Showing posts with label How To Download. Show all posts
Showing posts with label How To Download. Show all posts

Saturday, 24 August 2013

ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း




ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
**********************************

Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။
ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။
ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။

ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..
youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။
Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။

flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။
ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။ 

ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။ 

ပျော်ရွှင်ပါစေဗျာ။

Credit to Mr.AD

http://file2hd.com/


အိုင်တီခေတ်






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com  www.aungsanmks.com  www.ninilayy.com & www.aungzaylatt.net

Read more »

Monday, 1 July 2013

ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Download လုပ်နည်း

ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်းကို သိပြီးသားမိတ်ဆွေများလည်းရှိမှာပါ. ခု မျှဝေတာက မသိသေးသူတွေအတွက်ပါ.. ဘာ Software မှ မလိုပါဘူး.. တစ်ခုတော့ရှိတယ်.. Browser ကတော့ Mozilla Firefox ကိုသုံးရမှာပါခင်ဗျ..
လုပ်နည်း
*******
1. Mozilla Firefox ရဲ Menu Bar ပေါ်က Tools အောက်မှာ Add-ons ဆိုတာကိုနှိပ်ပါ.. ( Shortcut = Control + Shift +A)
2. ကျလာတဲ့ New Tab မှာ ဘယ်ဘက်က Get Add-ons ကိုရွေးလိုက်ပါ.. ညာဘက်အပေါ်နားလေးက Search Box လေးထဲမှာ Download Video Helper ဆိုပြီး ရိုက်ထည့်လိုက်ပါ.. ပုံမှာ ပြထားသလို Video DownloadHelper နဲ့ အခြား Downloader Add-ons တွေကို တွေ့ရမှာဖြစ်ပါတယ်..


3. ပထမဆုံး Video DownloadHelper ရဲ့ဘေးက Install ကိုနှိပ်လိုက်ပါ.. ပြီးရင် အထက်မှာပြထားသလို ကိုယ်ကြိုက်တဲ့ Downloader Add-ons တွေကို ၂ ခု ၃ ခုလောက် Install လုပ်လိုက်ပါ.. ပြီးရင် Firefox ကို ပိတ်လိုက်ပြီး  ပြန်ဖွင့်ပါ.. Restart လုပ်တာပေါ့ဗျာ.. ဒါဆိုရင်တော့ IDM လို Software မသုံးဘဲနဲ့ Video နဲ့ သီချင်းတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဒေါင်းနိုင်ပြီးပေါ့ဗျာ..

အဆင်ပြေပါစေ..

မောင်ပေါက်

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Read more »

