Showing posts with label ဖိုင်ဖြေနည်းများ. Show all posts
Showing posts with label ဖိုင်ဖြေနည်းများ. Show all posts

Tuesday, 23 July 2013

RAR File နဲ့ ZIP File တွေ password မသိတော့ရင် အလွယ်ကူဆုံးဖြည်နည်း


Break/Unlock/Remove WinRAR Password

ဒီနေ့ ကျွန်တော့် စာဖတ်မိတ်ဆွေများထဲက နည်းပညာပိုင်း အားနဲ့တဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး ဒေါင်းလော့ချထားတဲ့ File တွေမှာ ပတ်ဝတွေနဲ့ ဖြစ်နေတာ မသိတော့ ဖြေမရဖြစ်နေတာ တွေ အတွက် လွယ်ကူရိုးရှင်းတဲ့ rar zip password ဖြေနည်းလေး ပြောပေးလိုက်ပါတယ် ဒီနည်းအတွက် winrar ဆော့ဝဲလ်နဲ့ အင်တာနက် ရှိဖို့တော့လိုပါတယ် winrar ကတော့ စက်တိုင်းနီးပါးရှိပါလိမ့်မယ်


1.ဒီနေရာကို  သွားပါ
2. Browse ဆိုတာကနေ ကိုယ်ဖြေချင်တဲ့ file ကို ပြပေး(ရွေးပေး) လိုက်ပါ 
3. နောက် File ကို ကိုယ်ပြထားတာက .rar ဆိုရင်လွယ်လွယ်ကူကူဖြစ်အောင် .zip ကိုပြောင်းပေးလိုက်ပြီး
Convert File ဆိုတာကို နှိပ်ပေးလိုက်ပါ ပြောင်းသွားပါမယ် 
4. အဲဒီရလာတဲ့ ဇစ်ဖွိုင်ကို ဒေါင်းလော့ချပါ 
နောက် ဖွင့်ကြည့်လိုက်ပါ ပတ်ဝတွေ မရှိတော့ဘဲ ဖြေလို့ရသွားပါမယ်
အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်..

 ရေးသားသူ ( အာကာဖြိုး နည်းပညာ )


ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ


အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
ဘလော့ခရီးသည် 
www.aungsanmks.blogspot.com 
www.ledimyethar.blogspot.com 
www.ninilayy.com

Read more »

Friday, 19 July 2013

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)


ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း ဗိုင်းရပ်စ်ဖျက်လိုက်ရင် သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့ ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့.. ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်.. 

 

ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့နည်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

 

 

winrar နဲ့ချုပ်ထားတဲ့ဖိုင်ကို ဘယ်နှခါပဲဖြည်ဖြည် ကုန်သွားတယ်လို့ မရှိပါဘူး..။ မူရင်းဖိုင်ကတော့ အထဲမှာ ကျန်နေတုန်းပါပဲ..။
                                                  လွင်မင်းဗိုလ် ရေးသားထားတာလေးပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Sunday, 30 June 2013

Rar file တွေ နဲ့ Zip file တွေ password ပြန်ဖြုတ်ဖို့အတွက်


 
Rar file နဲ့ Zip ဖိုင်တွေ မှာ password တွေ ခံထားတာတွေ ရှိပါတယ်
အကယ်၍ password မသိဘူးဆိုရင်တော့ အခုကျွန်တော်တင်ပေးလိုက်တဲ့
ဆော့ဝဲလေးတွေ နဲ့သုံးကြည့်ပါ . အားလုံးရမယ်တော့
အာမမခံနိုင်ပါဘူး...ဒါပေမယ့် အများစုရပါတယ်.. အချိန်တော့ပေးရမယ်နော်...

http://shwekoyantaw.blogspot.com/2012/09/raa.html မှ ပြန်လည်မျှဝေသည်..

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Tuesday, 11 June 2013

window 7 DVD တစ်ချပ်ရလာဖို့ ဖိုင်ဖြေနည်း .


