Showing posts with label Html. Show all posts
Showing posts with label Html. Show all posts

Tuesday, 23 July 2013

Html ကုဒ်အကြောင်း ( How to put Image in HTML Document)


သင့်ဝက်ဆိုက်ရဲ့ စာမျက်နှာတွေထဲကို ဓာတ်ပုံတွေထည့်လို့ရပါတယ်၊ သင့်ဝက်ဆိုက်မှာပေါ်လိုတဲ့ ဓာတ်ပုံမှန်သမျှကို HTML Tag နဲ့ Attribute ကို အသုံးပြုပြီးထည့်ရပါမယ်၊ သုံးမယ့် Tag ကတော့ <img> ပါ၊ သူ့ရဲ့ထူးခြားချက်ကတော့ သူ့မှာ အပိတ်မပါဘူး၊ သူ့ကိုသူပြန်ပီတ်တဲ့ Self Closing Tag ပါ၊  <imag> Tag ကို အသုံးပြုပြီး သင့်ဝက်ဆိုက်ထဲ ကို ဓာတ်ပုံတွေထည့်ရာမှာ အဓိပ သုံးရတာကတော့ src= “” ဆိုတဲ့ Attribute ပါ၊ သူကိုတော့ <img> ရဲ့ အထဲ နောက်ဆုံး အပိတ် မြားလေးမတိုင်းမီထည့်ရပါတယ်၊ ဥပမာ သင်ထည့်မယ့် ပုံက 1.jpg ဆိုတဲ့ပုံဆိုပါစို့ ဒါဆိုရင်တော့ အောက်ပါအတိုင်းရေးပြီး အဲ့ဒီ့ 1.jpg ကိုသင့်ဝက်ဆိုက်ထဲကို ထည့်နိုင်ပါတယ်၊ ထည့်မယ့်ပုံကို src= “” ဆိုတဲ့ sorce ကုတ်နောက်က အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာထည့်ရမှာ အောက်မှာကြည့်ပါ၊
<img src= “1.jpg” >
လွယ်ပါတယ်၊ အရင်ဆုံး image ထည့်ရင်သုံးတဲ့ <img> tag ကိုရေးတယ်၊ ပြီးတော့ <img ရဲ့ အဆုံးမှာ src = “” ဆိုတဲ့ source ကုတ်ကိုထည့်တယ်၊ ပြီးရင် src = “” နောက်က အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာ ဓာတ်ပုံကိုထည့်တယ်၊ ထည့်မယ့် ဓာတ်ပုံကိုတော့ သင်ရေးထားတဲ့ HTML Document ကိုသိမ်းတဲ့ HTML Folder ထဲမှာ ထည့်ထားဖို့လိုတယ်နော်၊
အခုလက်တွေ့ ဥပမာ အနေနဲ့အောက်က ပုံကို   HTML Document ထဲကိုထည့်ကြည့်မယ်၊
ပုံနာမည်ကိုတော့ waiferkolar.png လို့ပေးထားတယ်၊ (72coder ရဲ့တည်ထောင်သူပါ)၊  သင်ကြိုက်တဲ့ ပုံကိုသုံးလို့ရပါတယ်၊ ဒီပုံမှမဟုတ်ဘူး၊ အခု အဲ့ဒီ့ ပုံကို HTML Floader ထဲကိုထည့်ရမယ်၊ အောက်က အတိုင်း၊
အထကလို သင်ရေးနေတဲ့ HTML Doucment နဲ့ သင်အသုံးပြုမယ့် ပုံက folder တစ်ခုထဲမှာရှိဖို့က သိပ်ကိုအရေးကြီးလှပါတယ်၊ folder တစ်ခုထဲမှာ အတူတူ မရှိရင်တော့ ဘယ်လိုမှအလုပ်မဖြစ်ပါဘူး၊ နောက်တစ်ခုက ပုံရဲ့ extension ကိုသေချာသိဖို့လိုပါတယ်၊  သင်သုံးမယ့်ပုံက JPG လား၊ Gif လား၊ png အမျိုးအစားလား အတိအကျသိဖို့လိုတယ်၊ အသေအချာမသိရင် အဲ့ဒီ့ပုံပေါ်မှာ ခလစ်တစ်ချက်ထောက်လိုက် ဒါဆိုရင် အောက်ပိုင်းမှာ ဓာတ်ပုံအမျိုးအစားကိုပြောတဲ့ စာသားကိုတွေ့ရမှာပါ၊  အထက်မှာ ဓာတ်ပုံအမျိုးအစားပြတဲ့နေရာကို မြားစိမ်းပြထားတယ်၊
အထက်ကအတိုင်း အားလုံး အဆင်ပြေပြီးဆိုရင်တော့ ကုတ်စရေးမယ်၊ ပုံထည့်မှာဖြစ်တဲ့အတွက် HTML ရဲ့ image tag ဖြစ်တဲ့ <img> ကိုစရေးမယ်၊ ပြီးရင် HTML image tag နဲ့ တွဲတဲ့ Attribute ဖြစ်တဲ့ src= “” ကိုထည့်မယ်၊ ပြီးပီဆိုရင် ပုံရဲ့နာမည်ဖြစ်တဲ့ waiferkolar.png ကိုထည့်မယ်၊ အောက်က အတိုင်း
<html>
<head>
<title>Firstwebpage</title>
</head>
<body>
what is this website name <br/>
<img src= “waiferkolar.png”>
</body>
</html>
အထက်က အတိုင်း ကုတ်ရေးပြီးရင် Run ကြည့်လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ရဲ့ ၀က်ဆိုက်မှာ အောက်ပါအတိုင်း စာသားနဲ့ ပုံကိုတွေ့ရမယ်၊
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