Saturday, 22 June 2013

ဆော့ဝဲလ်များ ဒေါင်းယူနည်းများလေ့လာရန်


ကျွန်တော့်ဆိုဒ်လေးမှာ Download လုပ်ခြင်းနဲ့ ပက်သတ်လို့ အခတ်အခဲလေးတွေ
ဖြစ်မှာစိုးလို့ Download လုပ်နည်းလေးတွေ ပြောပြလိုက်ပါတယ်
အခုဖော်ပြထားတဲ့ Download လုပ်ရမယ့်ဆိုဒ်တွေက ကျွန်တော့်ဆိုဒ်မှာ
အသုံးများတဲ့ဆိုဒ်တွေဖြစ်လို့ ပုံနှင့်တကွ သေချာလေးရှင်းပြထားပါတယ်။
အခြားသော Website များတွင် တင်ထားသော ဆော့ဝဲများကိုလည်း
ဒေါင်းနိုင်ရန်အတွက် ရည်ရွယ်ပါသည်။
~~~~~~~~~~~~~~~~
Adf.ly
 Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို
တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ
ဥပမာ http://adf.ly/Pq94y လင့်မျိုးပေါ့
အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
5 second လောက်စောင့်ပေးရမယ်
 
ပြီးမှ SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
 
ဒါက ADF.LY ကျော်နည်းလေးပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
D-h.st မှဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
TusFile မှဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Share Beast မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Zippyshare မှ ဒေါင်းနည်း
 
အခြားသော file hosting site များမှ ဒေါင်းနည်းများကို ဆက်လက်ဖော်ပြပါအုံးမည် 
 
အောင်ကျော် (ပုသိမ်)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Tuesday, 4 June 2013

Download လုပ်ထားသော Patch, Crack, Keygen ဖိုင်ကိုဖြည်ထုတ်နည်း ( မဖြစ်မနေဖတ်ပေးစေလိုပါတယ်.)


မိတ်ဆွေများခင်ဗျာ...
                              သည်နည်းလေးကို   သူငယ်ချင်းတယောက် လာမေးးလို့ ရေးတင်ဖို့  ပျင်းနေတာ

နဲ့..ေိေိေိ.... ကိုပေါက်ဆီက  တွေ့ဖူးတာနဲ့ ယူတင်ပေးလိုက်ပါတယ်...နော်... လေ့လာလိုက်ပါ


ကျွန်တော်တို့ ဖိုင်တွေတင်နေတဲ့ Hosting Site တွေဟာ Terms of Services (TOS) တွေ အကန့်အသတ်နဲ့ပေးထားကြပါတယ်.. Storage, Bandwidth, Keeping Period တွေ အဆင်ပြေပေမယ့် Crack, Patch, Keygen တွေကိုကျတော့ လက်မခံတတ်ကြပါဘူး.. လက်ခံတဲ့ Site တွေကျတော့လည်း Keeping Period ထားသိုတဲ့အချိန်ကာလ နည်းပါးပါတယ်.. ဒါကြောင့် ကျွန်တော်တို့ရဲ့ Keygen, Patch, Crack တွေကို Hosting Site တွေက မဖျက်ပစ်ရအောင် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ကျွန်တော် တင်ပေးဖို့ စဉ်းစားပါတယ်... ဒါကြောင့် ဖြည်တဲ့နည်းကိုတော့ မဖြစ်မနေဖတ်ပေးစေလိုပါတယ်..

Crack, Patch, Keygen တွေကို rar ဖိုင်ဖြည်ထုတ်လိုက်တဲ့အခါ အထဲမှာ Folder တစ်ခုထွက်လာပါမယ်.. အဲဒီ Folder ထဲမှာ File Extension ( ဖိုင်အမျိုးအစား ) ဖျောက်ထားတဲ့ ဖိုင်တစ်ဖိုင်တွေ့ရမှာဖြစ်ပါတယ်...



