Showing posts with label Pdf ဆိုင်ရာ. Show all posts
Showing posts with label Pdf ဆိုင်ရာ. Show all posts

Thursday, 18 April 2013

Software မပါပဲ pdf ဖိုင်ပြောင်းနည်း

 


မင်္ဂလာပါဗျာ
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..



ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ  ပုံလေး  ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး  Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..


အပေါ်ကရေးပြထားတာတွေက ပုံတွေအတွက်ပါ.. PDF စာအုပ်တွေရေးချင်တယ်ဆိုရင်တော့ shape တွေ
ရွေးစရာမလိုပါဘူး Microsoft Word ကိုဖွင့်ပြီးတော့ မိမိရေးချင်တဲ့ စာတွေကိုရေး... ကိုယ်သိမ်းဆည်းထားချင်တဲ့ 
စာတွေကို select မှတ်ပြီးတော့ copy ကူးပါ.. ပြီးရင် Word page မှာ paste လုပ်ပါ.. ပြီးရင် Pdf အဖြစ်ထုတ်ယူတဲ့ပုံစံကတော့ အပေါ်ကအတိုင်းပါပဲ.. အားလုံးအတူတူပါပဲ.. Microsoft Office 2010 မရှိတဲ့သူတွေအတွက် ကျွန်တော်နောက်နေ့ကျရင် တင်ပေးပါ့မယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ..

စာအချို့နှင့် ပုံများကို  အိုင်တီမုဆိုး မှကူးယူဖော်ပြပါသည်...။။။



အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Read more »

PDF စာအုပ်ပြုလုပ်ချင်သူများ သုံးနိုင်သလို Format အမျိုးမျိုး ပြောင်းဖို့ 




All key formats are supported
Read: PDF, HTML, HTM, MHT, RTF, DOC, DOCX, ODT, PPT, PPTX,

TXT, TIFF, TIF, EPUB, MOBI, FB2, DjVu, XPS



Write: PDF, HTML, MHT, RTF, DOC, DOCX, ODT, TXT, GIF, JPEG,

PNG, TIFF, EPUB, MOBI, FB2



Download - www.zippyshare.com-AVS Document Conventer
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Read more »

Sunday, 7 October 2012

သပ်ရပ်လှပတဲ့ PDF Files များဖန်တီးခြင်း



ဒါကတော့ PDF Files များဖန်တီး ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊ တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့ အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင် မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။ ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့ ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး  မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့ Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး.. လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။
မိမိတို့ ပြုလုပ်မယ့် စာတွေ ပုံတွေကို copy / paste နဲ့ ထည့်ပါ..။ မြန်မာစာပေါ်အောင် ရောက်လာတဲ့ စာလုံး တွေကို Select ပေး(အောက်ပုံအတိုင်း)ပြီ.. Font နေရာမှာ Zawgyi-one ပြောင်းပေးလိုက်ပါ..



အပေါ်ပုံမှာ မြန်မာစာပေါ်လာပါပြီ..။ အောက်ပုံကတော့ မိမိတို့ ထည့်ချင်တဲ့ပုံတွေကို copy image သို့မဟုတ် copy ကူပြီး paste နဲ့ ထည့်ပါ..။ တကယ်လို့ ပုံရောစာရော အားလုံးကို တခါတည်း စလက် ပေးပြီး copy ကူးထည့်ရင် တခါတလေမှာ ထည့်လို့ ရပေမယ့်.. တခါတရံမှာတော့ Error တက်တတ်ပါတယ်..။ ဒါကြောင့် စာသပ်သပ်၊ ပုံသပ်သပ် လုပ်ပြထားတာပါ..။ ဒီနေရာမှာတော့ မိမိတို့ အဆင်ပြေသလိုသာ လုပ်ကြပါ..။


အပေါ်အဆင့်ပြီးရင်တော့ အောက်ကအဆင့်မှာ စာမျက်နှာတပ်ပေးထားတာပါ..။ မိမိတို့ လုပ်တဲ့ PDF ဖိုင်ဟာ စာမျက်နှာရှိသလောက်ကို ဒီအဆင့်မှာ လုပ်ပေးလိုက်တာနဲ့ သူ့အလိုလို နံပါတ်စဉ်တိုင်း တပ်သွားပေးပါလိမ့်မယ်..။ ပိုပြီးသပ်ရပ်သွားတာပေါ့ဗျာ..


