Showing posts with label တိုင်းရင်းသားသတင်းများ. Show all posts
Showing posts with label တိုင်းရင်းသားသတင်းများ. Show all posts

Thursday, 5 September 2013

ရှမ်းပြည် SSA


လူသတ်မှုမကျူးလွန်ရန်၊ ဆက်ကြေးမကောက်ခံရန်၊ လူသစ်မစုဆောင်းရန်၊ တပ်အင်အားမတိုးချဲ့ရန်၊ နယ်မြေများတွင် စခန်းမချရန်၊ အုပ်ချုပ်ရေးကိစ္စများအား ၀င်ရောက်မစွက်ဖက်ရန်နှင့် ပြည်သူ့စစ်များအား မတိုက်ခိုက်ရန် ကို မကျေနပ်ကြောင်း SSA(တောင်ပိုင်း)မှ 
ဗိုလ်မှူးစိုင်းလိတ်မှ ပြောကြားပါသည်။

ဆပ်ကြေး ကောက်ခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များ အတွက် ရံပုံငွေ ဖြစ်ပါသည်။ ရပ်တည်ရေးသည် ရံပုံငွေ အပေါ် မူတည်နေပြီး တရားမျှတစွာ ကောက်ခံ ခဲ့သည်ဟု ၄င်းက ဆိုပါသည်။

အဆိုပါ စကားအား ပြည်ထောင်စုလွှတ်တော် နယက ဦးရွှေမန်း၏ ရှမ်းပြည် ခရီးစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ယခုမူ (၆)ချက်မှာ အသစ်ချမှတ်ခြင်းမဟုတ်ပဲ အရင်ဆွေးနွေးမှုများတွင် ပါရှိခဲ့ပြီးဖြစ် ကာ ပြဿနာဖြစ်ပွားစေနိုင်သည့် အချက်များဖြစ်သည့် အတွက် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် သဘောတူညီချက်များ
မရရှိသေးသည့်အချက်များသာ ဖြစ်ကြောင်းပြောသည်။

အဆိုပါ အချက်များ ကိုလည်း ကာကွယ်ရေး ဝန်ကြီး ဌာန အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ဆွေနွေး ပြောကြားခဲ့ပါတယ်။

ထို့အပြင်စက်တင်ဘာလ ၂ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ကြီးမြို့ တွင်
 ပြည်သူ့လွတ်တော်ဥက္ကဌဦးသူရရွှေမန်းအပါအ၀င်အခြားအစိုးရ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့သည်။

ယခုတစ်လော မူးယစ်ဆေးဝါးများအား စီမံချက်ကဲ့သို့ ဖမ်းဆီးနေသည့် အတွက် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ အနေနှင့် ဝင်ငွေများစွာ လျော့ကျလျက်ရှိကြောင်း၊ တရားမဝင်ကားများ သွင်းခြင်း၊ မှောင်ခိုပစ္စည်းများ သယ်ဆောင်ခြင်း၊ သစ်ခိုးထုတ်ခြင်းတို့မှာ ၄င်းတို့၏ အဓိက ဝင်ငွေဖြစ်ကြောင်း သိရှိရပါသည်။

ကိုနိုင်ဇော်
Myanmar News Network

Read more »