အဲဒီ File Extension ( ဖိုင်အမျိုးအစား) မပါတဲ့ဖိုင်ကို Right Click>Rename (သို့မဟုတ်) F2 ကိုနှိပ်ပြီး နာမည်ရဲ့ အဆုံးမှာ .rar ဆိုပြီး Rename ပေးလိုက်ပါ..


Rar ဖိုင် တစ်ဖိုင် ထွက်လာမှာဖြစ်ပါတယ်...


အထဲမှာ တကယ်အလုပ်လုပ်မယ့်ဖိုင်ကိုတော့ File Extension ( ဖိုင်အမျိုးအစား) ၀ှက်မထားပါဘူး.. ဒါလေးကိုတော့ မိတ်ဆွေများ စိတ်နည်းနည်းရှည်ပြီး လုပ်ပေးကြစေလိုပါတယ်.. ကျွန်တော်တင်ထားတဲ့ဖိုင်တွေကို ဖျက်ခံရရင် မိတ်ဆွေများလည်း စိတ်အနှောင့်အယှက်ဖြစ်ရသလို ကျွန်တော်လည်း စိတ်ပင်ပန်း၊ စိတ်မကောင်း၊ အလုပ်ပိုရှုပ်ဖြစ်ရပါတယ်... ဒါကြောင့် Crack , Patch, Keygen တွေကို ဒီနည်းအတိုင်း ဖြည်ယူကြဖို့ အသိပေးပန်ကြားအပ်ပါတယ်.. Setup ဖိုင်တွေကိုတော့ သာမန်အတိုင်းပဲထားမှာပါ...

Download လုပ်တဲ့အခါ ဒေါင်းလော့လုပ်နည်းတွေကို ဒီမှာ အပြည့်အစုံဖတ်ပေးစေလိုပါတယ်.. ဖိုင်လင့်တွေရှိနေလျက်နဲ့ ဒေါင်းမရဘူးဆိုလို့ပါ...

ပြီးတော့ တစ်ချို့ Site တွေမှာ Download with accelerator ဆိုပြီး ရှိပါတယ်.. ဆိုလိုတာက သူတို့ရဲ့ Downloader လေးကို အရင်ဒေါင်းပြီး Run ခိုင်းတဲ့သဘောပါ.. ဒါဆို ကိုယ်လိုချင်တဲ့ဖိုင်ကို တိုက်ရိုက်မရပါဘူး.. exe တစ်ဖိုင်ပဲရလာမှာပါ.. အဲဒီ exe ဖိုင်ကို Run ပြီးမှ ကိုယ့်ဖိုင်ကို ပြန်ဒေါင်းရတာပါ.. ဒါကြောင့် Download with accelerator ဆိုတဲ့ စာသားပါခဲ့ရင် အဲဒီရှေ့က အမှန်ခြစ်ကို ဖြုတ်ပစ်လိုက်ပါ.. ဥပမာအနေနဲ့ Tusfiles.net မှာ Download with TusFiles accelerator and get recommended offers. ဆိုပြီးတွေ့ရတတ်ပါတယ်...

ကျွန်တော် တွေ့ဖူးသလောက် Tusfiles, Ziddu, DataFileHost စတဲ့ဆိုဒ်တွေမှာ တွေ့ရတတ်ပါတယ်..

အဆင်ပြေပါစေမိတ်ဆွေများခင်ဗျာ...


ခင်မင်လေးစားလျက်

မောင်ပေါက်

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Thursday, 25 April 2013

Internet Download Manager 6.15 Build 9 Final + Retail | 5.07 MB


မင်္ဂလာပါခင်ဗျာ...   Internet Download Manager 6.15 Build 9 Final ကို မျှဝေပေးလိုက်ပါတယ်...  အရင်တင်ထားတဲ့ IDM ကို Uninstall လုပ်ဖို့မလိုပါဘူး..... လုပ်မယ်ဆိုရင်လည်း Uninstall လုပ်တဲ့အခါမှာ default နေရာမှာ complete ကိုရွေးပေးရပါမယ်....  အောက်မှာလည်အဆင်ပြေအောင် ပုံနဲ့တကွရှင်းပြထားပါတယ်... ဒီအတိုင်းတင်မယ်ဆိုရင် idman615.exe ကို Run လိုက်ပါ... ထုံးစံအတိုင်း Next ...... Next .... Finsh ပေါ့ဗျာ... အဲ့အတိုင်းပြီးသွားပြီဆိုရင် IDM ကိုမဖွင့်သေးပဲ patch ဖိုင်ကို ထုံးစံအတိုင်း patch ခြိုးပေးလိုက်ပါတယ်... Internet Download Manager ကို patch ဖိုင်ဖြင့် full version ဖြစ်အာင်ပြုလုပ်အသုံးပြုပုံကို ဒီလင့် မှာ တင်ပေးထားပါတယ်.... Resume download လုပ်ထားတာတွေလည်း မပျက်ပါဘူး 6.15 Build 9 လည်းဖြစ်သွားပါလိမ့်မယ်...