Showing posts with label ဆက်သွယ်ရန်. Show all posts
Showing posts with label ဆက်သွယ်ရန်. Show all posts

Wednesday, 12 December 2012

ဆက်သွယ်ရန်ဆိုတာလေး ထားမယ်နော်

foxyform.com
ဘလော့မိတ်ဆွေများအတွက်  contact me ဆိုတဲ့ နည်းပညာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ..
သည်နည်းပညာလေးကတော့ ဘလော့တိုင်းတော့ မထားတတ်ကြပါဘူး  တွေ့ရတာအလွန်နည်းလှပါတယ်
အမှန်တော့ ဒါလေးကလဲ ထားသင့်ပါတယ်  ဘာတွေ အကျိုးရှိမလဲဆိုတော့ မိမိတို့ ဘလော့မှာပေါ့
ဥပမာ..ကဗျာ လေးတွေ မျှဝေခြင်တယ်ဆိုပါတော့..သည်နေရာကနေ ပို့ပေးနိုင်ပါတယ်...
တခြား နည်းပညာတွေကိုလည်း သည်ကနေ ပေးပို့ရင်း ဘလော့ပေါ်ကို တင်ပေးနိုင်ပါတယ်...
ဒါကြောင့် သည်နည်းပညာလေးကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်..
တွေ့တာတော့ ကြာပါပြီ အမှတ်တမဲ့ ဆိုသလို မရေးဖြစ်ခဲ့ဘူး.. ခုတော့ ရေးလိုက်ပါပြီ....

ကဲစမယ်....ဗျာ... ပထမဆုံးအနေနဲ့ လုပ်ဖို့ ရာ     သည်နေရာ    ကနေသွားလိုက်ပါ။
အော်ကမှာ လုပ်ရမဲ့ အဆင့်အတိုင်း ပုံလေးစတွေ နဲ့ ရှင်းပြလိုက်ပါတယ်..
အဆင့် (၁)   ...အောက်ကပုံအတိုင်းစာမျက်နှာတစ်ခု ကျလာပါပြီ..

  သည်နေရာမှာ..အပေါ်ဆုံးက အမှန်ခြစ်တဲ့နေရာလေးပြောပါရစေ  ကျွန်တော်ကတော့ နောက်ဆုံး
တစ်ခုဖြစ်တဲ့ required field:  တစ်ခုဘဲချန်ပြီး ကျန်တာ အကုန် ခြစ်ပေးလိုက်ပါတယ်...
မိမိတို့ လိုတဲ့ စာကို ခြစ်ပေးပေါ့ဗျာ...
   နောက် ကာလာရွေးချယ်တဲ့နေရာမှာ  Bckground Colour နဲ့.. Font Colour ဆိုပြီးရွေးချယ်ပေး
နိုင်ပါတယ်... ရွေးတဲ့နေရာမှာ ကျွန်တော် အနီကွက်ပြထားတဲ့ colour ဆိုတာလေးကိုကလစ်လိုက်ပါ အဲခါမှာ သက်ဆိုင်ရာ ကာလာကုဒ်တွေ ကျလာမယ်..အဲထဲကဘဲ ရွေးးရမှာပါ တခြားနေရာက ကာလာကုဒ်
တွေ ထည့်လို့ မရနိုင်ဖြစ်တတ်ပါတယ်..
    နောက် Font Colour ဆိုတာကလဲ သူနောက်က COLOUR ကိုဘဲကလစ်ပြီး ကြိုက်တဲ့ ကာလာကုဒ်ယူထည့်ပါ....ကာလာကုဒ်ပုံစံလေးပြပါ့မယ်..
သည်လိုလေးကျလာတဲ့ ကုဒ်ကိုရွေးပေးရမှာပါ...
နောက်.. သင့်ရဲ့ အီးမေးလိပ်စာ အပြည့်စုံထည့်ပေးပါ..ဥပမာ.. aungaungblogger@gmail.com ပေါ့.
နောက် ပြီးတာနဲ့ Create Formular ဆိုတာကလစ်လိုက်ပါ.... အောက်မှာ ကြည့်ပါ...

မိမိတို့ အတွက် ကုဒ်ရပါပြီ  ဒါဆို အဲကုဒ်တွေကို ကော်ပီယူလိုက်ပါ... ပြီးဆုံးပါပြီ..

    ထည့်နည်းးကတော့.... ပို့စ်မှာ တင်ပြီး မိမိတို့ ခေါင်းစဉ်မှာ contact (သို့) ဆက်သွယ်ရန် ဆိုပြီး
တင်ထားတဲ့ အဲပို့စ်နဲ့ လင့်ချိတ်ထားလဲ ရပါတယ်...
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  ကော်ပီယူထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

                  သည်နည်းနဲ့လဲ ရပါတယ်.. ကုဒ်တွေမှာ မိမိလိုသလို အကျယ် အမြင့် ချိန်နိုင်ဖို့ နံပါတ်တွေ
ပါနေပါတယ်.. စမ်းကြည့်လိုက်ပါနော်..
အဆင်ပြေကြပါစေ...

အောင်အောင် (မကစ)

Read more »