လုပ်ပေးနိုင်တဲ့
ဆိုဒ်လေးတွေပါ ......

အားလုံးပဲအဆင်ပြေပါစေ
www.intware-smma.com

  သည်နည်းပညာလေးတွေကို အများသူငါ  အသစ်သော ဘလော့ကာလေးများသိစေရန်အလို့ငှါ  ကျွန်တော့ ရဲ့ ညီလေး စိုင်းမျိုးမြတ်  ကိုအကူညီတောင်းပြီး ဖန်တီးခိုင်းးထားတာလေးတွေပါ... လိုအပ်သလို သုံးစွဲနိုင်ကြပါတယ်...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/

Read more »