မိမိအသုံးပြုနေတဲ့ Internet Download Manager ကို Download speed အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးနိုင်တဲ့ IDM OPTIMIZER (297.85KB) မရှိသေးတဲ့ သူငယ်ချင်းများ အသုံးလိုမယ်ဆိုရင် ဒီမှာ ယူနိုင်ပါတယ် .... လက်ရှိသုံးနေတဲ့  Internet Download Manager ကို update လုပ်ပြီး  မိမိကိုယ်တိုင် crack လုပ်သုံးလို့ရတဲ့ IDM cracker tool (438.20KB) ကို အသုံးပြုလိုလျှင် ဒီမှာ ယူနိုင်ပါတယ် .... Registry ထဲကနေ Internet Download Manager ကို download speed မြှင့်တဲ့နည်းကို ဒီမှာ ကြည့်နိုင်ပါတယ် .... IDM မှာမပါတဲ့ apk ကဲ့သို့သော အခြား Files Types တွေကိုဒေါင်းစေချင်ရင် ဒီမှာ ကြည့်နိုင်ပါတယ်... အသုံးပြုလိုတဲ့ သူငယ်ချင်းများအတွက် Dropbox ကနေတင်ပေးထားပါတယ်....

အရင်တင်ထားတဲ့ IDM ကို ဖြုတ်မယ်ဆိုရင်
Uninstall လုပ်တဲ့အခါမှာ default နေရာမှာ complete ကိုရွေးပေးရပါမယ် ....
 Full version ဖြစ်မဖြစ်ကြည့်ပုံ ( Help >>>  About IDM )

Download speed အကောင်းဆုံးအခြေအနေတရပ်ထိ မြှင့်တင်ပေးနိုင်တဲ့ IDM OPTIMIZER 



>>>  Download  <<<

Registry ထဲကနေ IDM ကို download speed မြှင့်နည်း

>>>   ကြည့်ရန်<<<

IDM ကို Patch ဖိုင်ဖြင့် Full version ဖြစ်အာင်ပြုလုပ်ပုံ



>>>   ကြည့်ရန်<<<

apk ကဲ့သို့သော အခြား Files Types တွေကိုဒေါင်းစေချင်ရင်

>>>   ကြည့်ရန်<<<

Internet Download Manager 6.15 Build 9 Final 


Dropbox

>> Download <<

                                                       မူ၇င်းသည်နေ၇ာကပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Read more »

Wednesday, 23 January 2013

Download ရယူနည်းများလေ့လာရန်....


www.freehostina.com မှ Download ယူပုံ



ဒေါင်းလော့လင့်ကို နှိပ်လိုက်သည့်အခါ ပွင့်လာသော Page ဘယ်ဘက် အောက်ခြေနားတွင် ပုံတွင်မြှားပြထားသည့်အတိုင်း ၅ စက္ကန့်ဆောင့်ရပါတယ်....

ပြီးလျှင် Download ဆိုတာကို နှိပ်ပြီး ယူနိုင်ပါပြီ....
 

Jumobfiles မှ Download ယူပုံ



မေးထားတဲ့သူငယ်ချင်းတွေရှိလို့ ပို့အနေနဲ့တင်ပေးလိုက်ပါတယ် ... သိတဲ့လူအတွက် အရမ်းလွယ်ကူပေမယ့် မသိရင်တော်တော်ရွာလည်ပါတယ် ... ကျွန်တော်လည်း အဲ့အတိုင်း ကြုံတွေ့ခံစားခဲ့ဖူးပါတယ် ..... ပုံလေးတွေနဲ့အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ် ...






အဆင်ပြေပြေဆွဲနိုင်ကြပါစေ...

Ziddu မှ Download ယူပုံ





ဒါဆိုရင် Download ချပေးပါလိမ့်မယ်....

Minus မှ Download ယူပုံ







အဆင်ပြေကြပါစေ
==============================================
 

Mediafire မှ Download ယူပုံ


 
အထက်ပါဒေါင်းလော့နည်းလေးများကို ကျွန်တော့်ရဲ့  ညီလေး...ဖြစ်တဲ့.
Mutual Friend (ပြည်) မှရေးသားပြုစုခဲ့တာပါ။
အဆင်ပြေနိုင်ကြပါစေ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/

Read more »