                                 ref: http://www.72coder.com/
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
 
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.blogspot.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

Read more »

Monday, 22 July 2013

Html ကုဒ်အကြောင်း ( HTML Text Formatting )



သင့်ဆိုက်မှာ အသုံးပြုတဲ့စာလုံးတွေကို လိုသလို ပုံစံပြောင်းလို့ရပါတယ်၊ ဒီလိုလုပ်တာကိုတော့ Text Formatting လို့ခေါ်ပါတယ်၊ HTML မှာ Text Formatting ရဲ့ ကဏ္ဍ ကလဲ ကျယ်ပြန့်လှပါတယ်၊ ဒီသင်ခန်းစာမှာတော့ အသုံး အများဆုံး Text Formatting တွေအကြောင်းလေ့လာသွားရပါမယ်၊
Bold Tag
စာလုံးတွေကို အထူတွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ bold tag ဖြစ်တဲ့ အဖွင့် နဲ့ အပိတ် စာလုံးအကြီးဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i choose in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ အဖွင့်နဲ့ အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး choose က စာလုံးထူဖြစ်နေပါလိမ့်မယ်၊
Italic Tag
စာလုံးတွေကို အစောင်း စာလုံး တွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ Italic tag ဖြစ်တဲ့ အဖွင့် နဲ့ အပိတ် စာလုံးတစ်စောင်း ဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i choose in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ အဖွင့်နဲ့ အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး choose က စာလုံးတစ်စောင်း ဖြစ်နေပါလိမ့်မယ်၊
Subscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့အောက်မှာရောက်စေချင်ရင် subscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို အပိတ်ကို လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i choose in my future life?
Superscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့ အပေါ်မှာရောက်စေချင်ရင် superscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို အပိတ်ကို လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i choose in my future life?
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် choose က စာကြောင်းရဲ့ အပေါ်ဖက်ကို ရောက်နေပါလိမ့်မယ်၊
Text Formatting
အောက်မှာ အသုံးဝင်မယ့် Text formatting တွေကို ဇယားနဲ့ ရေးပေးလိုက်မယ်၊ အောက်မှာရေးထားတာတွေကို တစ်ခုစီစမ်းကြည့်ပါ၊ အပိတ်မှာ မျဉ်းစောင်းခံဖို့တော့မမေ့နဲ့၊
သုံးရမယ့် Tags များ အဓိပ္ပါယ်၊

စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ ထည့်၍ နောက်မှာ ထည့်ရန်၊
စာလုံး အကြီးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အကြီးဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့မှာ လို့ထည့်၍ နောက်မှာ လို့ထည့်ရန်၊
အလေးအနက်ဖြစ်စေလိုရင် သုံးရန်၊ အရေးကြီးကြောင်း အလေးအနက် ဖြစ်စေလိုတဲ့စာလုံးရဲ့ ရှေ့မှာ ထည့်၍ နောက်မှာ ထည့်ရန်၊
စာလုံးတစ်စောင်း ဖြစ်စေလိုရင်သုံးရန်၊ စာလုံးတစ်စောင်းဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့ မှာ ထည့်၍ နောက်မှာ ထည့်ရန်၊
စာလုံး အသေးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အသေးဖြစ်စေလိုတဲ့ စာသား ရဲ့ ရှေ့မှာ ထည့်၍ နောက်မှာ ထည့်ရန်၊
စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ ထည့်၍ နောက်မှာ ထည့်ရန်၊
စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အောက်ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ ထည့်၍ နောက်မှာ ထည့်ရန်
စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အထက် ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ ထည့်၍ နောက်မှာ ထည့်ရန်

                                                               ref : http://www.72coder.com/
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

Read more »