ဖိုင်တွေကို ပြန်မဖြေခင် Download လုပ်ထားတဲ့ဖိုင်တွေဟာ တစ်နေရာတည်းမှာ ရှိနေရပါမယ် . တစ်ဖိုင်ကို တစ်နေရာစီ ထားထားလို့မရပါဘူး . folder တစ်ခုတည်ဆောက်ပြီး အဲ့ဒီ့ထဲမှာ (47)ပိုင်းလုံး ထည့်ထားဖို့ လိုပါတယ် .
  • Download လုပ်ထားတဲ့ ဖိုင်တွေအားလုံးကို စစ်လိုက်ပါ . အားလုံးပေါင်း (47) ဖိုင်ရှိရပါ့မယ် .
  • ရလာတဲ့ဖိုင်တွေကို select all (ctrl+a) ပေးပြီး right click >> properties နှိပ်လိုက်ပါ . (2.14 GB) ရှိရပါ့မယ် . မရှိရင် မရပါဘူး . မရှိရင် ဖိုင်တစ်ဖိုင်ဖိုင်ဟာ download လုပ်နေရင်းနဲ့ ပြုတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ် . (2.14 GB) မရှိရင် တစ်ဖိုင်ချင်းစီကို right click ထောက်ပြီး လိုက်ကြည့်ပါ . (part-1) ကနေ (part-46) အထိ တစ်ဖိုင်ကို (47.6 MB) စီရှိရပါ့မယ် . မရှိတဲ့ဖိုင်ရှိရင် အဲ့ဒီ့ အပိုင်းကို ပြန်ပြီး download လုပ်ပါ .
ဖိုင်ပြန်ဖြေဖို့ နှင့် DVD တစ်ချပ်ရလာဖို့ ဘာတွေလိုအပ်လဲ
  1. လိုအပ်တာက winrar လိုမယ် . Nero version 8 နှင့် အထက်လိုအပ်ပါတယ် . winrar မရှိရင် ဒီမှာ download လုပ်ယူနိုင်ပြီး nero 8 မရှိရင်တော့ ဒီမှာ ယူနိုင်ပါတယ် .အဲ့ဒီ့ နှစ်ခုစလုံးကို download လုပ်ပြီးတာနဲ့ install လုပ်ထားလိုက်ပါ .
  2. အပေါ်က အားလုံးအိုကေပြီဆိုရင်တော့ part(1) ကို right click ထောက်ပြီး extract here ကို နှိပ်လိုက်ပါ iso file တစ်ဖိုင်ရလာပါလိမ့်မယ် .ရလာတဲ့ iso ဖိုင်ကို double click နှိပ်လိုက်တာနဲ့ . nero နဲ့ burn မှာလားလို့ မေးလာပါလိမ့်မယ် . burn ကို နှိပ်လိုက်ပါ . DVD room က DVD ထည့်ဖို့အတွက် . ထွက်လာပါလိမ့်မယ် . ဘာမှမရှိတဲ့ DVD တစ်ချပ်ကို ထည့်ပေးလိုက်ပါ . သူ့ဟာသူ burn နေပါလိမ့်မယ် .

    ဖိုင်ဖြေနည်းကို movie နဲ့ ရှင်းပြထားပါတယ် . အောက်မှာ ဖိုင်ဖြေပုံဖြေနည်းကို သေသေချာချာ ရှင်းပြထားပါတယ် Download လုပ်ယူလိုက်ပါ . .avi format နဲ့ လုပ်ပေးထားပါတယ် . ပုံတွေနဲ့ သေချာရှင်းပြ နေတာထက် movie နဲ့ ရှင်းပြတာက ပိုပြီးနားလည်မယ်လို့ထင်ပါတယ် .

ရှင်းပြထားတဲ့ movie file က အောက်မှာပါ .
Download mediafireDownload ifile.it

 ကိုညီနေမင်းဆီမှ ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်..

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Thursday, 6 June 2013

HJSplit ဖြင့် ဖိုင်ဖြေနည်း ..


ကဲ ပထမဦးဆုံး Program ကို အရင် Download လုပ်လိုက်ပါဦး . အရင်က ဒီပို့စ်မှာ တင်ထားပေး ပါတယ် . Download လုပ်ပြီးတာနဲ့ အောက်ကပုံအတိုင်း ကိုဖြေမယ့်ဖိုင်တွေကို တစ်နေရာတည်းမှာ စုထားလိုက်ပါ .. ပုံနှင့် တစ်ပုံချင်းစီ ပြထားပါတယ် . ပုံသေးနေရင် ကလစ် နှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ် .. Hj split ဟာ ဖိုင်ခွဲတဲ့နေရာမှာ အကောင်းဆုံးပါ. win rar တို့ win zip တို့က ဖိုင်ခွဲပြီး ပြန်ပေါင်းတဲ့ အချိန်မှာ error တက်တတ်ပါတယ်. hj split မှာတော့ အားလုံးအဆင်ပြေပါတယ်.


ပုံ(၁)


ပုံ(၂)

ပုံ(၃)

ပုံ(၄)


အဆင်ပြေပါစေ... ကိုညီနေမင်းမှ ရေးသားခဲ့တာ ဖြစ်ပါတယ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »

Wednesday, 5 June 2013

win rar ဖြင့် ဖိုင်ဖြေနည်း



ကျွန်တော် ဒါကို လွယ်လို့မရေးတာပါ . တော်တော်များများက ဖိုင်ဖြေနည်းကို မသိကြဘူး ဖြစ်နေတယ် . အဲ့ဒါကြောင့် ရေးလိုက်တာပါ . လွယ်ပါတယ် . ဖိုင်ဘာ့ကြောင့် အများကြီးခွဲပြီး တင်ရသလဲလို့ မေးချင်တဲ့ သူများအတွက် တစ်ခါတည်း ဖြေပေးပါ့မယ် . ဖိုင်တစ်ဖိုင်ကို 250 MB ရှိကြတယ်စိုပါစို့ဗျာ . အဲ့ဖိုင်ကို မခွဲပဲနဲ့ 250 MB တစ်ဖိုင်တည်း hosting site မှာ upload လုပ်ပြီး တင်လိုက်မယ်ဗျာ . တင်တဲ့သူဖက်က speed ကောင်းရင်တော့ အိုကေမယ် . အဲ့လိုတင်လိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေဖြစ်လာမလဲ
(၁) Download လုပ်တဲ့သူဖက်မှ အချိန်ကြာမြင့်စွာ Download လုပ်ယူရခြင်း
(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ၀ဘ်ဆိုက်တွေက လက်မခံခြင်း (၀ဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ၀ဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ


