Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

Tuesday, 10 September 2013

ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဖုန်းအလိုက် သတ်မှတ်ဖုန်းနံပါတ်များသို့ မေးမြန်းနိုင်



ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။


ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/ WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်း နံပါတ် ၀၁- ၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉- ၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁- ၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရသိရသည်။


ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေးဌာနများအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ “ခါတိုင်းကတော့ Call Center ကနေပဲ တစ်ဆင့် ကတ်ပျောက်ကတ်ပျက်နဲ့ပတ်သက်တာတွေကို မေးမြန်းဖြစ်ပါတယ်။ သက်ဆိုင်ရာဖုန်းနံပါတ်တွေ တစ်ခုချင်းစီမှာ ဆက်သွယ်နိုင်ပြီဆိုရင်တော့ ကိုယ်သိချင်တာတွေကို သေသေချာချာမေးလို့ရတာပေါ့။ ဖုန်းတွေက အမြဲမအားဘူးဖြစ်နေတာမျိုးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်" ဟု ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သည့် မမေမြတ်သူက ပြောသည်။


ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။ “၁၅ မိနစ်လောက်ပဲ ကြာပါတယ်။ ကတ်ပျက်တာ ချက်ချင်းပြန်လဲပေးတယ်။ ကတ်ပျက်လဲပေးတဲ့ ဌာနသီးသန့်ရှိပြီး အဲ့ဒီနေရာမှာ သွားရောက်လဲလှယ်ရတာဖြစ်ပါတယ်” ဟု ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးတွင် ကတ်ပျောက်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ သွားရောက်လျှောက်ထားရာတွင် စာချုပ်မိတ္တူသာ လိုအပ်ကြောင်း ၎င်းကပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်အတွက် ငါးထောင်ကျပ်ဝန်းကျင်ဖြင့် ပွဲစားဈေးကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးအနီးရှိ ပွဲစားအချို့ထံမှ သိရှိရသည်။


ထွန်းထွန်း(INTERNET JOURNALS)



အိုင်တီခေတ်





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ



လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ



စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Read more »

အခကြေးငွေဖြင့်အသုံးပြုရသော Frozen Keyboard Pro အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီ


အခကြေးငွေဖြင့်အသုံးပြုရသော Frozen Keyboard Pro အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီ


ယခင်က အခမဲ့အသုံးပြုရပြီး စက်တင်ဘာလမှစတင်ကာ အခကြေးငွေဖြင့်

 အသုံးပြုရမည်ဖြစ်သော Frozen Keyboard Pro (မြန်မာဘာသာအသုံးပြုနိုင်သောKeyboard)

 ကို စက်တင်ဘာ ၈ ရက်အထိ အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု

 အဆိုပါ Keyboard Pro ကို ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ Frozen keyboard ကို သြဂုတ် ၃၁ ရက်အထိသာ အခမဲ့အသုံးပြုနိုင်ပြီး

 စက်တင်ဘာမှစတင်ကာ ကျပ် ၁၀၀၀ ဖြင့် ရောင်းချခဲ့ရာ တစ်ပတ်ကျော်အတွင်း

 အခကြေးငွေဖြင့် ၀ယ်ယူအသုံးပြုသူ ၂၀၀၀ ကျော်ရှိခြင်းဖြစ်သည်။

အဆိုပါ Frozen keyboard မှာ မြန်မာစာသုံးနိုင်ရန် 

smart ဖုန်းသုံးသူအများစု အသုံးပြုခဲ့သည့် keyboard ဖြစ်ပြီး

ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က “Frozen Keyboard Pro ကို အသုံးပြုချင်သူတွေ 

Google Play စတိုးမှာ ၀ယ်ယူနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ 

ဒီနှစ် အမီတော့ Frozen Keyboard ကို Play စတိုးမှာ ၀ယ်ယူလို့ ရရှိနိုင်အောင် ပြုလုပ်သွားမှာပါ။ 

ဗားရှင်းအသစ်ကိုတော့ ရေးဆွဲမှာပါ။ အချိန် အတိအကျကိုတော့ ပြောလို့မရသေး ပါဘူး”ဟု ပြောသည်။

၁၀၀၀ ကျပ်ဖြင့်ရောင်းချသော Frozen Keyboard Pro တွင် မြန်မာစာနှင့် ရှမ်းစာအသုံးပြုနိုင်မည်ဖြစ်ပြီး 