နောက်တဆင့်ကတော့ မိမိတို့ ကူးထည့်လိုက်တဲ့ စာတွေပုံတွေရဲ့အောက်မှာ ရေစာရေးရေးထင်အောင် လုပ်တာပါ..။ ဒီနေရာမှာ မိမိတို့ ရေးချင်တဲ့ စာသား နာမည် တခုခုကို ရေးနိုင်ပါတယ်..။ အဲလိုရေးဖို့ အတွက် အောက်ကပုံအတိုင်း နံပါတ် 6 နေရာကိုကလစ်ပေးပါ..


ပြီးရင်တော့ အောက်ကဘောက်စ်လေး ထွက်လာပါလိမ့်မယ်.. အဲထဲမှာ နဲနဲပြောင်းပေးရပါမယ်..။ ABC အတိုင်း လိုက်ပြောင်းပေးပါ..။ Zawgyi-one ကိုပြောင်းပေမယ့်.. စာရေးရင်တော့ လေးထောင့်ကွက် လေးတွေပဲ မြင်ရမှာပါ.. D နေရာမှာတော့ ရေစာပေါ်မယ့် အရောင်ကို ရွေးပေးလိုက်ပါ..။ ဒီပုံမှာတော့ အနီရောင်ကို ရွေးလိုက်ပါတယ်..


Apply, ok ပေးပြီးရင်တော့ အောက်ကပုံအတိုင်း စာလုံးတွေရဲ့အောက်မှာ ရေစာ ပေါ်လာပါပြီ..။ ဒီနေရာမှာ တခုတောင်းဆိုချင်တာက မိမိတို့ လုပ်တဲ့ PDF ဖိုင်တွေကို မိမိတို့ ကြိုက်တဲ့နာမည် ပေးလို့ရပါတယ်.. ဒါပေမယ့် ပိုစ့်ရေးသားသူ(Posted by;........) နေရာမှာတော့ အဲဒီပိုစ့်ကို ရေးတဲ့လူရဲ့ နာမည်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်...။ ဘာလို့လဲဆိုတော့ ပိုစ့်တခုဖြစ်ဖို့ အတွက် အချိန်တွေအများကြီး ပေးရပါတယ်.. အဲဒီပိုစ့်ရေးသားသူရဲ့ ပညာ၊ စေတနာ တွေကို လေးစားတဲ့အနေနဲ့ Posted by; နေရာမှာ အဲဒီပိုစ့်ရေးသူရဲ့ နာမည်ကို ထည့်ရေးပေးပါလို့ ထပ်ဆင့် တောင်းဆိုပါရစေဗျာ..


အောက်ကပုံကတော့ PDF ဖိုင်လုပ်ပါပြီ..။ File ကနေစပြီး နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


အောက်ပုံ A နေရာမှာတော့ မိမိတို့ သိမ်းတဲ့ဖိုင်ကို နာမည်ပေးလိုက်ပါ.. ပြီးရင်တော့ Save ကိုဆက်နှိပ်ပါ..



အပေါ်ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ရှာရလွယ်အောင် Desktop နဲ့ Save ကိုနှိပ်ပေးလိုက်ယုံပါပဲ.. ခဏစောင့်ပေးပါ..။ အောက်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..


အပေါ်ပုံလေးပျောက်သွားရင်တော့ မိမိတို့ သိမ်းလိုက်တဲ့ ဖိုင်လေးဟာ Desktop မှာပေါ်လာပါပြီ.. Desktop မှာ အောက်ပုံအတိုင်း မြင်နေရပါပြီ..


Desktop မှာပေါ်လာတဲ့ PDF ဖိုင်လေးကို ၂ချက်တောက် ဖွင့်လိုက်ရင်တော့ မိမိတို့ စက်ထဲမှာရှိတဲ့ PDF Reader လေးနဲ့ ပွင့်လာပါလိမ့်မယ်.. ကျနော်စက်မှာ Foxit Reader ကို Install ဆွဲထည့်ထားတာ ဖြစ်တဲ့အတွက် ဒီကောင်လေးနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါပြီ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
မူရင်း ... လွင်မင်းဗိုလ်မှ 


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ www.aungsanmks.blogspot.com
www.ledimyethar.com

Read more »