Showing posts with label Printer Resetter. Show all posts
Showing posts with label Printer Resetter. Show all posts

Friday, 9 August 2013

Canon IP2770 နှင့် IP2772 ကို Counter Reset လုပ်နည်း


Canon Printer ip2770 Printer Series များ၌ စာရွက်အရေအတွက် counter ပြည့်သွားသောအခါ Resume button တွင် လိမ္မော်ရောင်မီး (၈)ကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ပြသနေပါလိမ့်မည်။ Print ထုတ်ကြည့် သောအခါမှာလည်း Service error 5B00 ဖြစ်နေကြောင်း ပြသနေပါလိမ့်မည်။ သတ်မှတ်ထားသော counter ပြည့်သွားပြီး Waste Ink Absorber Full ဖြစ်ခြင်းကြောင့် Error တက်ခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော Canon ip2770 model များတွင် Absorber full ဖြစ်တိုင်း ပြုလုပ်ပေးရမည့် ဖြေရှင်းချက်လေးတွေလည်း internet ထဲတွင် အမြဲပင် ပေါ်ထွက်လျှက်ရှိပါသည်။

(1) ရှေးဦးစွာ Service Tool ကိုလည်း download ပြုလုပ်ထားပါ။ အကယ်၍ သင့် Printer Model မှာ iP2772 ဆိုပါက PCM_Service Tool ကို download ပြုလုပ်ရပါမယ်။




(2) ထို့နောက် ယင်း File ပေါ်တွင် double click နှိပ်၍ open လုပ်ရပါမယ်။

(3) တပ်ဆင်ထားသော printer USB port နှင့်ထည့်သွင်းထားသော Printer driver တို့ ကိုက်ညီမှု ရှိ/မရှိကို သတိပြုရပါ့မယ်။ စစ်ဆေးကြည့်ရန်မှာ Start | Control Panel | Printers and Faxes ပေါ်တွင် click နှိပ်၍ ရွေးချယ်လိုက်ပါ။ ထို့နောက် Canon iP2770 Series ပုံပေါ်တွင် right click နှိပ်၍ Properties ကို ရွေးချယ် click နှိပ်ပေးပါ။ Port နှင့် Printer တို့ ကိုက်ညီမှု ရှိပြီဆိုပါက service mode ကို လုပ်ဆောင်နိုင်ပါပြီ။

(4) သင့် printer ကို reset မပြုလုပ်မီ POWER နှင့် USB Cable ကြိုးများကို ကြိုတင်၍ တပ်ဆင်ထားပါ။

(5) ထို့နောက် printer ရဲ့ POWER နှင့် RESUME ခလုတ် (၂)ခုကို တွဲလျက် ငါးစက္ကန့်ဝန်းကျင် ဖိထားပေးပါ။

(6) ထိုသို့ ဖိထားလျက်ပင် RESUME ခလုတ်ကို (၅)ကြိမ်တိတိ ဆင့်နှိပ်ပါ။ (POWER ကို မလွတ်ရပါ)

(7) ထိုကဲ့သို့ အမှားအယွင်းမရှိဘဲ လုပ်နည်းမှန်ပြီဆိုပါက အစိမ်းရောင် flash မီးလေးမှာ အဆင်သင့် အနေ အထားနဲ့ မြင်တွေ့ရမှာပါ။

(8) ပြီးတော့ စောစောက ဖွင့်ထားတဲ့ Service Tools ကို ပြန်သွားလိုက်ပါ။

(9) အထက်ဖော်ပြပါ ပုံစံအတိုင်း Service Tools ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
- ရှေးဦးစွာ USB Port ကို ရရှိရန်အတွက် Reload ပေါ်တွင် click တစ်ချက်နှိပ်ပါ။
- ထို့နောက် စာရွက်(၂)ရွက်ကို printer တွင် ထည့်ထားပေးပါ။
- Clear Ink Counter ရဲ့အောက်ဖက်ရှိ Main ပေါ်တွင် click တစ်ချက်နှိပ်ပါ။ (အကယ်၍ သင့် printer တွင် error 001 ဟူ၍ ပြသခဲ့ပါက Ok ကိုသာ ဆက်၍ click နှိပ်ပေးပါမည်။ )
- ပြီးနောက် printer ရဲ့ POWER ကို နှိပ်၍ ပိတ်လိုက်ပါမယ်။ (တစ်ခါတစ်ရံ POWER (၂)ချက်ဆင့်နှိပ်၍ ပိတ်ပေးရသည်လည်း ရှိတတ်ပါသည်။ )
- ထို့နောက် POWER ပြန်ဖွင့်ပေးပါ။ ပြန်လည်၍ စမ်းသပ်ချက်များအရ အဆင်ပြေသွားခဲ့ပါသည်။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Credit to : Knowledge is Free



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည် www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်

Read more »