အသုံးပြုနိုင်သည့် အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိပေ။


အဆိုပါ Frozen Keyboard Pro ကို ရန်ကုန်မြို့တွင်

Win Mobile, World Telefono Mobile House, Phone Corner၊

မန္တလေးမြို့တွင် Alpha, Power Mobile Centre, ရွှေနဂါး Mobile၊

 နေပြည်တော်တွင် Mobile Mania နှင့် အခြားမြို့များရှိဖုန်းဆိုင်များတွင်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ 


အိုင်တီခေတ်

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ



လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ



စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Read more »

Tuesday, 27 August 2013

MPT Service v1.0.2 (မြန့်မာဆက်သွယ်ရေးဝန်ဆောင်မူ့)




MPT Service v1.0.2 (မြန့်မာဆက်သွယ်ရေးဝန်ဆောင်မူ့)

MPT Service v1.0.2 လေးကတော့ အရင် v1.0.1 မှာ နယ်တွေမှာ ဖြစ်တက်တဲ့ပြသနာလေးတွေကိုဖြေရှင်းပေးထားပါတယ်။

၇၃ တွေငွေဖြည့်ရင်တက်တဲ့ Error များကိုလဲဖြေရှင်းပေးထားပါတယ်။

ဒီApp လေးရဲ့ Featured တွေကတော့



- GSM,CDMA လက်ကျန်ငွေစစ်နိုင်ခြင်း

- GSM,CDMA ငွေဖြည့်နိုင်ခြင်း

- GSM Internet လျှောက်ထားနိုင်ခြင်း

- GSM အချင်းချင်း ငွေဖြည့်ပေးနိုင်ခြင်း

- GSM Internet Setting ချိန်နည်းထည့်သွင်းပေးထားခြင်း

- Voice Mail အကြောင်းရှင်းပြထားခြင်းများအပြင်

မြန်မာလိုအညွန်းပိုင်းများစွာထည့်သွင်းပေးထားပါတယ်။



သတိပေးချင်တာကတော့ Internet လျှောက်ပြီးသားဖုန်းတွေ ထပ်ပြီးတော့

Internet လျှောက်ရန်ကိုမနှိပ်မိပါစေနဲ့။

မှားနှိပ်လို့ ၁သောင်းထပ်ဖြတ်ခံရလျှင် တာဝန်ယူမှာမဟုတ်ပါဘူး

သတိပေးချက်ပေါင်းများစွာလဲထည့်သွင်းပေးထားလို့

အဆင်ပြေပြေအသုံးပြုနိုင်မယ်ထင်ပါတယ်။

ဒီမှာဒေါင်းပါ။

ဖြိုးချမ်း

http://d-h.st/3Pt

http://www.myanmarmobilesoftwaredeveloper.com/?p=8491



အိုင်တီခေတ်

 

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com

Read more »

Sunday, 25 August 2013

Computeractive UK - Issue magazine အားေးဒါင်းလုပ်ယူနိုင်ပါပြီ


ကဲအင်္ဂလိပ်စာလေ့ လာသူများရော ကွန်ပျူတာလေ့ လာနေကျတဲ့ ကျွန်တော့် သူငယ်ချင်းများအတွက် (uk) ကထုတ်တဲ့ computer magazine လေးပါ ဝါသနာပါရင် ဖတ်လို့ ရအောင်မလာတာပါ။ ဝယ်ဖတ်စရာမလိုတော့ ဘူးပေါ့ ဗျာ။စာမျက်နှာ ၇၆ မျက်နှာတိတိပါပါတယ်ခင်ဗျာ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။

Download Here:















ကျွန်တော့် ဘလေ့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ဗျာ။












ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com

Read more »

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း


မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း
===============
သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
===============
ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။
ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာ ရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်းကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄၀၀၀ဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့ Gas မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operator အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

Yangon Media Group

အိုင်တီခေတ်



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com

Read more »

Sunday, 4 August 2013

၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်


၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်

အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။

www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ 
ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား 
အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပါ ဝန်ဆောင်မှု ရရှိဦးမည် မဟုတ်ကြောင်း၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ ငွေပေးချေရန်အတွက် Myan Pay Online Payment Gateway အသုံးပြုထားကြောင်း Myan Pay ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင် တစ်ခါတစ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ မိမိအသုံးပြုသောဖုန်းသည် ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်းမှ ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Top Up Card အချက်အလက်ကို ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း www.topup.com.mm တွင် ဖော်ပြထားသည်။

Credit to--Internet Journal

Admin Z Lite

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည် www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်

Read more »