ဖိုင်ဖြေနည်း
(၁) ပုံ-၁ အတိုင်း ဖိုင်တစ်ဖိုင်ကို Download လုပ်ပြီးလို့ရလာတာနဲ့ ဘာနဲ့ဆုံးလဲ ကြည့်ရပါမယ် . rar နဲ့ ဆုံးလား .001, .002, 003 နဲ့ ဆုံးလားဆိုတာကို သေချာကြည့်ပါ . အခု .rar နဲ့ ဆုံးအတွက်အတွက်ကြောင့် win rar (သို့မဟုတ်) win zip နဲ့ ဖြေပါမယ် . ကျွန်တော်ကတော့ win rar နဲ့ ဖြေပြလိုက်ပါတယ် . Guest user အနေနဲ့ တင်ထားတဲ့ဖိုင်ဆိုရင် တစ်ပတ်ကြာလို့မှ Download လုပ်မယ့်သူမရှိရင် ပယ်ဖျက်ပစ်ပါတယ် . Free registered user အနေနဲ့ဆိုရင်တော့ အောက်မှာ ရေးပြထားပါတယ် . ဖတ်ကြည့်ပါ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဒါ့ကြောင့်မို့ Download လုပ်တဲ့သူလဲ အဆင်ပြေအောင် ၊ server မှာလဲ ရေရှည်ရှိနေအောင်လို့ ဖိုင်ဆိုက်ကို 50 လောက်အထိပဲ အများဆုံးထားပြီး တင်ပေးတာပါ .

How long are my files kept?
* Guest users, 7 days after last download
* Free registered users:
.... 90 days after last download for files below 100MB
.... 30 days after last download for files above 100MB
.... 14 days after last download for files above 200MB

(၂) ပုံ-၂ ပါအတိုင်း ကိုဖြေမယ့် ဖိုင်နံပါတ်(၁) (သို့) ဖိုင်တစ်ဖိုင်ဖိုင်ကို rightclick ထောက်ပြီး extract here ကို နှိပ်ပါမယ် .

(၃) ပုံ-၃ ပါအတိုင်း ဖိုင်တွေဖြေနေတာကို တွေ့ရမှာပါ ..

(၄) အားလုံးပြီးဆုံးသွားရင်တော့ ပုံ-၄ အတိုင်း ဖိုင်ဖြေထားပြီးသား အသစ်တစ်ဖိုင် ထပ်ပေါ်လာတာကို တွေ့ရမှာပါ . ကျွန်တော်တို့လိုချင်တာ အဲ့ဒီ့အသစ်ထပ်ပြီး ပေါ်လာတဲ့ ဖိုင်ကိုပါ . သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .



အထက်က ပုံကိုသိပ်နားမလည်ရင် movie နဲ့ပါ ဖိုင်ဖြေပြထားပါတယ် . အောက်မှာ movie ရှင်းပြချက် ဖိုင်ကို Download လုပ်လိုက်ပါ . တစ်ခုပြောပြပါဦးမယ် . ကျွန်တော် အခုလို အပင်ပန်းခံပြီး ရှင်းပြနေတာ . သင်ပြနေတာ ကျွန်တော် တော်လို့ တတ်လို့ မဟုတ်ပါဘူး . ကျွန်တော့်တုန်းက အပင်ပန်းခံခဲ့ရသလို အပင်ပန်းမခံ စေချင်လို့ပါ . ကျွန်တော့်ဆိုရင် ကွန်ပျူတာ စပြီး စာရိုက်သင်ခါစက "ဒ" ကို pagemaker မှာ ရိုက်မရလို့ ကျွန်တော့်ဆရာမှာမေးတာ သူကချက်ခြင်းမဖြေပဲ လဖက်ရည်ဆိုင် သွားလိုက် အအေးဆိုင်သွားလိုက်နဲ့ လုပ်နေတာပါ . သူသွားတဲ့နောက်ကို လိုက်နေရတာပါ . ဒါကျွန်တော် ဟာသပြောတာ မဟုတ်ပါဘူး . တစ်ချို့တွေဆိုရင် . ကျွန်တော် တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ ပြောပြပေးတာကို . ဆဲသွားတဲ့လူတွေက ရှိပါသေးတယ် . ကျွန်တော်တို့ မြန်မာတွေမှာ မကောင်းတဲ့ တစ်ချက်က အဲ့ဒါပဲဗျ . အလကားရတဲ့ အရာကို တန်ဖိုးမထားတတ်ကြဘူး . . ပိုက်ဆံပေးပြီး သင်ရမှ ကောင်းတယ်ထင်ကြတာ .


ကိုညီနေမင်းဆီမှ  ကူးယူမျှဝေခြင်းပါ...
 
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Read more »